မန်ယူအသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ရပ်ရှ်ဖို့ဒ် Rashford နဲ့ ဆန်းချက်ဇ် Sanchez တို့ဟာ လေ့ကျင့်ခန်းပြန်ဆင်းနေကြပြီလို့သိရပါတယ်။ ဒီကစားသမား(၂)ယောက်ဟာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရသူတွေဖြစ်ပြီး ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲအမီ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့ကြတာကြောင့် အသင်းအတွက် ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။ ရပ်ရှ်ဖို့ဒ် ဟာ ဒဏ်ရာအနေအထားကြောင့် ၀ုလ်ဗ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကိုတော့ လွဲချော်ခဲ့ပေမယ့် ဘာစီလိုနာအသင်းနဲ့ ကစားမယ့်ပွဲစဉ်မှာတော့ ပါဝင်နိုင်ဖို့ မန်ယူအသင်းဘက်ကမျှော်လင့်နေပါတယ်။ ရပ်ရှ်ဖို့ဒ် ဟာ ဒီနှစ်ဘောလုံးရာသီမှာ မန်ယူအသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်ပြီး သွင်းဂိုး(၁၃)ဂိုးသွင်းယူထားသလို သူ့ကစားဟန်အရ ဘာစီလိုနာခံစစ်ကို ဒုက္ခပေးနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။

ဆန်းချက်ဇ် ကတော့ ဒဏ်ရာပြဿနာကြောင့် ရာသီကုန်ခါနီးအထိ အနားယူရဖို့ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ဒဏ်ရာကနေစောစီးစွာပြန်သက်သာလာာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဘာစီလိုနာနဲ့ ပွဲမှာတော့ ပါဝင်လာမလားဆိုတာ စောင့်ကြည့်သွားရဦးမှာဖြစ်ပြီး ပွဲကျပ်တွေဆက်တိုက် ယှဉ်ပြိုင်နေရတဲ့ အချိန်မှာ ဆန်းချက်ဇ် ပြန်လာနိုင်တာက ကောင်းမွန်တဲ့အရာတစ်ခုတော့ဖြစ်ခဲ့ပါတယ်။ အသင်းနဲ့ အနာဂတ်လှုပ်ခတ်နေတဲ့ ဆန်းချက်ဇ် အနေနဲ့လည်း လက်ကျန်ပွဲစဉ်တွေမှာ အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြကစားဖို့လိုအပ်နေပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာတော့ ဆန်းချက်ဇ် ဟာ မန်ယူအသင်းအတွက် ပွဲပေါင်း(၂၃)ပွဲကစား (၂)ဂိုးသွင်းယူထားပါတယ်။

Ref: Daily Mail , BBC Sports
Photo: Manchester United Twitter , Evening Standard , Football News
Ko Kyue(Akhayar)
www.akhayar.com