[Zawgyi]

အသက္ငယ္ငယ္ရြယ္ရြယ္မွာပဲ ေၾကြလြင့္ရျပန္တဲ့ Rapper XXXTentacion

Sad! နဲ႔ Changes လို သီခ်င္းေတြကို သီဆိုခဲ့တဲ့ Rapper တစ္ေယာက္ျဖစ္တဲ့ XXXTentacion ဟာ ဖေလာ္ရီဒါ ျပည္နယ္၊ Broward County မွာ ျပီးခဲ့တဲ့ တနလၤာေန႔က ပစ္သတ္ခံလိုက္ရပါတယ္။

XXXTentacion

XXXTentacion

နာမည္ရင္း Jahseh Onfroy လို႔ ေခၚတဲ့ Rapper XXXTentacion ဟာ ေသဆံုးခ်ိန္မွာ အသက္ ၂၀ ပဲ ရွိပါေသးတယ္။ သူဟာ ဖေလာ္ရီဒါမွာ ရွိတဲ့ ဆုိင္ကယ္အေရာင္းဆိုင္တစ္ခုကေန ထြက္လာျပီး သိပ္မၾကာခင္ ညေန ၄နာရီအခ်ိန္မွာ ပစ္သတ္ခံရတာပဲ ျဖစ္ပါတယ္။

အပစ္ခံရတဲ့ အနီးအနားက XXXTentacion ရဲ႕ ကား

အပစ္ခံရတဲ့ အနီးအနားက XXXTentacion ရဲ႕ ကား

Broward County က ရဲေတြရဲ႕ အဆုိအရေတာ့ အနက္ေရာင္ SUV ကားနဲ႔ လူႏွစ္ေယာက္ေရာက္လာျပီး ပစ္သတ္သြားတယ္လို႔ ဆုိပါတယ္။ လူသတ္သမားေတြရဲ႕ ပံုပန္းသ႑ာန္ကိုေတာ့ မ်က္ျမင္သက္ေသေတြ ရွာျပီး စံုစမ္းေနတုန္းပဲ ရွိပါေသးတယ္။

ဖေလာ္ရီဒါနယ္ခံ Rapper XXXTentacion ရဲ႕ ေအာင္ျမင္မႈဟာ SoundCloud မွာ သူတင္ခဲ့တဲ့ သီခ်င္းေတြက စတင္ခဲ့တာ ျဖစ္ျပီး အျငင္းပြားဖြယ္ကိစၥေတြ အလုပ္ဆံုး Rapper ေတြထဲက တစ္ေယာက္လည္း ျဖစ္ပါတယ္။ သူ႔ရဲ႕ သီခ်င္း Sad! ဟာဆုိရင္ Billboard Hot 100 မွာ နံပါတ္ ၇ ေနရာထိ ေရာက္ရွိဖူးပါတယ္။

သူဟာ အိမ္တြင္း အၾကမ္းဖက္မႈေတြနဲ႔ စြပ္စြဲခံထားရသူျဖစ္ျပီး သူ႔ရဲ႕ ကိုယ္ဝန္ကို လြယ္ထားရတဲ့ ရည္းစားကို အၾကမ္းဖက္မႈေတြနဲ႔ စြဲခံရတာပါ။ ေနအိမ္အက်ယ္ခ်ဳပ္ျပစ္ဒဏ္ကေနလည္း ျပီးခဲ့တဲ့ မတ္လကမွ လြတ္ေျမာက္ထားသူ ျဖစ္ပါတယ္။

သူ႔ရဲ႕ ေသဆံုးမႈဟာ လူမႈကြန္ရက္ေတြေပၚလည္း ရိုက္ခတ္ခဲ့ျပီး Kanye West လို ဆရာၾကီးက အစ Twitter မွာ Tweet တင္ခဲ့တာပါ။ သူ႔လိုပဲ တျခားနာမည္ေက်ာ္ၾကားသူေတြကလည္း ဝမ္းနည္းေအာက္ေမ့ေၾကာင္းစာေတြ တင္ခဲ့ၾကတာပါ။

ဒါေၾကာင့္ပဲ မနက္ျဖန္ဆုိတာ ကတိေပးထားတဲ့ အရာမဟုတ္ဘူး။ ဒီေန႔ ရွိရင္ ရွိေပမယ့္ မနက္ျဖန္က်မွ ေပ်ာက္ကြယ္သြားရင္ သြားႏုိင္တယ္လို႔ ဆုိၾကတာပါ။

