[Zawgyi]

မန္ယူအသင္းမွာ ေအာင္ျမင္မႈရယူခဲ့ၾကတဲ့ ျပည္ပ ကစားသမားမ်ား အပုိင္း(၁)

၁၈၇၈ ခုႏွစ္က စတင္ျဖစ္တည္လာတဲ့ မန္ယူအသင္းရဲ႕ သက္တမ္းက ႏွစ္ေပါင္း(၁၄၀)အထိ ၾကာျမင့္ေနပါၿပီ။ မန္ယူအသင္း သမုိင္းတစ္ေလွ်ာက္ ျပည္ပကစားသမား အမ်ားႀကီး လာကစားခဲ့ဖူးၿပီး ေအာင္ျမင္မႈ ရတဲ့သူရွိသလုိ၊ နာမည္ႀကီးေပမယ့္ ထင္သေလာက္ ေအာင္ျမင္မႈမရခဲ့တဲ့သူေတြလည္း အမ်ားႀကီးပါပဲ။ အခုေဖာ္ျပခ်င္တာက မန္ယူအသင္းမွာ သမုိင္းတြင္မယ့္ ေအာင္ျမင္မႈရယူႏုိင္ခဲ့ၾကတဲ့ ျပည္ပကစားသမားေတြျဖစ္ပါတယ္။ သူတို႔ေတြက ဘယ္သူေတြလဲဆုိတာေတာ့ . . .

၁၀.ဒီဂီယာ David De Gea

De-Gea

De-Gea

မန္ယူအသင္းကုိ စစေရာက္ခ်င္းမွာ ဒီဂီယာရဲ႕အရည္အခ်င္းကုိ အသိအမွတ္ျပဳသူ ခပ္ရွားရွားပါ။ ဗန္ဒါဆား Van Der Sar ရဲ႕ေနရာကုိ အစားထုိးဖုိ႔ ဖာဂူဆန္ Alex Ferguson က ဒီဂီယာကုိ ယုံယုံၾကည္ၾကည္နဲ႔ ေခၚခဲ့တာျဖစ္ၿပီး ၂၀၁၁-၁၂ ရာသီအစပုိင္းမွာ ႐ုန္းကန္ခဲ့ရေပမယ့္ အဲဒီေနာက္ပုိင္းကစလုိ႔ အခုအခ်ိန္အထိ ကမၻာ႔အဆင့္ ဂုိးသမားတစ္ဦးျဖစ္ေအာင္ စြမ္းေဆာင္ႏုိင္ခဲ့တယ္။

Honours at the club: 1 x Premier League, 1x FA Cup, 1 x EFL Cup, 3 x Community Shield, 1 x Europa League

၉.ပက္ဂ်ီဆန္ Park Ji-sung

Park-Ji-sung

Park-Ji-sung

ဒီေတာင္ကုိရီးယားသားကေတာ့ မန္ယူအသင္း သမုိင္းတစ္ေလွ်ာက္မွာ ေအာင္ျမင္မႈအမ်ားဆုံး အာရွကစားသမားအျဖစ္ သတ္မွတ္ရမယ္။ “အဆုတ္(၃)ခုနဲ႔ လူ” ဆုိၿပီးေတာ့ တင္စားခံခဲ့ရသူ ပက္ဂ်ီဆန္ဟာ တစ္ကြင္းလုံးကုိ မေမာမပန္း ေျပးလႊားကစားတတ္သူျဖစ္ၿပီး မန္ယူအသင္းရဲ႕ ေအာင္ျမင္မႈေတြအတြက္ အဓိက အခန္းက႑မွာ ပါ၀င္ခဲ့တယ္။ ေဘာလုံးသမားဘ၀က အနားယူသြားၿပီျဖစ္ေပမယ့္ ပက္ဂ်ီဆန္က မန္ယူပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ျဖစ္ေနဆဲပါ။

Honours at the club: 4 x Premier League, 3 x EFL Cup, 4 x Community Shield, 1 x UEFA Champions League, 1 x FIFA Club World Cup

