[Zawgyi]



Razer Blade 15




Thicker?


With Ethernet Port




2B (Akhayar)
www.akhayar.com

[Unicode]

Dual Storage Blade 15 အပြင် Mercury White Edition ကိုပါ Razer ကြေညာ

Gaming Laptop ထုတ်တဲ့နေရာမှာ “Apple on Windows” လို့တောင် အတင်စားခံထားရတဲ့ Razer ၊ PC လောကမှာလည်း “Best Work & Play” Achievement ကို Razer Blade 15 Gaming Laptop နဲ့ ရရှိထားတယ်။ Mobile ဘက်မှာလည်း Razer Phone 2 ဆိုပြီး မိတ်ဆက်ထားပြီ။ ဒါကိုမှ အားမရသေးတဲ့ Razer ၊ အောင်မြင်နေတဲ့ Blade 15 ကိုမှ Edition ၂ မျိုး ထုတ်ထားသေးတယ်လို့ ကြေညာလိုက်ပြီမလို့ Razer Fans တွေ ကြွေသွားရပြီထင်ပါတယ်။

Razer Blade 15

အခုချိန်  MSI GS65 ၊ Asus GM501 စတဲ့ Gaming Laptop တွေမှာ Primary SSD အပြင် Secondary Storage အနေနဲ့ HDD ထည့်ပေးတယ်၊ တန်ဖိုးအားဖြင့်လည်း Blade 15 နဲ့ မကွာဘူး။ ဒီအတွက် Alternate Version ဆိုပြီး Dual Storage Edition ကို သပ်သပ် Razer မိတ်ဆက်လိုက်ပုံရပါတယ်။ ဒါဆိုရင် Blade 15 Family မှာ Edition ၂ မျိုး ရှိသွားမှာဖြစ်ပြီး Alternate Version နဲ့ Orignal Version ဘယ်မှာ စကွာသွားသလဲဆိုရင် Starting Price က 1,599 နဲ့ 1,899 ဖြစ်သွားတယ်။

Only Green Backlight (Alternate Version)

Blade 15 အသစ်ကို ဘာနာမည်မှ ပေးမထားတာမလို့ Dual Storage Edition ဟာ Entry-level  Razer Gaming Laptop ဖြစ်လာခဲ့ပါပြီ။ ထပ်ပြီး ဘာကွာသွားသေးလဲဆိုရင် Original Blade မှာလို Vapour Chamber ပါမလာတော့ဘူး၊ ရိုးရိုး Metal Pipe Cooling ဖြစ်သွားတယ်၊ အဲ့အတွက်ကြောင့်လည်း Body ပိုထူလာတယ်။ အဲ့သလို Cooling System ပြောင်းသွားတဲ့အတွက် GTX 1070 မရတော့ဘူး၊ 144Hz Panel လည်း Discard လုပ်တဲ့ထဲ ပါသွားခဲ့ပြီ။

Thicker?

ဒါကြောင့် Affordable Gaming Laptop လို့ ပြောတာထက် GPU ပါဝါအရမ်းမလိုဘူး၊ Dual Storage Option နဲ့ Entertainment သမားဖြစ်နေခဲ့ရင် $1,599 တန် Blade 15 က အကောင်းဆုံး ရွေးချယ်မှုပါ။ အရင် Blade Family မှာလို Chroma Backlight သုံးပေးထားတယ်။ Core i7-8750H Processor ၊ 16GB RAM ၊ GTX 1060 Max-Q Graphics တွေသုံးထားပေးတာဆိုတော့ Orginal Blade 15 လောက် မစွာပေမယ့် ဂိမ်းတော်တော်များများကို Medium to High Setting အထိ ကစားနိုင်ဦးမှာပါ။

With Ethernet Port

ဒီလို Orignal Blade လို High-end Specs တွေပါမလာ၊ FHD 60Hz Display သုံးထားတဲ့ Blade 15 ဟာ ဈေးကွက်အနေထားအလိုက် ဝယ်လိုအားများအောင် လျှော့်သင့်တာလျှော့်၊ တိုးသင့်တာတိုး Razer လုပ်လိုက်တယ်ထင်ပါတယ်။ Ethernet Port တောင်ပါလာပါသေး၊ အခုချိန်က Cable ကြိုးတပ်ပြီး အင်တာနက်သုံးရတဲ့ခေတ်ကုန်နေပြီဆိုပေမယ့် ဘာကြောင့်ထည့်ပေးတာလဲဆိုတာ သိသာပါတယ်။

Razer transforms Blade 15 into Fancy White Edition

အခုလို Alternate Version ရဲ့ Minor Upgrade အပြင် Original Blade ကိုမှ “Mercury White” အရောင်နဲ့ Exclusive ဝယ်ယူနိုင်မယ့် Razer ကြေညာချက်ပါ။ အဖြူစွတ်စွတ်မဟုတ်ပေမယ့် ခဲရောင်ဖက်သန်းသလို ရှိနေပြီး ရုတ်တရက်ကြည့်လိုက်ရင် MacBook Pro နဲ့တောင် သွားဆင်နေပါတယ်။ ဘာ Specifciation တစ်ခုမှ ပြောင်းမထားသလို GPU ကို GTX 1060 နဲ့ 1070 Max-Q ဆိုပြီး ရွေးချယ်နိုင်မယ်၊ အဖြူရောင် Keyboard ဖြစ်သွားမယ်၊ နောက်က Razer Logo မီးမလင်းတော့ဘူး။ ဒါလေးတွေပဲ ပြောင်းလဲမှုရှိနေတဲ့ Dual Storage Edition နဲ့ Mecury White Edition တို့ကို လာမယ့် Quarter 4 ကျရင် ရောင်းချပေးသွားမယ်လို့ Razer ကြေညာထားပါတယ်၊ Mercy White Edition ရဲ့ ရောင်းဈေးကိုတော့ မသိရသေးပါဘူး။

2B (Akhayar)
www.akhayar.com