This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဒီဂီယာ De Gea ကုိ စိတ္ဓာတ္မက်ဖုိ႔ တိုက္တြန္းခဲ့တဲ့ ရာမုိ႔စ္ Ramos နဲ႔ ေမာ္ရင္ဟုိ Mourinho

စပိန္အသင္းေခါင္းေဆာင္ ေနာက္ခံလူ ရာမုိ႔စ္ Ramos က ေပၚတူဂီနဲ႔ပဲြမွာ စိတ္ပ်က္စရာအမွားက်ဴးလြန္ခဲ့တဲ့ ဂုိးသမား ဒီဂီယာ De Gea ကုိ အားေပးခဲ့ၿပီး စိတ္ဓာတ္မက်ဖုိ႔ တုိက္တြန္းေျပာဆုိခဲ့တယ္။ ေပၚတူဂီနဲ႔(၃)ဂုိးစီသေရက်ခဲ့တဲ့ပဲြမွာ စပိန္အသင္းေပးလုိက္ရတဲ့ ဒုတိယဂုိးက ဒီဂီယာရဲ႕ ဘယ္လုိမွ မျဖစ္သင့္တဲ့အမွားကေန ခြင့္ျပဳလုိက္ရတာျဖစ္ၿပီး အဲဒီအတြက္လည္း ဒီဂီယာဟာ ဖိအား၊ ေ၀ဖန္မႈေတြနဲ႔ ရင္ဆုိင္ေနရပါတယ္။ အဲဒီပဲြအၿပီးမွာ ဒီဂီယာက “ဂုိးသမားေနရာမွာ ကစားဖူးတဲ့သူမွ ကြင္းထဲမွာ ဘယ္ေလာက္အခက္အခဲ ဖိအားေတြရွလဲဆုိတာ သိႏုိင္ပါတယ္”လုိ႔ မီဒီယာေတြကုိ ေျဖၾကားခဲ့တယ္။

De-Gea-Howler-Goal

De-Gea-Howler-Goal

အခု ရာမုိ႔စ္ကလည္း သူ႔ရဲ႕အသင္းေဖာ္ ဒီဂီယာ စိတ္ဓာတ္မက်ေစဖုိ႔အတြက္ အားေပးစကားဆုိခဲ့ပါ။ ရာမုိ႔စ္က သူရဲ႕ Twitter စာမ်က္ႏွာမွာ ”အမွား မလုပ္ဖူးတဲ့သူဆုိတာ မရွိဘူး။ ဘယ္ေတာ့မွ အ႐ႈံးမေပးနဲ႔။ မင္းဟာ ငါ့ရဲ႕အသင္းေဖာ္ပဲ။ ဒီဂီယာ၊ ေရွ႕ဆက္ႀကိဳးစားသြားမယ္”လုိ႔ ေရးသားခဲ့တယ္။ ရာမုိ႔စ္အျပင္ မန္ယူအသင္းနည္းျပေမာ္ရင္ဟုိ Mourinho ကလည္း ”အဲဒီလုိ အမွားမ်ိဳး မန္ယူအသင္းမွာ ဒီဂီယာ မက်ဴးလြန္ခဲ့ပါဘူး။ ဘာျဖစ္လုိ႔လဲဆုိေတာ့ သူ႔ရဲ႕ အံ့အားသင့္စရာ စြမ္းေဆာင္မႈေၾကာင့္ ၿပီးခဲ့တဲ့ရာသီအေကာင္းဆုံးဆုေတြကုိ ဆြတ္ခူးႏုိင္ခဲ့လုိ႔ပါပဲ။ ဒါေပမဲ့ ဒီလုိအမွားေတြက အေကာင္းဆုံးဆုိတဲ့ ကစားသမားတိုင္း ျဖစ္တတ္ၾကတာပါပဲ”လုိ႔ ေျပာၾကားခဲ့ပါတယ္။

REF:Goal.com
Photo:vaaju,Goal.com
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဒီဂီယာ De Gea ကို စိတ်ဓာတ်မကျဖို့ တိုက်တွန်းခဲ့တဲ့ ရာမို့စ် Ramos နဲ့ မော်ရင်ဟို Mourinho

စပိန်အသင်းခေါင်းဆောင် နောက်ခံလူ ရာမို့စ် Ramos က ပေါ်တူဂီနဲ့ပွဲမှာ စိတ်ပျက်စရာအမှားကျူးလွန်ခဲ့တဲ့ ဂိုးသမား ဒီဂီယာ De Gea ကို အားပေးခဲ့ပြီး စိတ်ဓာတ်မကျဖို့ တိုက်တွန်းပြောဆိုခဲ့တယ်။ ပေါ်တူဂီနဲ့(၃)ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ စပိန်အသင်းပေးလိုက်ရတဲ့ ဒုတိယဂိုးက ဒီဂီယာရဲ့ ဘယ်လိုမှ မဖြစ်သင့်တဲ့အမှားကနေ ခွင့်ပြုလိုက်ရတာဖြစ်ပြီး အဲဒီအတွက်လည်း ဒီဂီယာဟာ ဖိအား၊ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒီပွဲအပြီးမှာ ဒီဂီယာက “ဂိုးသမားနေရာမှာ ကစားဖူးတဲ့သူမှ ကွင်းထဲမှာ ဘယ်လောက်အခက်အခဲ ဖိအားတွေရှလဲဆိုတာ သိနိုင်ပါတယ်”လို့ မီဒီယာတွေကို ဖြေကြားခဲ့တယ်။

De-Gea-Howler-Goal

De-Gea-Howler-Goal

အခု ရာမို့စ်ကလည်း သူ့ရဲ့အသင်းဖော် ဒီဂီယာ စိတ်ဓာတ်မကျစေဖို့အတွက် အားပေးစကားဆိုခဲ့ပါ။ ရာမို့စ်က သူရဲ့ Twitter စာမျက်နှာမှာ ”အမှား မလုပ်ဖူးတဲ့သူဆိုတာ မရှိဘူး။ ဘယ်တော့မှ အရှုံးမပေးနဲ့။ မင်းဟာ ငါ့ရဲ့အသင်းဖော်ပဲ။ ဒီဂီယာ၊ ရှေ့ဆက်ကြိုးစားသွားမယ်”လို့ ရေးသားခဲ့တယ်။ ရာမို့စ်အပြင် မန်ယူအသင်းနည်းပြမော်ရင်ဟို Mourinho ကလည်း ”အဲဒီလို အမှားမျိုး မန်ယူအသင်းမှာ ဒီဂီယာ မကျူးလွန်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ အံ့အားသင့်စရာ စွမ်းဆောင်မှုကြောင့် ပြီးခဲ့တဲ့ရာသီအကောင်းဆုံးဆုတွေကို ဆွတ်ခူးနိုင်ခဲ့လို့ပါပဲ။ ဒါပေမဲ့ ဒီလိုအမှားတွေက အကောင်းဆုံးဆိုတဲ့ ကစားသမားတိုင်း ဖြစ်တတ်ကြတာပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

REF:Goal.com
Photo:vaaju,Goal.com
Naing Linn(Akhayar)
www.akhayar.com