[Zawgyi]

Chroma Lighting ပါလာျပီး Sony Camera အသစ္နဲ႔ပြဲထြက္လာတဲ့ Razer Phone 2

ဒီကေန႔ ျပဳလုပ္သြားတဲ့ Razer Event ေလးမွာ Gaming Smartphone အသစ္ျပင္ Dual Storage Blade 15 နဲ႔ Mercury Edition ဆိုျပီး မိတ္ဆက္သြားခဲ့ပါတယ္။ ဒီလို Gaming Foucs ကုမၸဏီကေန အစဥ္လာမပ်က္ Gaming Product ေတြ မိတ္ဆက္ေပးေနတာဆိုေတာ့ Razer Phone 2 မွာ ဘာေတြမ်ား ထူးျခားလာခဲ့ျပီလဲ?

Along with Razer Blade 15

Design

စမတ္ဖုန္း ဒီဇိုင္းနဲ႔ ပတ္သက္လို႔ ေျပာရရင္ အရင္နွစ္ Razer Phone နဲ႔ ဘာမွ ကြာသြားတာမရွိပါဘူး၊ ဘဝင္မက်စရာျဖစ္ႏိုင္တာက Aluminum Body အစား Wireless Charging အတြက္ Glass Frame ေျပာင္းသုံးလိုက္တာပဲ၊ ဒီအတြက္ ဘာမွမေပးဆပ္လိုက္ရဘူးဆိုမယ့္ Gaming စမတ္ဖုန္းလို႔ အမည္ခံထားတဲ့ Razer ဘာေတြမ်ား ထပ္ကြန္႔ထားေသးလဲ?

Aluminum Body has been gone

Razer Phone 2 မွာ IP67 Standard ရွိလာတယ္။ ဒါက သာမန္ဖုန္းတလုံးအတြက္ သိသာတဲ့အခ်က္မဟုတ္ေပမယ့္ Gaming ဖုန္းတလုံးကို အပူထြက္လို႔ Cooling Solution အျပင္ ထူထည္တဲ့ ကိုယ္ထည္ေတြနဲ႔ ထုတ္ေနရတာကိုမွ ေရစိုခံတဲ့ ကိုယ္ထည္နဲ႔ Razer ထုတ္လာႏိုင္တယ္။

Performance

ဒါနဲ႔ ဆက္စပ္ျပီး ေျပာရဦးမယ္ဆိုရင္ Razer Phone 2 မွာ Snapdragon 845 Processor ကို Adreno 630 GPU နဲ႔ အားျဖည့္ထားတယ္။ ဒီ Specs အေနထားတိုင္းဆိုရင္ PUBG နဲ႔ Mobile Legends ဂိမ္းေတြကို Native 2560 x 1440p Resolution မွာ အထစ္ေငါ့မရွိ ကစားနိုင္မယ္ ခန္႔မွန္းရတာပဲ၊ 8GB RAM လည္း ပါတယ္ဆိုေတာ့။ ေျပာခ်င္တာက High-end Specs ေတြခ်ည္း Razer သုံးထားတယ္။

Razer Phone 2

ဖုန္းကိုလွမ္းရႈိးလိုက္ျပန္ေတာ့ Body က ပါးပါးလပ္လပ္နဲ႔၊ ROG ဖုန္းမွာ သီးသန္႔ Cooling Solution သုံးျပီး Body ေတာင့္ေတာင့္ Gaming ဖုန္းထုတ္ေနရခ်ိန္ Razer ကေတာ့ Slim ဒီဇိုင္းနဲ႔ပဲ ရွိေနေသးတယ္။ အဲ့ဒီလို ေနနိုင္တယ္၊ အပူထြက္လည္း မမႈဘူးဆိုတဲ့ လွ်ိဳ႕ဝွက္ခ်က္က Razer Blade 15 ဆီက ဆင္းသက္လာတယ္၊ အဲ့ဒီရဲ႕ အေငြ႕အသက္က Vapour Chamber Cooling ပါတဲ့။ Razer ဒီလို Idea ရသြားတာ မဆိုးဘူးေျပာရမယ္။ Blade 15 မွာလည္း ေသးေသးက်စ္က်စ္ကိုယ္ထည္ကိုမွ High-end Specs ေတြနဲ႔၊ အပူကိုလည္း ေကာင္းေကာင္းကိုင္တြယ္နိုင္တယ္၊ Razer Phone 2 လည္း ဒီလို လာမယ္ထင္တာပဲ၊ အခုလိုသာ Thermal Issue မရွိ ပို Smart က်က် ဂိမ္းကစားႏိုင္မယ္ဆိုရင္ေတာ့ ROG ေတာ့ နာျပီေလး။

