[Zawgyi]

ေခတ္စနစ္ကုိ ထင္ဟပ္ေစေသာ ဓာတ္ပုံမ်ား (အပုိင္း – ၄)

သမုိင္းဆုိတဲ့ ေမ့ေဖ်ာက္လုိ႔မရတဲ့ အမွန္တရားျဖစ္လုိ႔ သမုိင္းကုိလိမ္လုိက္တာကလည္း အနာဂတ္ကုိ သစၥာေဖာက္သလုိ ျဖစ္တတ္ပါတယ္။ သမုိင္းဝင္အေထာက္အထားကုိ ေလ့လာမယ္ဆုိရင္ ေနာင္လာေနာက္သားေတြအတြက္ ဗဟုသုတတုိးပြားေစရုံမက အတိတ္ကအမွားေတြကုိလည္း သင္ခန္းစာ ယူႏုိင္ပါတယ္။ အခုေခတ္လူငယ္ေတြ ၾကည့္ရႈဖုိ႔ မလြယ္ေတာ့တဲ့ သမုိင္းဝင္ရွားပါးဓာတ္ပုံ (၅) ပုံကုိ ေခတ္စနစ္ကုိ ထင္ဟပ္ေစေသာ ဓာတ္ပုံမ်ား (အပုိင္း – ၄) အျဖစ္ ေဖာ္ျပလုိက္ပါတယ္။

၁။ ဟယ္လင္ကဲလား ႏွင့္ ခ်ာလီခ်က္ပလင္

ဟယ္လင္ကဲလား ႏွင့္ ခ်ာလီခ်က္ပလင္

ဟယ္လင္ကဲလား ႏွင့္ ခ်ာလီခ်က္ပလင္

ဟယ္လင္ကဲလား (Helen Keller) ဟာ ဟာသပညာရွင္ ခ်ာလီခ်က္ပလင္ (Charlie Chaplin) ရဲ႕ “Sunnyside” ရုပ္ရွင္ရုိက္ကြင္းကုိ သြားေရာက္ေတြ႕ဆုံခဲ့ပါတယ္။ ဟယ္လင္ဟာ ခ်ာလီခ်က္ပလင္ရဲ႕ ႏႈတ္ခမ္းနဲ႔ လည္ပင္းကုိ ထိေတြ႕ၿပီး အသံတုန္ခါမႈကုိ ဘာသာျပန္ၿပီးေတာ့ စကားေျပာခဲ့ပါတယ္။ ၁၉၁၂ခုႏွစ္တုန္းက ကမၻာေက်ာ္ႏွစ္ဦးရဲ႕ ေတြ႕ဆုံခန္းဟာ ေႏွာင္းလူတုိ႔ ဗဟုသုတရေစဖုိ႔ ေဖာ္ျပလုိက္ပါတယ္။

၂။ အုိစမာဘင္လာဒင္ ႏွင့္ မိသားစု

အုိစမာဘင္လာဒင္ ႏွင့္ မိသားစု

အုိစမာဘင္လာဒင္ ႏွင့္ မိသားစု

အယ္လ္ခုိင္းဒါး (Al-Qaida) အဖြဲ႕ေခါင္းေဆာင္ အုိစမာဘင္လာဒင္ (Osama bin Laden) ဟာ ေဆာ္ဒီဘီလ်ံနာ မုိဟာမက္ အက္ဝါ့ ဘင္လာဒင္ (Mohammed Awad bin Laden) နဲ႔ ဒသမေျမာက္ဇနီး အယ္လီယာ ဂါနမ္ (Alia Ghanem) တုိ႔ရဲ႕ သားျဖစ္ပါတယ္။ ေမြးခ်င္းေမာင္ႏွမ ၅၆ရွိတဲ့အနက္ အုိစမာဘင္လာဒင္ဟာ ၇ေယာက္ေျမာက္သား ျဖစ္ပါတယ္။ ၁၉၇၁ခုႏွစ္မွာ ၁၆ႏွစ္သား အုိစမာဘင္လာဒင္ဟာ အကုိတစ္ေယာက္နဲ႔ ဆီြဒင္ႏုိင္ငံ ဖယ္လြန္ၿမိဳ႕မွာ အလုပ္ကိစၥနဲ႔ေရာက္တုန္း မိသားစုလုိက္ရုိက္ထားတဲ့ ဓာတ္ပုံျဖစ္ပါတယ္။ ညာဘက္ေထာင့္က ဒုတိယေျမာက္ ေဘာင္းဘီအျပာ ရွပ္အစိမ္းနဲ႔သူငယ္ေလးဟာ ကမၻာေက်ာ္အၾကမ္းဖက္သမားျဖစ္လာမယ့္ အုိစမာဘင္လာဒင္ေလးပါပဲ။

