[Zawgyi]

လတ္တေလာ Ramen ေခါက္ဆြဲ အတန္ဆံုးနဲ႔အေကာင္းဆံုး Junction City က Ramen Ippudo

Ramen ဆိုတာက ဂ်ပန္လူမ်ိဳးေတြဆီကေန က်ယ္က်ယ္ျပန္႔ျပန္႔ဆင္းသက္လာၿပီး ျမန္မာလူမ်ိဳးေတြရဲ႕ လွ်ာဖ်ားထဲထိ စိမ့္ဝင္လာတဲ့ အစားအစာယဥ္ေက်းမႈတစ္ရပ္ဆို မမွားေလာက္ဖူးေနာ္။

အဲ့လို Ramen ေကာင္းေကာင္းနဲ႔ ဂ်ပန္စာေလးေတြကို လတ္လတ္ဆတ္ဆတ္သန္႔ရွင္းမႈရွိရွိနဲ႔ စိတ္ခ်မ္းခ်မ္းသာသာ စားခ်င္သူေတြအတြက္ဆိုရင္ေတာ့ ဒီတခါ ရံုးေန႔လည္စာ စားျဖစ္ခဲ့တဲ့ Ramen Ippudo ဆိုင္အေၾကာင္းေလး အခရာကေန ေျပာျပခ်င္ပါတယ္ရွင့္။

Junction City ႀကီးရဲ႕ အေပၚထပ္ ပဥၥမထပ္က ႐ုပ္ရွင္ရံုေတြ၊ Food Streat ေတြရွိတဲ့အထပ္ႀကီးမွာ Church ေက်ာင္းဘက္ကို မ်က္ႏွာမူထားတဲ့ အျပင္ဘက္ခံုစားပြဲေတြကေတာ့ Junction City ေရာက္တိုင္း Chilling လုပ္ဖို႔ အေကာင္းဆံုးေနရာေတြပါပဲ။

အဲ့လိုဆိုင္ေကာင္းေတြထဲက Ramen Ippudo ဆိုတဲ့ဆိုင္ေလးကေတာ့ ဆိုင္ေရွ႕က Promotion Item Set ေတြနဲ႔တင္ ဆိုင္ထဲဝင္စားခ်င္မိေအာင္ ဆြဲေဆာင္ပါေလေရာ။ ေရးထားတာလည္း ၾကည့္ဦးေလ။ ၾကက္သား ရိႈယုဆိုတဲ့ Ramen ပန္းကန္လံုးႀကီးအျပည့္ တစ္ပြဲရယ္၊ လက္ဖက္ရည္ေအးတစ္ခြက္ရယ္၊ အခ်ိဳပြဲတစ္ပြဲရယ္ ၃ခုေပါင္း ပံုမွန္ ၉၄၀၀ က်မယ့္ Set တစ္ခုလံုးကို Ramen တစ္ပြဲစာ ၄၉၀၀ ပဲက်ေတာ့မယ္ဆိုေတာ့ တစ္ဖြဲ႕လံုးတက္ညီလက္ညီဝင္ခဲ့တာေပါ့ေနာ္။

ဆိုင္ေလးထဲ ဝင္တာနဲ႔ ဂ်ပန္ကို ခနတျဖဳတ္ေရာက္သြားသလိုပဲ။ ဆိုင္နံရံေတြကို ဇြန္းနီနီေလးေတြအျပည့္နဲ႔အလွဆင္ထားတယ္။ ဆိုင္ေလးက သန္႔ရွင္းေနတယ္။ တိတ္တိတ္ဆိတ္ဆိတ္ေလးနဲ႔ အဆင့္အတန္းမီမီေလး။ သေဘာက်စရာအေကာင္းဆံုးကေတာ့ ဝန္ထမ္းေလးေတြရဲ႕ ေဖာ္ေရြမႈပါပဲ။

မွာမယ္ ဘာညာဆိုေတာ့ မီႏူးၾကည့္ ေစ်းေတြဖတ္ၾကည့္တဲ့အခါ ေစ်းႀကီးတာလည္း ရွိသလို ေစ်းသက္သာတာေလးေတြလည္းရွိတယ္။