Yoe Lu (Akhayar)

www.akhayar.com

Ref : cnn.com, bbc.com
[Unicode]

အသက်ငယ်ငယ်ရွယ်ရွယ်မှာပဲ ကြွေလွင့်ရပြန်တဲ့ Rapper XXXTentacion

Sad! နဲ့ Changes လို သီချင်းတွေကို သီဆိုခဲ့တဲ့ Rapper တစ်ယောက်ဖြစ်တဲ့ XXXTentacion ဟာ ဖလော်ရီဒါ ပြည်နယ်၊ Broward County မှာ ပြီးခဲ့တဲ့ တနင်္လာနေ့က ပစ်သတ်ခံလိုက်ရပါတယ်။

XXXTentacion

XXXTentacion

နာမည်ရင်း Jahseh Onfroy လို့ ခေါ်တဲ့ Rapper XXXTentacion ဟာ သေဆုံးချိန်မှာ အသက် ၂၀ ပဲ ရှိပါသေးတယ်။ သူဟာ ဖလော်ရီဒါမှာ ရှိတဲ့ ဆိုင်ကယ်အရောင်းဆိုင်တစ်ခုကနေ ထွက်လာပြီး သိပ်မကြာခင် ညနေ ၄နာရီအချိန်မှာ ပစ်သတ်ခံရတာပဲ ဖြစ်ပါတယ်။

အပစ်ခံရတဲ့ အနီးအနားက XXXTentacion ရဲ့ ကား

အပစ်ခံရတဲ့ အနီးအနားက XXXTentacion ရဲ့ ကား

Broward County က ရဲတွေရဲ့ အဆိုအရတော့ အနက်ရောင် SUV ကားနဲ့ လူနှစ်ယောက်ရောက်လာပြီး ပစ်သတ်သွားတယ်လို့ ဆိုပါတယ်။ လူသတ်သမားတွေရဲ့ ပုံပန်းသဏ္ဍာန်ကိုတော့ မျက်မြင်သက်သေတွေ ရှာပြီး စုံစမ်းနေတုန်းပဲ ရှိပါသေးတယ်။

ဖလော်ရီဒါနယ်ခံ Rapper XXXTentacion ရဲ့ အောင်မြင်မှုဟာ SoundCloud မှာ သူတင်ခဲ့တဲ့ သီချင်းတွေက စတင်ခဲ့တာ ဖြစ်ပြီး အငြင်းပွားဖွယ်ကိစ္စတွေ အလုပ်ဆုံး Rapper တွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ သီချင်း Sad! ဟာဆိုရင် Billboard Hot 100 မှာ နံပါတ် ၇ နေရာထိ ရောက်ရှိဖူးပါတယ်။

သူဟာ အိမ်တွင်း အကြမ်းဖက်မှုတွေနဲ့ စွပ်စွဲခံထားရသူဖြစ်ပြီး သူ့ရဲ့ ကိုယ်ဝန်ကို လွယ်ထားရတဲ့ ရည်းစားကို အကြမ်းဖက်မှုတွေနဲ့ စွဲခံရတာပါ။ နေအိမ်အကျယ်ချုပ်ပြစ်ဒဏ်ကနေလည်း ပြီးခဲ့တဲ့ မတ်လကမှ လွတ်မြောက်ထားသူ ဖြစ်ပါတယ်။

သူ့ရဲ့ သေဆုံးမှုဟာ လူမှုကွန်ရက်တွေပေါ်လည်း ရိုက်ခတ်ခဲ့ပြီး Kanye West လို ဆရာကြီးက အစ Twitter မှာ Tweet တင်ခဲ့တာပါ။ သူ့လိုပဲ တခြားနာမည်ကျော်ကြားသူတွေကလည်း ဝမ်းနည်းအောက်မေ့ကြောင်းစာတွေ တင်ခဲ့ကြတာပါ။

ဒါကြောင့်ပဲ မနက်ဖြန်ဆိုတာ ကတိပေးထားတဲ့ အရာမဟုတ်ဘူး။ ဒီနေ့ ရှိရင် ရှိပေမယ့် မနက်ဖြန်ကျမှ ပျောက်ကွယ်သွားရင် သွားနိုင်တယ်လို့ ဆိုကြတာပါ။

Yoe Lu (Akhayar)

www.akhayar.com

Ref : cnn.com, bbc.com