၃။ Metro Goldwyn Mayer ရဲ႕ျခေသၤ့ရုိက္ကြင္း

Metro Goldwyn Mayer ရဲ႕ျခေသၤ့ရုိက္ကြင္း

Metro Goldwyn Mayer ရဲ႕ျခေသၤ့ရုိက္ကြင္း

Metro Goldwyn Mayer ဆုိတဲ့မီဒီယာကုမၸဏီကုိ မသိရင္ေတာင္ တခ်ိဳ႕ရုပ္ရွင္အဖြင့္ေတြမွာ ဟိန္းေနတဲ့ျခေသၤ့လုိဂုိႀကီးကုိ မွတ္မိမယ္ထင္ပါတယ္။ ကုမၸဏီပုိင္ရွင္က အဖြင့္မွာ တကယ့္ျခေသၤ့ဟိန္းေဟာက္ေနတဲ့အသံနဲ႔စဖုိ႔ အေတြးရရွိၿပီး Fegan ဆုိတဲ့ျခေသၤ့နဲ႔ စတူရီယုိအခန္းထဲမွာ ရုိက္ကူးခဲ့တာျဖစ္ပါတယ္။ အသားစားသတၱဝါျဖစ္တဲ့ ျခေသၤ့ကုိ လုိခ်င္တဲ့ပုံစံမ်ိဳးရရွိေအာင္ ရုိက္ကူးပုံေဖာ္ႏုိင္ခဲ့တဲ့ ကင္မရားသမားေတြကုိေတာ့ ခ်ီးက်ဴးေလာက္ပါတယ္။ ဒါကေတာ့ ျခေသၤ့ႀကီးကုိ စိတ္တုိင္းက်ရုိက္ကူးေနတဲ့ပုံရိပ္ပဲျဖစ္ပါတယ္။

၄။ ပီလီနဲ႔ ေဘာ္ဘီမုိး

 ပီလီနဲ႔ ေဘာ္ဘီမုိး

ပီလီနဲ႔ ေဘာ္ဘီမုိး

၁၉၇ဝခုႏွစ္ ဇန္နဝါရီ၇ရက္မွာ ယွဥ္ၿပိဳင္ခဲ့ၾကတဲ့ ဘရာဇီးလ္အသင္းနဲ႔ အဂၤလန္အသင္းတုိ႔ရဲ႕ ကမၻာ့ဖလားပြဲအၿပီးမွာ ပီလီနဲ႔ ေဘာ္ဘီမုိးတုိ႔ရဲ႕ ဂ်ာစီလဲလွယ္ေနတဲ့ျမင္ကြင္းကလည္း ေဘာလုံးခ်စ္သူတုိ႔အတြက္ စိတ္ခ်မ္းေျမ့ဖြယ္ေကာင္းလွပါတယ္။ ၁၉၇ဝဝန္းက်င္မွာ ေခတ္ၿပိဳင္ေဘာလုံးသမားေတြျဖစ္ေပမယ့္လည္း အားကစားစိတ္ဓာတ္ပီသတဲ့သေဘာပဲ ျဖစ္ပါတယ္။ ဘရာဇီးအသင္းဟာ ေတာင္ပံသမား ဂ်ာဇင္ဟုိ (Jairzinho) ရဲ႕ဂုိးေၾကာင့္ အႏုိင္ရခဲ့ပါတယ္။