ပ်မ္းမွ် ၃၅၀၀ ဝန္းက်င္ကေန ၉၀၀၀၊ ၁၀၀၀၀ ထိေပါ့။ ကိုယ္ေတြကေတာ့ ၄ေယာက္သြားေတာ့ Discount Set ၂ မ်ိဳးထဲက Chicken Shoyu ရယ္၊ အာလူးဆလတ္ ရယ္။ ထူးထူးဆန္းဆန္း ဖက္ထုပ္ခ်ဥ္စပ္ရယ္မွာခဲ့တယ္။ မွာၿပီး သိပ္မၾကာဘူးေရာက္လာၾကပါေလေရာ။

Chicken Shoyu
ဒီ Ramen က မွ်စ္၊ ၾကက္သား၊ ေရညွိ၊ ၾကက္သြန္ၿမိတ္ ေခါက္ဆြဲသားနဲ႔ အရသာေလးေလးဘက္ကိုသြားတဲ့ Ramen မ်ိဳး။ ပန္းကန္လံုးႀကီးအျပည့္ဆိုေတာ့ တစ္ေယာက္တစ္လက္ ဆြဲၾကရင္း စားလို႔ခ်က္ခ်င္းေျပာင္ပါေရာလား။ ေလးေပမယ့္ အရည္အရသာေကာင္းလြန္းလို႔ စားရတာ စိတ္ေက်နပ္ရတယ္။ မိုးတြင္းနဲ႔ ကြက္တိ။

အာလူးသုတ္
အေကာင္းဆံုးပဲ။ အာလူးကို ကဏန္းသားဖတ္ေလးေတြနဲ႔ Mayonnaise ႏိုင္ႏိုင္ ေမႊးေမႊးေအးေအးအရသာရွယ္သုတ္ထားေပးတာ။ မက်က္တက်က္ၾကက္ဥျခမ္းေလးနဲ႔ဆိုေတာ့ စားရင္းစားရင္း ဇြန္းမခ်ခ်င္ေလာက္ေအာင္ ႀကိဳက္မိတဲ့ပြဲေလးပါ။ ၃၀၀၀ ပါတဲ့။

ဖက္ထုပ္ခ်ဥ္စပ္
႐ိုး႐ိုးဖက္ထုပ္ျပဳတ္ကို အေပၚက ေဆာ့စ္ခ်ဥ္စပ္င႐ုတ္ဖတ္ေလးေတြဆမ္းလိုက္တာပါပဲ။ ၅ခု၊၆ခုေလာက္ပါမယ္ထင္တယ္။ သိပ္မထူးဆန္းဘူးခံစားရေပမယ့္ ဖက္ထုပ္အထဲက အသားဌာပနာက ရဲၿပီးလတ္ဆတ္ေနတာေတြ႕ရတာလည္း စိတ္ေက်နပ္စရာပါပဲ။ ၄၅၀၀ တဲ့။

Rooibos Tea Pudding
သူ႔ကိုမွာရင္ ထပ္ခ်ေပးတဲ့ Tea Pudding ေလးကေတာ့ ပံုမွန္ဆို၂၅၀၀ ေပမယ့္ Set ထဲပါၿပီးသားဆိုေတာ့ လက္ေဆာင္အေနနဲ႔ တန္မွတန္ပဲ။ အရသာကေတာ့ ပူတင္းသားေလးခ်ိဳခ်ိဳေပမယ့္ အေပၚကဆမ္းထားတဲ့ အခ်ိဳရည္ေလးကေတာ့ ရွိန္းတိန္းဖိန္းတိန္းျဖစ္သြားေစတဲ့အထိပါပဲ။ ႀကိဳက္လားဆိုရင္ေတာ့ သိပ္မစားတတ္ဘူး။ ဒါေပမယ့္လည္း Discount Item အျဖစ္ Free ရတာဆိုေတာ့ ႀကိဳက္တဲ့သူရွိရင္တန္တာပါပဲ။

