[Zawgyi]

XXXTentacion နဲ႔ တစ္ေန႔တည္း ပစ္သတ္ခံခဲ့ရတဲ့ Rapper Jimmy Wopo

Rapper တစ္ေယာက္ျဖစ္တဲ့ XXXTentacion ဟာ ေမာ္တာဆုိင္ကယ္အေရာင္းဆိုင္က အထြက္မွာ ေသနတ္နဲ႔ ပစ္ခတ္ခံရျပီး ဇြန္လ ၁၈ ရက္ တနၤလာေန႔က ေသဆံုးခဲ့ရပါတယ္။ တစ္ေန႔တည္းျဖစ္တဲဲ့ တနလၤာေန႔မွာပဲ ထူးထူးဆန္းဆန္း ေနာက္ထပ္ Rapper တစ္ေယာက္ျဖစ္တဲ့ Jimmy Wopo ဟာ အေမရိကန္ႏိုင္ငံ Pittsburgh ျမိဳ႕မွာ ပစ္သတ္ခံခဲ့ရပါတယ္။

Jimmy Wopo

Jimmy Wopo

ေသဆံုးခ်ိန္မွာ Jimmy Wopo ဟာ အသက္ ၂၁ ႏွစ္သာ ရွိပါေသးတယ္။ သူနဲ႔ တျခားသူတစ္ေယာက္ကို ကားထဲမွာ ေသနတ္နဲ႔ ပစ္ခတ္ခံထားရတာကိုေတြ႔ရွိရတယ္လို႔ ရဲေတြက ဆုိပါတယ္။ အဲဒီကားဟာ လမ္းအလယ္မွာ ပိတ္မိေနျပီး တိုက္ခံထားရတဲ့ ပံုလည္း ေပၚပါတယ္။

ႏွစ္ေယာက္လံုးကို ေဆးရုံကို ပို႔ခဲ့ေပမယ့္ Jimmy Wopo ကေတာ့ ေသဆံုးသြားျပီး အမည္မေဖာ္ႏုိင္ေသးတဲ့ ေနာက္တစ္ေယာက္ကေတာ့ အခုဆိုရင္ စိတ္ခ်ရတဲ့ အေျခအေနကို ေရာက္ရွိေနျပီျဖစ္ပါတယ္။ပစ္ခတ္ခံရတဲ့ အေၾကာင္းတရားနဲ႔ တရားခံေတြကိုေတာ့ စံုစမ္းေနဆဲျဖစ္ပါတယ္။

Jimmy Wopo အတြက္ ပထမဆံုး ေအာင္ျမင္မႈလမ္းေၾကာင္းကို စေရာက္ေစခဲ့တဲ့ သီခ်င္းက ၂၀၁၆ ခုႏွစ္က ထြက္ရွိတဲ့ ‘Elm Street’ ျဖစ္ျပီး ဒီသီခ်င္းဟာ သူ႔ရဲ႕ ဘဝကို ျပန္ျပီး သရုပ္ေဖာ္ထားတဲ့ သီခ်င္းလည္း ျဖစ္ပါတယ္။

သူ႔ရဲ႕ ေသဆံုးရမႈအတြက္ Wiz Khalifa နဲ႔ Mac Miller လို နာမည္ၾကီး Rapper ေတြကလည္း လူမႈကြန္ရက္ေတြမွာ ဝမ္းနည္းေၾကာင္းေဖာ္ျပခဲ့ၾကပါတယ္။

Rest up bro 💔

A post shared by Wiz Khalifa (@wizkhalifa) on

Wopo ဟာ ဆယ္ေက်ာ္သက္အရြယ္တုန္းကလည္း ႏွစ္ၾကိမ္တုိင္ ပစ္ခတ္ခံခဲ့ရဖူးပါတယ္။ အခုေတာ့ အသက္ ၂၁ ႏွစ္မွာ တတိယအၾကိမ္ေျမာက္ ပစ္ခတ္ခံခဲ့့ရျပီး ဝမ္းနည္းဖြယ္ ေသဆံုးခဲ့ရတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ပဲ သူတို႔ဆီမွာ လက္နက္ကိုင္ျခင္းကို ထိန္းခ်ဳပ္ဖို႔ အျပင္းအထန္ၾကိဳးစားေနၾကတာ ျဖစ္ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Ref : cnn.com
[Unicode]