၅။ ေလဘာတီရုပ္ထု တည္ေဆာက္ေနတဲ့ျမင္ကြင္း

 ေလဘာတီရုပ္ထု တည္ေဆာက္ေနတဲ့ျမင္ကြင္း

ေလဘာတီရုပ္ထု တည္ေဆာက္ေနတဲ့ျမင္ကြင္း

ၿငိမ္းခ်မ္းေရးသေကၤတလုိ႔ နာမည္ေက်ာ္တဲ့ ေလဘာတီရုပ္ထုကုိေတာ့ အေမရိကန္ႏုိင္ငံ ႏွစ္တစ္ရာျပည့္အထိမ္းအမွတ္အေနနဲ႔ ဗိသုကာပညာရွင္ ဘာသုိဒီ (Bartholdi) က ဒီဇုိင္းဆြဲၿပီး အီဖဲလ္ေမ်ွာ္စင္တည္ေဆာက္သူ ဂတ္စေတ့ အီဖဲလ္ (Gustave Eiffel) က တာဝန္ယူတည္ေဆာက္ခဲ့တာျဖစ္ပါတယ္။ အခုေဖာ္ျပေပးမယ့္ပုံကေတာ့ ေဆာက္လက္စရုပ္ထုႀကီးကုိ ရုိက္ကူးထားတာပဲျဖစ္ပါတယ္။ ကဲ . . . ဒီဓာတ္ပုံေတြကေတာ့ သမိုင္းလည္းဝင္၊ ရွားလည္းရွားပါးတဲ့ပုံေတြပါ။ သူငယ္ခ်င္းေတြၾကည့္ရေအာင္ ေဝငွေပးပါဦး။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ခေတ်စနစ်ကို ထင်ဟပ်စေသော ဓာတ်ပုံများ (အပိုင်း – ၄)

သမိုင်းဆိုတဲ့ မေ့ဖျောက်လို့မရတဲ့ အမှန်တရားဖြစ်လို့ သမိုင်းကိုလိမ်လိုက်တာကလည်း အနာဂတ်ကို သစ္စာဖောက်သလို ဖြစ်တတ်ပါတယ်။ သမိုင်းဝင်အထောက်အထားကို လေ့လာမယ်ဆိုရင် နောင်လာနောက်သားတွေအတွက် ဗဟုသုတတိုးပွားစေရုံမက အတိတ်ကအမှားတွေကိုလည်း သင်ခန်းစာ ယူနိုင်ပါတယ်။ အခုခေတ်လူငယ်တွေ ကြည့်ရှုဖို့ မလွယ်တော့တဲ့ သမိုင်းဝင်ရှားပါးဓာတ်ပုံ (၅) ပုံကို ခေတ်စနစ်ကို ထင်ဟပ်စေသော ဓာတ်ပုံများ (အပိုင်း – ၄) အဖြစ် ဖော်ပြလိုက်ပါတယ်။

၁။ ဟယ်လင်ကဲလား နှင့် ချာလီချက်ပလင်

ဟယ်လင်ကဲလား နှင့် ချာလီချက်ပလင်

ဟယ်လင်ကဲလား နှင့် ချာလီချက်ပလင်

ဟယ်လင်ကဲလား (Helen Keller) ဟာ ဟာသပညာရှင် ချာလီချက်ပလင် (Charlie Chaplin) ရဲ့ “Sunnyside” ရုပ်ရှင်ရိုက်ကွင်းကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဟယ်လင်ဟာ ချာလီချက်ပလင်ရဲ့ နှုတ်ခမ်းနဲ့ လည်ပင်းကို ထိတွေ့ပြီး အသံတုန်ခါမှုကို ဘာသာပြန်ပြီးတော့ စကားပြောခဲ့ပါတယ်။ ၁၉၁၂ခုနှစ်တုန်းက ကမ္ဘာကျော်နှစ်ဦးရဲ့ တွေ့ဆုံခန်းဟာ နှောင်းလူတို့ ဗဟုသုတရစေဖို့ ဖော်ပြလိုက်ပါတယ်။

၂။ အိုစမာဘင်လာဒင် နှင့် မိသားစု

အိုစမာဘင်လာဒင် နှင့် မိသားစု

အိုစမာဘင်လာဒင် နှင့် မိသားစု

အယ်လ်ခိုင်းဒါး (Al-Qaida) အဖွဲ့ခေါင်းဆောင် အိုစမာဘင်လာဒင် (Osama bin Laden) ဟာ ဆော်ဒီဘီလျံနာ မိုဟာမက် အက်ဝါ့ ဘင်လာဒင် (Mohammed Awad bin Laden) နဲ့ ဒသမမြောက်ဇနီး အယ်လီယာ ဂါနမ် (Alia Ghanem) တို့ရဲ့ သားဖြစ်ပါတယ်။ မွေးချင်းမောင်နှမ ၅၆ရှိတဲ့အနက် အိုစမာဘင်လာဒင်ဟာ ၇ယောက်မြောက်သား ဖြစ်ပါတယ်။ ၁၉၇၁ခုနှစ်မှာ ၁၆နှစ်သား အိုစမာဘင်လာဒင်ဟာ အကိုတစ်ယောက်နဲ့ ဆွီဒင်နိုင်ငံ ဖယ်လွန်မြို့မှာ အလုပ်ကိစ္စနဲ့ရောက်တုန်း မိသားစုလိုက်ရိုက်ထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ ညာဘက်ထောင့်က ဒုတိယမြောက် ဘောင်းဘီအပြာ ရှပ်အစိမ်းနဲ့သူငယ်လေးဟာ ကမ္ဘာကျော်အကြမ်းဖက်သမားဖြစ်လာမယ့် အိုစမာဘင်လာဒင်လေးပါပဲ။