လူ ၄ေယာက္ ဒီ ၃ပြဲေလာက္နဲ႔ ဗိုက္ဝခဲ့ၿပီး သိပ္ေစ်းႀကီးႀကီးမက်ခဲ့တာေတာ့ ေက်နပ္ပါတယ္။ အဆင္မေျပတာကေတာ့ ပံုမွန္ဂ်ပန္ဆိုင္ေတြမွာ Welcome Drink အျဖစ္ခ်ေပးတဲ့ လက္ဖက္ရည္ႀကမ္းကို Green Tea Cold ဆိုၿပီး ၂၀၀၀ သက္သက္ယူတာကို Discount Item ထဲ အလကားပံုစံနဲ႔ထည့္ေပးထားတာကေတာ့ စိတ္ထဲတမ်ိဳးႀကီးျဖစ္ရပါတယ္။

ေနာက္ထပ္ေျပာရရင္ Bill ရွင္းတဲ့အခါ Total Bill အျပင္ Service Tax 10% ထပ္ေပါင္းၿပီး ရလာတဲ့ Bill စုစုေပါင္းအေပၚကိုမွ Total Tax ဆိုၿပီး 5% ထပ္ယူတာကေတာ့ Service Tax ဖိုးပါေပးရတဲ့အျပင္ အဲ့ Tax ဖိုးကိုေတာင္မွ 5% ထဲထည့္တြက္တာကို အဆင္ေျပရင္ ျပင္ဆင္ေစခ်င္ပါတယ္။

က်န္တာေတာ့ ေနရာထိုင္ခင္းမ်ိဳးေရာ၊ ဝန္ထမ္းပိုင္းေရာ အစားအေသာက္ပိုင္းပါ သေဘာက်ခဲ့ရတဲ့ဆိုင္ေလးပါ။ ၾကံဳတုန္း Junction City ေရာက္ခဲ့လို႔ ႐ုပ္ရွင္မႀကည့္ခင္ ဗိုက္အဆာေျပေလးစားခ်င္ရင္ ခ်စ္သူစံုတြဲေတြ ဒီမွာ တစ္ Set မွာၿပီး ၂ေယာက္တအိပ္မက္လည္း လုပ္လို႔ရေသးတယ္ေနာ္။ အျပင္မွာလည္း ဓါတ္ဖမ္းလို႔ လွေသးတယ္ဆိုေတာ့ ဘာလိုေသးလဲ…သြားစားၾကည့္ဖို႔ပဲ လိုေတာ့တယ္ေနာ္။

FoodieEi ( Akhayar )

[Unicode]

လတ်တလော Ramen ခေါက်ဆွဲ အတန်ဆုံးနဲ့အကောင်းဆုံး Junction City က Ramen Ippudo

Ramen ဆိုတာက ဂျပန်လူမျိုးတွေဆီကနေ ကျယ်ကျယ်ပြန့်ပြန့်ဆင်းသက်လာပြီး မြန်မာလူမျိုးတွေရဲ့ လျှာဖျားထဲထိ စိမ့်ဝင်လာတဲ့ အစားအစာယဉ်ကျေးမှုတစ်ရပ်ဆို မမှားလောက်ဖူးနော်။

အဲ့လို Ramen ကောင်းကောင်းနဲ့ ဂျပန်စာလေးတွေကို လတ်လတ်ဆတ်ဆတ်သန့်ရှင်းမှုရှိရှိနဲ့ စိတ်ချမ်းချမ်းသာသာ စားချင်သူတွေအတွက်ဆိုရင်တော့ ဒီတခါ ရုံးနေ့လည်စာ စားဖြစ်ခဲ့တဲ့ Ramen Ippudo ဆိုင်အကြောင်းလေး အခရာကနေ ပြောပြချင်ပါတယ်ရှင့်။

Junction City ကြီးရဲ့ အပေါ်ထပ် ပဉ္စမထပ်က ရုပ်ရှင်ရုံတွေ၊ Food Streat တွေရှိတဲ့အထပ်ကြီးမှာ Church ကျောင်းဘက်ကို မျက်နှာမူထားတဲ့ အပြင်ဘက်ခုံစားပွဲတွေကတော့ Junction City ရောက်တိုင်း Chilling လုပ်ဖို့ အကောင်းဆုံးနေရာတွေပါပဲ။