XXXTentacion နဲ့ တစ်နေ့တည်း ပစ်သတ်ခံခဲ့ရတဲ့ Rapper Jimmy Wopo

Rapper တစ်ယောက်ဖြစ်တဲ့ XXXTentacion ဟာ မော်တာဆိုင်ကယ်အရောင်းဆိုင်က အထွက်မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး ဇွန်လ ၁၈ ရက် တင်္နလာနေ့က သေဆုံးခဲ့ရပါတယ်။ တစ်နေ့တည်းဖြစ်တဲ့ တနင်္လာနေ့မှာပဲ ထူးထူးဆန်းဆန်း နောက်ထပ် Rapper တစ်ယောက်ဖြစ်တဲ့ Jimmy Wopo ဟာ အမေရိကန်နိုင်ငံ Pittsburgh မြို့မှာ ပစ်သတ်ခံခဲ့ရပါတယ်။

သေဆုံးချိန်မှာ Jimmy Wopo ဟာ အသက် ၂၁ နှစ်သာ ရှိပါသေးတယ်။ သူနဲ့ တခြားသူတစ်ယောက်ကို ကားထဲမှာ သေနတ်နဲ့ ပစ်ခတ်ခံထားရတာကိုတွေ့ရှိရတယ်လို့ ရဲတွေက ဆိုပါတယ်။ အဲဒီကားဟာ လမ်းအလယ်မှာ ပိတ်မိနေပြီး တိုက်ခံထားရတဲ့ ပုံလည်း ပေါ်ပါတယ်။

နှစ်ယောက်လုံးကို ဆေးရုံကို ပို့ခဲ့ပေမယ့် Jimmy Wopo ကတော့ သေဆုံးသွားပြီး အမည်မဖော်နိုင်သေးတဲ့ နောက်တစ်ယောက်ကတော့ အခုဆိုရင် စိတ်ချရတဲ့ အခြေအနေကို ရောက်ရှိနေပြီဖြစ်ပါတယ်။ပစ်ခတ်ခံရတဲ့ အကြောင်းတရားနဲ့ တရားခံတွေကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။

Jimmy Wopo အတွက် ပထမဆုံး အောင်မြင်မှုလမ်းကြောင်းကို စရောက်စေခဲ့တဲ့ သီချင်းက ၂၀၁၆ ခုနှစ်က ထွက်ရှိတဲ့ ‘Elm Street’ ဖြစ်ပြီး ဒီသီချင်းဟာ သူ့ရဲ့ ဘဝကို ပြန်ပြီး သရုပ်ဖော်ထားတဲ့ သီချင်းလည်း ဖြစ်ပါတယ်။

သူ့ရဲ့ သေဆုံးရမှုအတွက် Wiz Khalifa နဲ့ Mac Miller လို နာမည်ကြီး Rapper တွေက ဝမ်းနည်းကြောင်းဖော်ပြခဲ့ကြပါတယ်။ Wopo ဟာ ဆယ်ကျော်သက်အရွယ်တုန်းကလည်း နှစ်ကြိမ်တိုင် ပစ်ခတ်ခံခဲ့ရဖူးပါတယ်။ အခုတော့ အသက် ၂၁ နှစ်မှာ တတိယအကြိမ်မြောက် ပစ်ခတ်ခံခဲ့ရပြီး ဝမ်းနည်းဖွယ် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ သူတို့ဆီမှာ လက်နက်ကိုင်ခြင်းကို ထိန်းချုပ်ဖို့ အပြင်းအထန်ကြိုးစားနေကြတာ ဖြစ်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Ref : cnn.com