Gaming Products ေတြ Gaming Laptop ေတြကို ထုတ္လုပ္ေနတဲ့ Razer ဟာ ဂိမ္မာေတြနဲ႔ လူငယ္ေတြအတြက္ေတာ့ စိမ္းမယ့္ ကုမၸဏီတစ္ခုမဟုတ္ပါဘူး။ Razer ဟာ ျပီးခဲ့တဲ့ႏွစ္ကုန္ပိုင္းေလာက္တုန္းက Razer Phone ကို ထုတ္ေပးခဲ့ျပီး Gaming Phone ဆုိတဲ့ ေနရာတစ္ခုကို စတင္ဖြင့္လွစ္ခဲ့ပါတယ္။

Razer Phone

အဆိုပါ Razer Phone ဟာ လက္ရွိစမတ္ဖုန္းေတြထဲမွာ Gaming Phone ဆုိျပီး ျဖစ္လာေစတဲ့အထိ လွံဴ႕ေဆာ္ေပးႏုိင္ခဲ့တဲ့ စမတ္ဖုန္းတစ္ခုျဖစ္ျပီး Razer ဟာ အဆိုပါ Razer Phone မွာ လက္ရွိ စမတ္ဖုန္းေတြမွာ ပါဝင္ျခင္းမရွိေသးတဲ့ 120Hz Display ကို တပ္ဆင္ေပးခဲ့တာျဖစ္ပါတယ္။

အခုလုိမ်ိဳး Razer Phone ထြက္ရွိျပီးေနာက္မွာ Xiaomi ကေန Black Shark Gaming Phone ၊ ZTE ကလည္း Nubia Red Magic ၊ Asus ROG Phone နဲ႔ Honor Play ဆုိျပီး Gaming အတြက္ အဓိက ရည္ရြယ္တဲ့ Gaming Phone ေတြကို ဆက္တိုက္ထုတ္လုပ္ခဲ့တာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Razer ဟာ Gaming Phone ေလာကကို ဦးေဆာင္သူတစ္ေယာက္ျဖစ္ေနတယ္ဆုိရင္လည္း မမွားပါဘူး။

Razer Phone

အခုေနာက္ပိုင္း Gaming စမတ္ဖုန္းေတြမ်ားျပားလာတာနဲ႔အတူ Razer က ေနာက္ထပ္ မ်ိဳးဆက္သစ္ စမတ္ဖုန္းေတြကို ထုတ္လုပ္ေတာ့မလားဆိုတာက ေမးခြန္းတစ္ခုျဖစ္လာပါတယ္။ အခုအခ်ိန္မွာေတာ့ Razer ရဲ႕ Global VP ျဖစ္တဲ့ Chen Xiaoping ကေန ယခုႏွစ္ကုန္မွာ RazerPhone အသစ္ကို ထုတ္လာေတာ့မယ္ဆုိတာကို အတည္ျပဳေပးခဲ့ပါတယ္။

အခုလုိမ်ိဳး ေျပာလုိက္တဲ့အတြက္ Razer Phone အသစ္ကို ျမင္ရေတာ့မယ္ဆိုတာ ေသခ်ာသြားျပီျဖစ္ျပီးေတာ့ Mr. Chen ရဲ႕ ေျပာၾကားခ်က္အရ ေနာက္ဆံုးထြက္ Snapdragon Processor ကို သံုးထားမွာျဖစ္တယ္လုိ႔ သိရတဲ့အတြက္ ဒီႏွစ္ကုန္မွာထြက္လာမယ့္ Snapdragon 855 Processor သံုးလာမလားဆိုတာကို ေစာင့္ၾကည့္ရမွာပါ။

Ref : Phone Arena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Gaming Products တွေ Gaming Laptop တွေကို ထုတ်လုပ်နေတဲ့ Razer ဟာ ဂိမ်မာတွေနဲ့ လူငယ်တွေအတွက်တော့ စိမ်းမယ့် ကုမ္ပဏီတစ်ခုမဟုတ်ပါဘူး။ Razer ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်တုန်းက Razer Phone ကို ထုတ်ပေးခဲ့ပြီး Gaming Phone ဆိုတဲ့ နေရာတစ်ခုကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။

Razer Phone

အဆိုပါ Razer Phone ဟာ လက်ရှိစမတ်ဖုန်းတွေထဲမှာ Gaming Phone ဆိုပြီး ဖြစ်လာစေတဲ့အထိ လှူံ့ဆော်ပေးနိုင်ခဲ့တဲ့ စမတ်ဖုန်းတစ်ခုဖြစ်ပြီး Razer ဟာ အဆိုပါ Razer Phone မှာ လက်ရှိ စမတ်ဖုန်းတွေမှာ ပါဝင်ခြင်းမရှိသေးတဲ့ 120Hz Display ကို တပ်ဆင်ပေးခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး Razer Phone ထွက်ရှိပြီးနောက်မှာ Xiaomi ကနေ Black Shark Gaming Phone ၊ ZTE ကလည်း Nubia Red Magic ၊ Asus ROG Phone နဲ့ Honor Play ဆိုပြီး Gaming အတွက် အဓိက ရည်ရွယ်တဲ့ Gaming Phone တွေကို ဆက်တိုက်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Razer ဟာ Gaming Phone လောကကို ဦးဆောင်သူတစ်ယောက်ဖြစ်နေတယ်ဆိုရင်လည်း မမှားပါဘူး။

Razer Phone

အခုနောက်ပိုင်း Gaming စမတ်ဖုန်းတွေများပြားလာတာနဲ့အတူ Razer က နောက်ထပ် မျိုးဆက်သစ် စမတ်ဖုန်းတွေကို ထုတ်လုပ်တော့မလားဆိုတာက မေးခွန်းတစ်ခုဖြစ်လာပါတယ်။ အခုအချိန်မှာတော့ Razer ရဲ့ Global VP ဖြစ်တဲ့ Chen Xiaoping ကနေ ယခုနှစ်ကုန်မှာ RazerPhone အသစ်ကို ထုတ်လာတော့မယ်ဆိုတာကို အတည်ပြုပေးခဲ့ပါတယ်။

အခုလိုမျိုး ပြောလိုက်တဲ့အတွက် Razer Phone အသစ်ကို မြင်ရတော့မယ်ဆိုတာ သေချာသွားပြီဖြစ်ပြီးတော့ Mr. Chen ရဲ့ ပြောကြားချက်အရ နောက်ဆုံးထွက် Snapdragon Processor ကို သုံးထားမှာဖြစ်တယ်လို့ သိရတဲ့အတွက် ဒီနှစ်ကုန်မှာထွက်လာမယ့် Snapdragon 855 Processor သုံးလာမလားဆိုတာကို စောင့်ကြည့်ရမှာပါ။

Ref : Phone Arena

Zawyè (Akhayar) 

www.akhayar.com