Display

Razer Phone 2 မွာလည္း 5.7” Screen ကိုပဲ ဆက္သုံးထားျပီး 120Hz ေျပးေနတဲ့ QHD (2560 x 1440) Display က HDR (High Dynamic Range) ရုပ္ထြက္ေတြ ကိုင္တြယ္လာနိုင္ျပီ။ Screen အလင္းအားကိုလည္း 650nits အထိ ေထာက္ပံ့ထားျပီမလို႔ 513PPI ရွိေနတဲ့ Display က ၾကည္လင္ရွင္းေတာက္ျပီး ၾကည့္ေကာင္းေနမွာ အမွန္ပဲ။

Still old fashion way

Camera

ကင္မရာပိုင္းမွာ Optical Image Stabilization ေထာက္ပံ့ထားတဲ့ Sony Sensors ေျပာင္းသုံးလာတဲ့အတြက္ Camera ပိုင္း ပိုျပီး တိုးတက္လာျပီ ေျပာရပါမယ္။ f/1.8 ရွိတဲ့ 12MP Main  ကင္မရာကို f/2/6 ရွိ Secondary Camera နဲ႔ Dual သုံးထားတယ္၊ ဒီ Camera ၂ လုံး Position ကို Samsung Galaxy Note 9 မွာလို အလယ္နား ေျပာင္းထားထားတယ္။ Selfie အတြက္ f.2.0 ရွိတဲ့ 8MP ကင္မရာသုံးထားတဲ့အတြက္ လုံေလာက္တယ္ ေျပာရပါမယ္။

Dual Sony OIS Camera has been switched

Chroma Lighting

ဒီလို Basic Features ေတြနဲ႔ Hardware Changes ေတြထက္ ထင္ရွားတဲ့ ေျပာင္းလဲမႈျဖစ္လာတာက Razer Blade လက္ေတာ့ေတြမွာလို Chroma Lighting ပါလာတာပါ။ ေက်ာဘက္ Razer Logo ဟာ Chroma Effect နဲ႔ လွပလာမယ္၊ 16.8 million Colours ေထာက္ပံ့ထားသလို Chroma Apps နဲ႔ Static ၊ Breathe ၊ Spectrum Cycling စတဲ့ Lighting Mode ေတြ သုံးလာႏိုင္မယ္။

Chroma Lighting on Razer Logo

ဒီ Effect ေတြထက္ Razer Logo ကို Notification Blinker ထားသုံးလို႔ ရဦးမယ္၊ Noti တက္လာရင္ Logo ေလးက အခ်က္ျပမယ္ ဆိုတဲ့ သေဘာေပါ့၊ အဲ့လို မၾကိဳက္ေသးဘူးဆိုရင္ Chroma Lighting နဲ႔ ၾကိဳက္သလို အလွသုံးႏိုင္ပါေသးတယ္။

Light up within Chroma app

Audio

အသံပိုင္းမွာ နဂိုကတည္းက ဆရာၾကီးျဖစ္ျပီးသားဆိုေတာ့ Razer Phone 2 ကိုလည္း Dolby Atmos Support၊ THX Certified Speakers ေတြနဲ႔ Audio ပိုင္း ေရေရလည္လည္ အားျဖည့္ထားတယ္။ Razer ေျပာတာေတာ့ Atmos စြမ္းအားကို ေရွ႕ Speaker ၂ လုံး မွာသုံးထားတယ္၊ USB-C အသံထြက္ကိုလည္း 24-bit DAC ထပ္ အားျဖည့္ထားတာဆိုေတာ့ ဂိမ္းကစားတာ၊ ရုပ္ရွင္ၾကည့္တဲ့အခါေတြမွာ အသံအေနထား ေျပာင္းလဲမႈတိုင္း သတိထားမိေနမယ္၊ ဒါေၾကာင့္လည္း ဘယ္နားဘာရွိေနမလဲဆိုတာ ခန္႔မွန္းေနနိုင္မယ့္ သေဘာလို႔ ေျပာခ်င္တာ ျဖစ္မယ္ထင္ပါတယ္၊ အထင္ၾကီးစရာေပါ့ေနာ္။