အဲ့လိုဆိုင်ကောင်းတွေထဲက Ramen Ippudo ဆိုတဲ့ဆိုင်လေးကတော့ ဆိုင်ရှေ့က Promotion Item Set တွေနဲ့တင် ဆိုင်ထဲဝင်စားချင်မိအောင် ဆွဲဆောင်ပါလေရော။ ရေးထားတာလည်း ကြည့်ဦးလေ။ ကြက်သား ရှိုယုဆိုတဲ့ Ramen ပန်းကန်လုံးကြီးအပြည့် တစ်ပွဲရယ်၊ လက်ဖက်ရည်အေးတစ်ခွက်ရယ်၊ အချိုပွဲတစ်ပွဲရယ် ၃ခုပေါင်း ပုံမှန် ၉၄၀၀ ကျမယ့် Set တစ်ခုလုံးကို Ramen တစ်ပွဲစာ ၄၉၀၀ ပဲကျတော့မယ်ဆိုတော့ တစ်ဖွဲ့လုံးတက်ညီလက်ညီဝင်ခဲ့တာပေါ့နော်။

ဆိုင်လေးထဲ ဝင်တာနဲ့ ဂျပန်ကို ခနတဖြုတ်ရောက်သွားသလိုပဲ။ ဆိုင်နံရံတွေကို ဇွန်းနီနီလေးတွေအပြည့်နဲ့အလှဆင်ထားတယ်။ ဆိုင်လေးက သန့်ရှင်းနေတယ်။ တိတ်တိတ်ဆိတ်ဆိတ်လေးနဲ့ အဆင့်အတန်းမီမီလေး။ သဘောကျစရာအကောင်းဆုံးကတော့ ဝန်ထမ်းလေးတွေရဲ့ ဖော်ရွေမှုပါပဲ။

မှာမယ် ဘာညာဆိုတော့ မီနူးကြည့် ဈေးတွေဖတ်ကြည့်တဲ့အခါ ဈေးကြီးတာလည်း ရှိသလို ဈေးသက်သာတာလေးတွေလည်းရှိတယ်။

ပျမ်းမျှ ၃၅၀၀ ဝန်းကျင်ကနေ ၉၀၀၀၊ ၁၀၀၀၀ ထိပေါ့။ ကိုယ်တွေကတော့ ၄ယောက်သွားတော့ Discount Set ၂ မျိုးထဲက Chicken Shoyu ရယ်၊ အာလူးဆလတ် ရယ်။ ထူးထူးဆန်းဆန်း ဖက်ထုပ်ချဉ်စပ်ရယ်မှာခဲ့တယ်။ မှာပြီး သိပ်မကြာဘူးရောက်လာကြပါလေရော။

Chicken Shoyu
ဒီ Ramen က မျှစ်၊ ကြက်သား၊ ရေညှိ၊ ကြက်သွန်မြိတ် ခေါက်ဆွဲသားနဲ့ အရသာလေးလေးဘက်ကိုသွားတဲ့ Ramen မျိုး။ ပန်းကန်လုံးကြီးအပြည့်ဆိုတော့ တစ်ယောက်တစ်လက် ဆွဲကြရင်း စားလို့ချက်ချင်းပြောင်ပါရောလား။ လေးပေမယ့် အရည်အရသာကောင်းလွန်းလို့ စားရတာ စိတ်ကျေနပ်ရတယ်။ မိုးတွင်းနဲ့ ကွက်တိ။

အာလူးသုတ်
အကောင်းဆုံးပဲ။ အာလူးကို ကဏန်းသားဖတ်လေးတွေနဲ့ Mayonnaise နိုင်နိုင် မွှေးမွှေးအေးအေးအရသာရှယ်သုတ်ထားပေးတာ။ မကျက်တကျက်ကြက်ဥခြမ်းလေးနဲ့ဆိုတော့ စားရင်းစားရင်း ဇွန်းမချချင်လောက်အောင် ကြိုက်မိတဲ့ပွဲလေးပါ။ ၃၀၀၀ ပါတဲ့။