၈.ဗန္ဒါဆား Van der Sar

Van-der-Sar

Van-der-Sar

မန္ယူကုိ ေရာက္ရွိခဲ့တဲ့အခ်ိန္မွာ ဗန္ဒါဆားရဲ႕အသက္က (၃၅)ႏွစ္ရွိေနၿပီျဖစ္လုိ႔ အေကာင္းဆုံးအခ်ိန္ေတြကုိ ေက်ာ္လြန္သြားခဲ့ၿပီဆုိၿပီး ေ၀ဖန္ခံခဲ့ရေသးတယ္။ ဒါေပမဲ့ ဗန္ဒါဆားဟာ မန္ယူအသင္းဂုိးေပါက္ကုိ အေကာင္းဆုံး ကာကြယ္ျပၿပီး ‘Age is just a number’ အသက္အရြယ္ဆုိတာက နံပါတ္သတ္မွတ္ခ်က္ တစ္ခုသာျဖစ္တယ္ဆုိတာ ျပသခဲ့တယ္။ မန္ယူဂႏၳ၀င္ႀကီး ရွမုိက္ကယ္ Peter Schmeichel လုိပဲ ဗန္ဒါဆားကုိ မန္ယူအသင္းရဲ႕အေကာင္းဆုံး ဂုိးသမားတစ္ဦးအျဖစ္ သတ္မွတ္ရမွာပဲျဖစ္ပါတယ္။

Honours at the club: 4 x Premier League, 1 x EFL Cup, 3 x Community Shield, 1 x UEFA Champions League, 1 x FIFA Club World Cup

၇.အီဗရာ Patrice Evra

Evra

Evra

မန္ယူအသင္းရဲ႕ ဘယ္ျခမ္းတိုက္စစ္က အီဗရာ မရွိေတာ့တဲ့ေနာက္ပုိင္း ႐ုန္းကန္ေနရတာကုိ ပရိသတ္ေတြ အသိပဲျဖစ္လိမ့္မယ္။ Overlap ၊ Defending Skill ဘာမွေျပာစရာမလုိေအာင္ ေကာင္းမြန္တဲ့ ေနာက္ခံလူတစ္ဦးပါ။ သူ႔လုိကစားသမားမ်ိဳး မန္ယူ ထပ္မံပုိင္ဆုိင္ရဖုိ႔ဆုိတာက အခ်ိန္အတိုင္းအတာတစ္ခုအထိေတာ့ ၾကာျမင့္ဦးမယ့္အေနအထားပါပဲ။

Honours at the club: 5 x Premier League, 3 x EFL Cup, 5 x Community Shield, 1 x UEFA Champions League, 1 x FIFA Club World Cup

၆.ဗီဒစ္ Vidic

Vidic

Vidic

“Siberian Bull “လုိ႔ တင္စားရမယ့္ ဗီဒစ္ဟာ ဖာဒီနန္ Ferdinand နဲ႔တဲြဖက္ၿပီး Vidic-Ferdinand ေခတ္တစ္ခုကုုိ တည္ေဆာက္ႏုိင္ခဲ့တယ္။ စတိဗ္ဘ႐ုစ္ Steve Bruce နဲ႔ ေပၚလစၥတာ Gary Pallister အတြဲလုိပဲ ဗီဒစ္-ဖာဒီနန္ခံစစ္အတြဲက မန္ယူအသင္းသမုိင္းတစ္ေလွ်ာက္ အေကာင္းဆုံးျဖစ္ခဲ့တယ္။ ၂၀၁၄ ခုႏွစ္မွာ မန္ယူအသင္းနဲ႔ လမ္းခဲြၿပီး အခုေတာ့ ေဘာလုံးသမားဘ၀ကေန အနားယူသြားပါၿပီ။

Honours at the club: 5 x Premier League, 3 x EFL Cup, 5 x Community Shield, 1 x UEFA Champions League, 1 x FIFA Club World Cup

မန္ယူအသင္းမွာ ေအာင္ျမင္ခဲ့တဲ့ ျပည္ပကစားသမားေတြထဲက (၅)ဦးကုိ အပုိင္း(၁)အျဖစ္ ေဖာ္ျပခ့ဲတာျဖစ္ၿပီး အပုိင္း(၂)ဆက္လာမွာျဖစ္လုိ႔ ေစာင့္ေမွ်ာ္ဖတ္႐ႈၾကပါဦး . .ပရိသတ္ႀကီးေရ . .