Stunning Razer Logo

Conclusion

ဒီ Razer Phone 2 ကို အားမရဆုံး အခ်က္ကိုေျပာပါဆိုရင္ ဒီဇိုင္းလုိ႔ပဲ ေျပာရမွာပါ။ သူ႔ဘာသူ Vapour Chamber မကလို႔ Liquid Cooling ပဲထည့္ထားထည့္ထား ROG Gaming ဖုန္းေလာက္ ဂိမ္းမင္းဟိတ္ဟန္ရွိမေနဘူး။ ROG ဖုန္းမွာ Modular Function ေတြနဲ႔ ဖုန္းအပူေလွ်ာ့ခ်ဖို႔ ဒီဇိုင္းဆြဲထားတယ္၊ Razer က် Blade 15 ပုံစံအတိုင္း Vapour Chamber ကိုပဲ အားကိုးထားတယ္။ ဖုန္းအတြက္ဆိုရင္ေတာ့ ဒီဇိုင္းတမ်ိဳးသုံးျပီး မူကြဲသြားေအာင္ ထုတ္သင့္တယ္လို႔ ကြ်န္ေတာ္ထင္တာပဲ။

Chroma Enabled Charging Deck for $99

ဘက္ထရီ 4,000 mAh သုံးထားတာ အားရစရာျဖစ္ေပမယ့္ Android Pie ေနာက္မွ ထြက္တာေတာင္ Oreo ၾကီးနဲ႔ ထုတ္ခ်လာတယ္။ ဘယ္လုိုပဲ အားနည္းခ်က္ေတြ ရွိေနတယ္ေျပာေျပာ အာရွေစ်းကြက္ အေနထားကိုၾကည့္ျပီး ဒီ Design ၊ ဒီ Flow နဲ႔ Razer Phone 2 ထုတ္လုိုက္တယ္ ေျပာရမယ္ထင္တာပဲ။ ဒီဘက္မွာက Gaming Oriented ေတြမ်ားတာဆိုေတာ့ ဖုန္းထြက္လာတဲ့အခါက်မွ ဘယ္ေလာက္ေအာင္ျမင္မလဲဆိုတာ သိရမွာပါ။ ဒီ Razer Phone 2 ကို ေဒၚလာ 799 နဲ႔ ေရာင္းခ်ေပးသြားမယ္လို႔ေတာ့ ေၾကညာထားပါတယ္၊ ဘယ္ေန႔လဲဆိုတာေတာ့ ေျပာမထားေသးပါဘူး။

2B (AKhayar)
www.akhayar.com

[Unicode]

Chroma Lighting ပါလာပြီး Sony Camera အသစ်နဲ့ပွဲထွက်လာတဲ့ Razer Phone 2

ဒီကနေ့ ပြုလုပ်သွားတဲ့ Razer Event လေးမှာ Gaming Smartphone အသစ်ပြင် Dual Storage Blade 15 နဲ့ Mercury Edition ဆိုပြီး မိတ်ဆက်သွားခဲ့ပါတယ်။ ဒီလို Gaming Foucs ကုမ္ပဏီကနေ အစဉ်လာမပျက် Gaming Product တွေ မိတ်ဆက်ပေးနေတာဆိုတော့ Razer Phone 2 မှာ ဘာတွေများ ထူးခြားလာခဲ့ပြီလဲ?

Along with Razer Blade 15

Design

စမတ်ဖုန်း ဒီဇိုင်းနဲ့ ပတ်သက်လို့ ပြောရရင် အရင်နှစ် Razer Phone နဲ့ ဘာမှ ကွာသွားတာမရှိပါဘူး၊ ဘဝင်မကျစရာဖြစ်နိုင်တာက Aluminum Body အစား Wireless Charging အတွက် Glass Frame ပြောင်းသုံးလိုက်တာပဲ၊ ဒီအတွက် ဘာမှမပေးဆပ်လိုက်ရဘူးဆိုမယ့် Gaming စမတ်ဖုန်းလို့ အမည်ခံထားတဲ့ Razer ဘာတွေများ ထပ်ကွန့်ထားသေးလဲ?

