Android Version 8.1 Oreo ကို တန်းပြီး Update လုပ်ပေးမယ့် Razer Phone

Gaming နဲ့ သက်ဆိုင်တဲ့ Accessories တွေဖြစ်တဲ့ Gaming Mouse ၊ Gaming Keyboard နဲ့ Gaming Laptop တွေကို ထုတ်လုပ်နေတဲ့ Razer ကုမ္ပဏီကနေ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက Razer Gaming Smartphone တစ်ခုကို ထုတ်လုပ်ခဲ့ပြီး စမတ်ဖုန်းဈေးကွက်ထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။





Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Gaming နဲ့ သက်ဆိုင်တဲ့ Accessories တွေဖြစ်တဲ့ Gaming Mouse ၊ Gaming Keyboard နဲ့ Gaming Laptop တွေကို ထုုတ်လုပ်နေတဲ့ Razer ကုမ္ပဏီကနေ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက Razer Gaming Smartphone တစ်ခုကို ထုတ်လုပ်ခဲ့ပြီး စမတ်ဖုန်းဈေးကွက်ထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

Razer စမတ်ဖုန်းဟာ Specifications တွေအရတော့ အကောင်းဆုံးသောစမတ်ဖုန်းတစ်ခုဖြစ်နေပေမယ့် Software ပိုင်းအရတော့ ဒီကြားထဲမှာ Update တွေလိုက်လုပ်နေရတုန်းပဲဖြစ်ပါတယ်။ အဲ့ဒါထက်ဆိုးတဲ့အချက်ကတော့ Android Version Update ကို ဖုန်းထွက်ရှိတုန်းက Android 7.1.1 Nougat ကနေ အခုအချိန်ထိ Android Oreo ကို Update မပြုလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ Razer စမတ်ဖုန်းက Android Version 8.0 Oreo ကို Update လုပ်မှာမဟုတ်တော့ပဲ နောက်ဆုံးထွက် Android Version ဖြစ်တဲ့ Version 8.1 Oreo ကို တစ်ခါတည်း Update လုပ်ပေးသွားမယ်လို့ တရားဝင်ကြေငြာခဲ့ပါတယ်။

Razer က လက်ရှိအချိန်မှာတော့ Android Version 8.1 Developer Preview ကိုပဲ ထုတ်ပေးထားခြင်းဖြစ်ပြီးတော့ Stable Version OTA Update ကိုတော့ အနည်းငယ်စောင့်ရဦးမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Razer ဖုန်းက Software Update လုပ်ပေးဖို့ကိုတော့ မေ့တဲ့ပုံမပေါ်ပါဘူး။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com