[Zawgyi]

ပရိသတ္ေတြဆီကုိ သတင္းဆုိးၾကီးနဲ႕ တစ္ေက်ာ့ျပန္လာခဲ့တဲ့ အဆုိေတာ္ ရသ

“ျပန္မဆုံႏုိင္ေတာ့ျပီဆုိတဲ့ အသိဆုိးေတြ ရန္ကုန္ျမိဳ႕ေကာင္းကင္မွာ ဒီမုိးေတြသည္းေနတုန္း .” ဆုိတဲ့ ဂ်င္းနီနဲ႕ ရသရဲ႕ သီခ်င္းေလးၾကားတာနဲ႕ အမုိက္စားRap စာသားေတြေရးစပ္သီဆုိတတ္တဲ့ အဆုိေတာ္ရသကုိ ေျပးျမင္မိၾကမွာပါ။ လူငယ္ပရိသတ္ေတြပါးစပ္ဖ်ားမွာ ေရပန္းစားခဲ့တဲ့ Rapper အဆုိေတာ္ ရသ (ရဲမင္းသိန္း) တစ္ေယာက္ ဂီတေလာကထဲ ေပ်ာက္ခ်က္သားေကာင္းေနခဲ့တာအေတာ္ၾကာျပီျဖစ္ျပီး လတ္တေလာမွာေတာ့ ရသတစ္ေယာက္ ပရိသတ္ေတြဆီ သတင္းဆုိးၾကီးနဲ႕အတူ ျပန္ေပၚလာခဲ့တာျဖစ္ပါတယ္။


အဆိုေတာ္ရသ နဲ႕ အေပါင္းအပါ သံုးဦးကို မူးယစ္ေဆး၀ါးေတြနဲ႕အတူ မႏၱေလးၿမိဳ႕က ဧည့္ရိပ္မြန္ တစ္ခုမွာ ၾသဂုတ္လ ၁၅ ရက္ နံနက္ ၁ နာရီ၀န္းက်င္မွာ ဖမ္းဆီးရမိထားတယ္လုိ႕ သိရပါတယ္။ ေတးသီခ်င္းေကာင္းေလးေတြမ်ားစြာ ေရးစပ္ခဲ့သလုိ ကုိယ္တုိင္သီဆုိခဲ့တဲ့ သီခ်င္းအပုဒ္ေရတုိင္းကလည္း တစ္ပုဒ္ဆုိ တစ္ပုဒ္ဆုိသေလာက္ လူငယ္ပရိသတ္ေတြၾကားမွာ ေရပန္းစားခဲ့တာျဖစ္ပါတယ္။

ဂီတေလာကနဲ႕ အဆက္သြယ္ျပတ္ေနခဲ့တာၾကာျပီမုိ႕ သူ႕ကုိခ်စ္ခင္အားေပးတဲ့ ပရိသတ္ေတြကေတာ့ ဒီသတင္းဆုိးၾကီးနဲ႕ ပတ္သက္ျပီး ရသ အတြက္ စိတ္မေကာင္းျဖစ္ေနၾကပါတယ္။ ဒီျဖစ္ရပ္ဟာ သူ႔ရဲ႕ မၾကာမီထြက္ရွိမယ့္ ‘တတိယမ်က္လံုး’ စီးရီးကုိ ပရိသတ္က ေစာင့္ေမွ်ာ္ေနတုန္း ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

Photos Credit -Yatha Facebook page

Stella(Akhayar)

www.akhayar.com

[Unicode]

ပရိသတ်တွေဆီကို သတင်းဆိုးကြီးနဲ့ တစ်ကျော့ပြန်လာခဲ့တဲ့ အဆိုတော် ရသ

“ပြန်မဆုံနိုင်တော့ပြီဆိုတဲ့ အသိဆိုးတွေ ရန်ကုန်မြို့ကောင်းကင်မှာ ဒီမိုးတွေသည်းနေတုန်း .” ဆိုတဲ့ ဂျင်းနီနဲ့ ရသရဲ့ သီချင်းလေးကြားတာနဲ့ အမိုက်စားRap စာသားတွေရေးစပ်သီဆိုတတ်တဲ့ အဆိုတော်ရသကို ပြေးမြင်မိကြမှာပါ။ လူငယ်ပရိသတ်တွေပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့ Rapper အဆိုတော် ရသ (ရဲမင်းသိန်း) တစ်ယောက် ဂီတလောကထဲ ပျောက်ချက်သားကောင်းနေခဲ့တာအတော်ကြာပြီဖြစ်ပြီး လတ်တလောမှာတော့ ရသတစ်ယောက် ပရိသတ်တွေဆီ သတင်းဆိုးကြီးနဲ့အတူ ပြန်ပေါ်လာခဲ့တာဖြစ်ပါတယ်။


အဆိုတော်ရသ နဲ့ အပေါင်းအပါ သုံးဦးကို မူးယစ်ဆေးဝါးတွေနဲ့အတူ မန္တလေးမြို့က ဧည့်ရိပ်မွန် တစ်ခုမှာ သြဂုတ်လ ၁၅ ရက် နံနက် ၁ နာရီဝန်းကျင်မှာ ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။ တေးသီချင်းကောင်းလေးတွေများစွာ ရေးစပ်ခဲ့သလို ကိုယ်တိုင်သီဆိုခဲ့တဲ့ သီချင်းအပုဒ်ရေတိုင်းကလည်း တစ်ပုဒ်ဆို တစ်ပုဒ်ဆိုသလောက် လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တာဖြစ်ပါတယ်။

ဂီတလောကနဲ့ အဆက်သွယ်ပြတ်နေခဲ့တာကြာပြီမို့ သူ့ကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေကတော့ ဒီသတင်းဆိုးကြီးနဲ့ ပတ်သက်ပြီး ရသ အတွက် စိတ်မကောင်းဖြစ်နေကြပါတယ်။ ဒီဖြစ်ရပ်ဟာ သူ့ရဲ့ မကြာမီထွက်ရှိမယ့် ‘တတိယမျက်လုံး’ စီးရီးကို ပရိသတ်က စောင့်မျှော်နေတုန်း ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Photos Credit -Yatha Facebook page

Stella(Akhayar)

www.akhayar.com