Aluminum Body has been gone

Razer Phone 2 မှာ IP67 Standard ရှိလာတယ်။ ဒါက သာမန်ဖုန်းတလုံးအတွက် သိသာတဲ့အချက်မဟုတ်ပေမယ့် Gaming ဖုန်းတလုံးကို အပူထွက်လို့ Cooling Solution အပြင် ထူထည်တဲ့ ကိုယ်ထည်တွေနဲ့ ထုတ်နေရတာကိုမှ ရေစိုခံတဲ့ ကိုယ်ထည်နဲ့ Razer ထုတ်လာနိုင်တယ်။

Performance

ဒါနဲ့ ဆက်စပ်ပြီး ပြောရဦးမယ်ဆိုရင် Razer Phone 2 မှာ Snapdragon 845 Processor ကို Adreno 630 GPU နဲ့ အားဖြည့်ထားတယ်။ ဒီ Specs အနေထားတိုင်းဆိုရင် PUBG နဲ့ Mobile Legends ဂိမ်းတွေကို Native 2560 x 1440p Resolution မှာ အထစ်ငေါ့မရှိ ကစားနိုင်မယ် ခန့်မှန်းရတာပဲ၊ 8GB RAM လည်း ပါတယ်ဆိုတော့။ ပြောချင်တာက High-end Specs တွေချည်း Razer သုံးထားတယ်။

Razer Phone 2

ဖုန်းကိုလှမ်းရှိုးလိုက်ပြန်တော့ Body က ပါးပါးလပ်လပ်နဲ့၊ ROG ဖုန်းမှာ သီးသန့် Cooling Solution သုံးပြီး Body တောင့်တောင့် Gaming ဖုန်းထုတ်နေရချိန် Razer ကတော့ Slim ဒီဇိုင်းနဲ့ပဲ ရှိနေသေးတယ်။ အဲ့ဒီလို နေနိုင်တယ်၊ အပူထွက်လည်း မမှုဘူးဆိုတဲ့ လျှို့ဝှက်ချက်က Razer Blade 15 ဆီက ဆင်းသက်လာတယ်၊ အဲ့ဒီရဲ့ အငွေ့အသက်က Vapour Chamber Cooling ပါတဲ့။ Razer ဒီလို Idea ရသွားတာ မဆိုးဘူးပြောရမယ်။ Blade 15 မှာလည်း သေးသေးကျစ်ကျစ်ကိုယ်ထည်ကိုမှ High-end Specs တွေနဲ့၊ အပူကိုလည်း ကောင်းကောင်းကိုင်တွယ်နိုင်တယ်၊ Razer Phone 2 လည်း ဒီလို လာမယ်ထင်တာပဲ၊ အခုလိုသာ Thermal Issue မရှိ ပို Smart ကျကျ ဂိမ်းကစားနိုင်မယ်ဆိုရင်တော့ ROG တော့ နာပြီလေး။

Display

Razer Phone 2 မှာလည်း 5.7” Screen ကိုပဲ ဆက်သုံးထားပြီး 120Hz ပြေးနေတဲ့ QHD (2560 x 1440) Display က HDR (High Dynamic Range) ရုပ်ထွက်တွေ ကိုင်တွယ်လာနိုင်ပြီ။ Screen အလင်းအားကိုလည်း 650nits အထိ ထောက်ပံ့ထားပြီမလို့ 513PPI ရှိနေတဲ့ Display က ကြည်လင်ရှင်းတောက်ပြီး ကြည့်ကောင်းနေမှာ အမှန်ပဲ။

Still old fashion way

Camera

ကင်မရာပိုင်းမှာ Optical Image Stabilization ထောက်ပံ့ထားတဲ့ Sony Sensors ပြောင်းသုံးလာတဲ့အတွက် Camera ပိုင်း ပိုပြီး တိုးတက်လာပြီ ပြောရပါမယ်။ f/1.8 ရှိတဲ့ 12MP Main  ကင်မရာကို f/2/6 ရှိ Secondary Camera နဲ့ Dual သုံးထားတယ်၊ ဒီ Camera ၂ လုံး Position ကို Samsung Galaxy Note 9 မှာလို အလယ်နား ပြောင်းထားထားတယ်။ Selfie အတွက် f.2.0 ရှိတဲ့ 8MP ကင်မရာသုံးထားတဲ့အတွက် လုံလောက်တယ် ပြောရပါမယ်။