၃။ Metro Goldwyn Mayer ရဲ့ခင်္သြေ့ရိုက်ကွင်း

Metro Goldwyn Mayer ရဲ့ခင်္သြေ့ရိုက်ကွင်း

Metro Goldwyn Mayer ရဲ့ခင်္သြေ့ရိုက်ကွင်း

Metro Goldwyn Mayer ဆိုတဲ့မီဒီယာကုမ္ပဏီကို မသိရင်တောင် တချို့ရုပ်ရှင်အဖွင့်တွေမှာ ဟိန်းနေတဲ့ခင်္သြေ့လိုဂိုကြီးကို မှတ်မိမယ်ထင်ပါတယ်။ ကုမ္ပဏီပိုင်ရှင်က အဖွင့်မှာ တကယ့်ခင်္သြေ့ဟိန်းဟောက်နေတဲ့အသံနဲ့စဖို့ အတွေးရရှိပြီး Fegan ဆိုတဲ့ခင်္သြေ့နဲ့ စတူရီယိုအခန်းထဲမှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အသားစားသတ္တဝါဖြစ်တဲ့ ခင်္သြေ့ကို လိုချင်တဲ့ပုံစံမျိုးရရှိအောင် ရိုက်ကူးပုံဖော်နိုင်ခဲ့တဲ့ ကင်မရားသမားတွေကိုတော့ ချီးကျူးလောက်ပါတယ်။ ဒါကတော့ ခင်္သြေ့ကြီးကို စိတ်တိုင်းကျရိုက်ကူးနေတဲ့ပုံရိပ်ပဲဖြစ်ပါတယ်။

၄။ ပီလီနဲ့ ဘော်ဘီမိုး

 ပီလီနဲ့ ဘော်ဘီမိုး

ပီလီနဲ့ ဘော်ဘီမိုး

၁၉၇ဝခုနှစ် ဇန်နဝါရီ၇ရက်မှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ ဘရာဇီးလ်အသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ကမ္ဘာ့ဖလားပွဲအပြီးမှာ ပီလီနဲ့ ဘော်ဘီမိုးတို့ရဲ့ ဂျာစီလဲလှယ်နေတဲ့မြင်ကွင်းကလည်း ဘောလုံးချစ်သူတို့အတွက် စိတ်ချမ်းမြေ့ဖွယ်ကောင်းလှပါတယ်။ ၁၉၇ဝဝန်းကျင်မှာ ခေတ်ပြိုင်ဘောလုံးသမားတွေဖြစ်ပေမယ့်လည်း အားကစားစိတ်ဓာတ်ပီသတဲ့သဘောပဲ ဖြစ်ပါတယ်။ ဘရာဇီးအသင်းဟာ တောင်ပံသမား ဂျာဇင်ဟို (Jairzinho) ရဲ့ဂိုးကြောင့် အနိုင်ရခဲ့ပါတယ်။

၅။ လေဘာတီရုပ်ထု တည်ဆောက်နေတဲ့မြင်ကွင်း

 လေဘာတီရုပ်ထု တည်ဆောက်နေတဲ့မြင်ကွင်း

လေဘာတီရုပ်ထု တည်ဆောက်နေတဲ့မြင်ကွင်း

ငြိမ်းချမ်းရေးသင်္ကေတလို့ နာမည်ကျော်တဲ့ လေဘာတီရုပ်ထုကိုတော့ အမေရိကန်နိုင်ငံ နှစ်တစ်ရာပြည့်အထိမ်းအမှတ်အနေနဲ့ ဗိသုကာပညာရှင် ဘာသိုဒီ (Bartholdi) က ဒီဇိုင်းဆွဲပြီး အီဖဲလ်မျှော်စင်တည်ဆောက်သူ ဂတ်စတေ့ အီဖဲလ် (Gustave Eiffel) က တာဝန်ယူတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့်ပုံကတော့ ဆောက်လက်စရုပ်ထုကြီးကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ကဲ . . . ဒီဓာတ်ပုံတွေကတော့ သမိုင်းလည်းဝင်၊ ရှားလည်းရှားပါးတဲ့ပုံတွေပါ။ သူငယ်ချင်းတွေကြည့်ရအောင် ဝေငှပေးပါဦး။

ကျော်စိုးအောင် (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။