REF:sportskeeda
Photo:Football365,Twitter,Philadelphia Union,Wallpapersdsc.net,Metro,Goal.com
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မန်ယူအသင်းမှာ အောင်မြင်မှုရယူခဲ့ကြတဲ့ ပြည်ပ ကစားသမားများ အပိုင်း(၁)

၁၈၇၈ ခုနှစ်က စတင်ဖြစ်တည်လာတဲ့ မန်ယူအသင်းရဲ့ သက်တမ်းက နှစ်ပေါင်း(၁၄၀)အထိ ကြာမြင့်နေပါပြီ။ မန်ယူအသင်း သမိုင်းတစ်လျှောက် ပြည်ပကစားသမား အများကြီး လာကစားခဲ့ဖူးပြီး အောင်မြင်မှု ရတဲ့သူရှိသလို၊ နာမည်ကြီးပေမယ့် ထင်သလောက် အောင်မြင်မှုမရခဲ့တဲ့သူတွေလည်း အများကြီးပါပဲ။ အခုဖော်ပြချင်တာက မန်ယူအသင်းမှာ သမိုင်းတွင်မယ့် အောင်မြင်မှုရယူနိုင်ခဲ့ကြတဲ့ ပြည်ပကစားသမားတွေဖြစ်ပါတယ်။ သူတို့တွေက ဘယ်သူတွေလဲဆိုတာတော့ . . .

၁၀.ဒီဂီယာ David De Gea

De-Gea

De-Gea

မန်ယူအသင်းကို စစရောက်ချင်းမှာ ဒီဂီယာရဲ့အရည်အချင်းကို အသိအမှတ်ပြုသူ ခပ်ရှားရှားပါ။ ဗန်ဒါဆား Van Der Sar ရဲ့နေရာကို အစားထိုးဖို့ ဖာဂူဆန် Alex Ferguson က ဒီဂီယာကို ယုံယုံကြည်ကြည်နဲ့ ခေါ်ခဲ့တာဖြစ်ပြီး ၂၀၁၁-၁၂ ရာသီအစပိုင်းမှာ ရုန်းကန်ခဲ့ရပေမယ့် အဲဒီနောက်ပိုင်းကစလို့ အခုအချိန်အထိ ကမ္ဘာ့အဆင့် ဂိုးသမားတစ်ဦးဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တယ်။

Honours at the club: 1 x Premier League, 1x FA Cup, 1 x EFL Cup, 3 x Community Shield, 1 x Europa League

၉.ပက်ဂျီဆန် Park Ji-sung

Park-Ji-sung

Park-Ji-sung

ဒီတောင်ကိုရီးယားသားကတော့ မန်ယူအသင်း သမိုင်းတစ်လျှောက်မှာ အောင်မြင်မှုအများဆုံး အာရှကစားသမားအဖြစ် သတ်မှတ်ရမယ်။ “အဆုတ်(၃)ခုနဲ့ လူ” ဆိုပြီးတော့ တင်စားခံခဲ့ရသူ ပက်ဂျီဆန်ဟာ တစ်ကွင်းလုံးကို မမောမပန်း ပြေးလွှားကစားတတ်သူဖြစ်ပြီး မန်ယူအသင်းရဲ့ အောင်မြင်မှုတွေအတွက် အဓိက အခန်းကဏ္ဍမှာ ပါဝင်ခဲ့တယ်။ ဘောလုံးသမားဘဝက အနားယူသွားပြီဖြစ်ပေမယ့် ပက်ဂျီဆန်က မန်ယူပရိသတ်တွေရဲ့ အချစ်တော်ဖြစ်နေဆဲပါ။

Honours at the club: 4 x Premier League, 3 x EFL Cup, 4 x Community Shield, 1 x UEFA Champions League, 1 x FIFA Club World Cup