Dual Sony OIS Camera has been switched

Chroma Lighting

ဒီလို Basic Features တွေနဲ့ Hardware Changes တွေထက် ထင်ရှားတဲ့ ပြောင်းလဲမှုဖြစ်လာတာက Razer Blade လက်တော့တွေမှာလို Chroma Lighting ပါလာတာပါ။ ကျောဘက် Razer Logo ဟာ Chroma Effect နဲ့ လှပလာမယ်၊ 16.8 million Colours ထောက်ပံ့ထားသလို Chroma Apps နဲ့ Static ၊ Breathe ၊ Spectrum Cycling စတဲ့ Lighting Mode တွေ သုံးလာနိုင်မယ်။

Chroma Lighting on Razer Logo

ဒီ Effect တွေထက် Razer Logo ကို Notification Blinker ထားသုံးလို့ ရဦးမယ်၊ Noti တက်လာရင် Logo လေးက အချက်ပြမယ် ဆိုတဲ့ သဘောပေါ့၊ အဲ့လို မကြိုက်သေးဘူးဆိုရင် Chroma Lighting နဲ့ ကြိုက်သလို အလှသုံးနိုင်ပါသေးတယ်။

Light up within Chroma app

Audio

အသံပိုင်းမှာ နဂိုကတည်းက ဆရာကြီးဖြစ်ပြီးသားဆိုတော့ Razer Phone 2 ကိုလည်း Dolby Atmos Support၊ THX Certified Speakers တွေနဲ့ Audio ပိုင်း ရေရေလည်လည် အားဖြည့်ထားတယ်။ Razer ပြောတာတော့ Atmos စွမ်းအားကို ရှေ့ Speaker ၂ လုံး မှာသုံးထားတယ်၊ USB-C အသံထွက်ကိုလည်း 24-bit DAC ထပ် အားဖြည့်ထားတာဆိုတော့ ဂိမ်းကစားတာ၊ ရုပ်ရှင်ကြည့်တဲ့အခါတွေမှာ အသံအနေထား ပြောင်းလဲမှုတိုင်း သတိထားမိနေမယ်၊ ဒါကြောင့်လည်း ဘယ်နားဘာရှိနေမလဲဆိုတာ ခန့်မှန်းနေနိုင်မယ့် သဘောလို့ ပြောချင်တာ ဖြစ်မယ်ထင်ပါတယ်၊ အထင်ကြီးစရာပေါ့နော်။

Stunning Razer Logo

Conclusion

ဒီ Razer Phone 2 ကို အားမရဆုံး အချက်ကိုပြောပါဆိုရင် ဒီဇိုင်းလို့ပဲ ပြောရမှာပါ။ သူ့ဘာသူ Vapour Chamber မကလို့ Liquid Cooling ပဲထည့်ထားထည့်ထား ROG Gaming ဖုန်းလောက် ဂိမ်းမင်းဟိတ်ဟန်ရှိမနေဘူး။ ROG ဖုန်းမှာ Modular Function တွေနဲ့ ဖုန်းအပူလျှော့ချဖို့ ဒီဇိုင်းဆွဲထားတယ်၊ Razer ကျ Blade 15 ပုံစံအတိုင်း Vapour Chamber ကိုပဲ အားကိုးထားတယ်။ ဖုန်းအတွက်ဆိုရင်တော့ ဒီဇိုင်းတမျိုးသုံးပြီး မူကွဲသွားအောင် ထုတ်သင့်တယ်လို့ ကျွန်တော်ထင်တာပဲ။

Chroma Enabled Charging Deck for $99

ဘက်ထရီ 4,000 mAh သုံးထားတာ အားရစရာဖြစ်ပေမယ့် Android Pie နောက်မှ ထွက်တာတောင် Oreo ကြီးနဲ့ ထုတ်ချလာတယ်။ ဘယ်လိုပဲ အားနည်းချက်တွေ ရှိနေတယ်ပြောပြော အာရှဈေးကွက် အနေထားကိုကြည့်ပြီး ဒီ Design ၊ ဒီ Flow နဲ့ Razer Phone 2 ထုတ်လိုက်တယ် ပြောရမယ်ထင်တာပဲ။ ဒီဘက်မှာက Gaming Oriented တွေများတာဆိုတော့ ဖုန်းထွက်လာတဲ့အခါကျမှ ဘယ်လောက်အောင်မြင်မလဲဆိုတာ သိရမှာပါ။ ဒီ Razer Phone 2 ကို ဒေါ်လာ 799 နဲ့ ရောင်းချပေးသွားမယ်လို့တော့ ကြေညာထားပါတယ်၊ ဘယ်နေ့လဲဆိုတာတော့ ပြောမထားသေးပါဘူး။

2B (AKhayar)
www.akhayar.com