ဖက်ထုပ်ချဉ်စပ်
ရိုးရိုးဖက်ထုပ်ပြုတ်ကို အပေါ်က ဆော့စ်ချဉ်စပ်ငရုတ်ဖတ်လေးတွေဆမ်းလိုက်တာပါပဲ။ ၅ခု၊၆ခုလောက်ပါမယ်ထင်တယ်။ သိပ်မထူးဆန်းဘူးခံစားရပေမယ့် ဖက်ထုပ်အထဲက အသားဌာပနာက ရဲပြီးလတ်ဆတ်နေတာတွေ့ရတာလည်း စိတ်ကျေနပ်စရာပါပဲ။ ၄၅၀၀ တဲ့။

Rooibos Tea Pudding
သူ့ကိုမှာရင် ထပ်ချပေးတဲ့ Tea Pudding လေးကတော့ ပုံမှန်ဆို၂၅၀၀ ပေမယ့် Set ထဲပါပြီးသားဆိုတော့ လက်ဆောင်အနေနဲ့ တန်မှတန်ပဲ။ အရသာကတော့ ပူတင်းသားလေးချိုချိုပေမယ့် အပေါ်ကဆမ်းထားတဲ့ အချိုရည်လေးကတော့ ရှိန်းတိန်းဖိန်းတိန်းဖြစ်သွားစေတဲ့အထိပါပဲ။ ကြိုက်လားဆိုရင်တော့ သိပ်မစားတတ်ဘူး။ ဒါပေမယ့်လည်း Discount Item အဖြစ် Free ရတာဆိုတော့ ကြိုက်တဲ့သူရှိရင်တန်တာပါပဲ။

လူ ၄ယောက် ဒီ ၃ပွဲလောက်နဲ့ ဗိုက်ဝခဲ့ပြီး သိပ်ဈေးကြီးကြီးမကျခဲ့တာတော့ ကျေနပ်ပါတယ်။ အဆင်မပြေတာကတော့ ပုံမှန်ဂျပန်ဆိုင်တွေမှာ Welcome Drink အဖြစ်ချပေးတဲ့ လက်ဖက်ရည်ကြမ်းကို Green Tea Cold ဆိုပြီး ၂၀၀၀ သက်သက်ယူတာကို Discount Item ထဲ အလကားပုံစံနဲ့ထည့်ပေးထားတာကတော့ စိတ်ထဲတမျိုးကြီးဖြစ်ရပါတယ်။

နောက်ထပ်ပြောရရင် Bill ရှင်းတဲ့အခါ Total Bill အပြင် Service Tax 10% ထပ်ပေါင်းပြီး ရလာတဲ့ Bill စုစုပေါင်းအပေါ်ကိုမှ Total Tax ဆိုပြီး 5% ထပ်ယူတာကတော့ Service Tax ဖိုးပါပေးရတဲ့အပြင် အဲ့ Tax ဖိုးကိုတောင်မှ 5% ထဲထည့်တွက်တာကို အဆင်ပြေရင် ပြင်ဆင်စေချင်ပါတယ်။

ကျန်တာတော့ နေရာထိုင်ခင်းမျိုးရော၊ ဝန်ထမ်းပိုင်းရော အစားအသောက်ပိုင်းပါ သဘောကျခဲ့ရတဲ့ဆိုင်လေးပါ။ ကြုံတုန်း Junction City ရောက်ခဲ့လို့ ရုပ်ရှင်မကြည့်ခင် ဗိုက်အဆာပြေလေးစားချင်ရင် ချစ်သူစုံတွဲတွေ ဒီမှာ တစ် Set မှာပြီး ၂ယောက်တအိပ်မက်လည်း လုပ်လို့ရသေးတယ်နော်။ အပြင်မှာလည်း ဓါတ်ဖမ်းလို့ လှသေးတယ်ဆိုတော့ ဘာလိုသေးလဲ…သွားစားကြည့်ဖို့ပဲ လိုတော့တယ်နော်။

FoodieEi ( Akhayar )