၈.ဗန်ဒါဆား Van der Sar

Van-der-Sar

Van-der-Sar

မန်ယူကို ရောက်ရှိခဲ့တဲ့အချိန်မှာ ဗန်ဒါဆားရဲ့အသက်က (၃၅)နှစ်ရှိနေပြီဖြစ်လို့ အကောင်းဆုံးအချိန်တွေကို ကျော်လွန်သွားခဲ့ပြီဆိုပြီး ဝေဖန်ခံခဲ့ရသေးတယ်။ ဒါပေမဲ့ ဗန်ဒါဆားဟာ မန်ယူအသင်းဂိုးပေါက်ကို အကောင်းဆုံး ကာကွယ်ပြပြီး ‘Age is just a number’ အသက်အရွယ်ဆိုတာက နံပါတ်သတ်မှတ်ချက် တစ်ခုသာဖြစ်တယ်ဆိုတာ ပြသခဲ့တယ်။ မန်ယူဂန္ထဝင်ကြီး ရှမိုက်ကယ် Peter Schmeichel လိုပဲ ဗန်ဒါဆားကို မန်ယူအသင်းရဲ့အကောင်းဆုံး ဂိုးသမားတစ်ဦးအဖြစ် သတ်မှတ်ရမှာပဲဖြစ်ပါတယ်။

Honours at the club: 4 x Premier League, 1 x EFL Cup, 3 x Community Shield, 1 x UEFA Champions League, 1 x FIFA Club World Cup

၇.အီဗရာ Patrice Evra

Evra

Evra

မန်ယူအသင်းရဲ့ ဘယ်ခြမ်းတိုက်စစ်က အီဗရာ မရှိတော့တဲ့နောက်ပိုင်း ရုန်းကန်နေရတာကို ပရိသတ်တွေ အသိပဲဖြစ်လိမ့်မယ်။ Overlap ၊ Defending Skill ဘာမှပြောစရာမလိုအောင် ကောင်းမွန်တဲ့ နောက်ခံလူတစ်ဦးပါ။ သူ့လိုကစားသမားမျိုး မန်ယူ ထပ်မံပိုင်ဆိုင်ရဖို့ဆိုတာက အချိန်အတိုင်းအတာတစ်ခုအထိတော့ ကြာမြင့်ဦးမယ့်အနေအထားပါပဲ။

Honours at the club: 5 x Premier League, 3 x EFL Cup, 5 x Community Shield, 1 x UEFA Champions League, 1 x FIFA Club World Cup

၆.ဗီဒစ် Vidic

Vidic

Vidic

“Siberian Bull “လို့ တင်စားရမယ့် ဗီဒစ်ဟာ ဖာဒီနန် Ferdinand နဲ့တွဲဖက်ပြီး Vidic-Ferdinand ခေတ်တစ်ခုကို တည်ဆောက်နိုင်ခဲ့တယ်။ စတိဗ်ဘရုစ် Steve Bruce နဲ့ ပေါ်လစ္စတာ Gary Pallister အတွဲလိုပဲ ဗီဒစ်-ဖာဒီနန်ခံစစ်အတွဲက မန်ယူအသင်းသမိုင်းတစ်လျှောက် အကောင်းဆုံးဖြစ်ခဲ့တယ်။ ၂၀၁၄ ခုနှစ်မှာ မန်ယူအသင်းနဲ့ လမ်းခွဲပြီး အခုတော့ ဘောလုံးသမားဘဝကနေ အနားယူသွားပါပြီ။

Honours at the club: 5 x Premier League, 3 x EFL Cup, 5 x Community Shield, 1 x UEFA Champions League, 1 x FIFA Club World Cup

မန်ယူအသင်းမှာ အောင်မြင်ခဲ့တဲ့ ပြည်ပကစားသမားတွေထဲက (၅)ဦးကို အပိုင်း(၁)အဖြစ် ဖော်ပြခဲ့တာဖြစ်ပြီး အပိုင်း(၂)ဆက်လာမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုကြပါဦး . .ပရိသတ်ကြီးရေ . .

REF:sportskeeda
Photo:Football365,Twitter,Philadelphia Union,Wallpapersdsc.net,Metro,Goal.com
Naing Linn(Akhayar)
www.akhayar.com