[Zawgyi]

ရန္ကုန္ၿမိဳ႕က Ramen ေတြထဲ ဘယ္Ramen အေကာင္းဆံုးလဲ? (Ramen Battle)

ဂ်ပန္အစားအစာေဟ့လို႔ ေျပာလိုက္တာနဲ႔ ေရညွိထမင္းလိပ္ထားတဲ့ ဆူရွီေတြ၊ ဝါဆာဘီေလးနဲ႔တြဲစားရတဲ့ တူနာ၊ ဆယ္လ္မြန္လႊာ Sashimi ေတြအျပင္ မပါမျဖစ္ပါတဲ့ ျမန္မာေတြအႀကိဳက္ဆို Ramen ေခါက္ဆြဲေလးေတြပဲဆိုတာ ျငင္းမရဘူးေလေနာ္။

ရန္ကုန္မွာ ဂ်ပန္အစားအစာဆိုင္ေတြေပါလာတာနဲ႔အမွ် ဂ်ပန္စာဆိမ့္ဆိမ့္ေလးေတြကို စြဲစြဲလမ္းလမ္းႀကိဳက္တဲ့ ကိုယ္ေတြအဖို႔ အရသာအရွိဆံုးလို႔ ေျပာရရင္ေတာ့ Ramen ပဲေလ။လက္လုပ္ေခါက္ဆြဲသားအိအိေလးေတြ၊ အသားလႊာေလးေတြ၊ ေရညွိဖတ္ေလးေတြအျပင္ တမူထူးတဲ့ အရည္အရသာနဲ႔ခ်က္ထားတဲ့ Ramen ေကာင္းေကာင္းေလးတစ္ပြဲစားလိုက္ရရင္ ဗိုက္လည္းတင္း၊ ခံစားမိသမွ် အရသာအာရံုေတြလည္း ျပည့္ဝၿပီး ေကာင္းလြန္းလို႔ အဲ့လို Ramen ခ်စ္သူေတြအတြက္ ဂ်ပန္ဆိုင္ေတြထဲမွာမွ ရန္ကုန္မွာနာမည္အႀကီးဆံုး Ramen ၃ မ်ိဳးကို ေရြးခ်ယ္ၿပီး ဘယ္ Ramen အေကာင္းဆံုးလဲ အေျဖညွိမယ့္ Ramen Battle ကို ဒီတပတ္ ျပန္ေဖာ္ထုတ္ေပးပါ့မယ္လို႔…

Ramen ဆိုင္ေကာင္းေကာင္းေတြထဲမွာမွ Akhayar က အေကာင္းဆံုးလို႔ ၫႊန္းဆိုခ်င္တဲ႔ထဲမယ္ Ramen Ippudo ရယ္၊ Sushi Tei ရယ္၊ ဟိုးအရင္တည္းက Ramen တစ္ေခတ္စားခဲ့တဲ့ Ramen Monster ရယ္ ၃ဆိုင္ကို ယွဥ္ၾကည့္လိုက္ရေအာင္။ Ramen ခ်က္ျပဳတ္တဲ့အရည္၊ ေခါက္ဆြဲသား၊ ပါဝင္ပစၥည္း၊ ပါဝင္တဲ့ ပမာဏ၊ ေစ်းႏႈန္း ေပၚမူတည္ၿပီး ကိုယ္တို႔ ျမန္မာလူမ်ိဳးေတြအႀကိဳက္ Ramen က ဘယ္တစ္ခုျဖစ္မလဲဆိုတာ ေရြးခ်ယ္ၾကည့္လိုက္တဲ့အခါ-

(၁) Ramen Ippudo

Junction City ၅ လႊာမွာ ဆိုင္ႀကီးဟီးထေနတဲ့ Ramen Ippudo က နာမည္နဲ႔လိုက္ေအာင္ Ramen ကို အဓိက ေရာင္းတဲ့ဆိုင္ႀကီးေပါ့။ သူ႕ဆီမွာ Ramen အမ်ိဳးအစား ၅,၆မ်ိဳးကို အဓိက ထားေရာင္းတာပါ။ အားလံုးအဆင္ေျပေအာင္ ေရြးခ်ယ္ခဲ့တဲ့ Ramen က ၾကက္သားရိႈယုဆိုတဲ့ Ramen ပါ။ သူက ပဲငံျပာရည္ကိုအဓိကသံုးၿပီး Ramen ျပဳတ္ရည္ကို အၾကည္ေလးခ်က္ထားတာ။

အသားအေနနဲ႔ ၾကက္သားအျပား၂ျပားေလာက္ပါမယ္။ အလွဆင္ထားတဲ့ ကဏန္းၿပားလိုအဖတ္ေလးပါမယ္။ မုန္ညင္းရြက္၊ ေရညွိတစ္ခ်ပ္၊ မိႈနည္းနည္း ဒီေလာက္ပဲ။ အရသာဆိုရင္ေတာ့ ေခါက္ဆြဲသားကအစ အိၿပီး အရည္ေလးေလးပင္ပင္ေလးနဲ႔ ေမႊးတယ္။ ခံတြင္းရွင္းတယ္။ ၾကက္သြန္ၿမိတ္ေလးေတြနဲ႔ ေမႊးေတးေတးေလး။ မွ်စ္ႏုႏုေလးေတြက ခ်ဥ္တယ္ဆိုရံုေလး အားျဖည့္ေပးထားတယ္။ စားလို႔ေကာင္းတယ္ဆိုတဲ့အထဲမွာပါတယ္။ ဒါေပမယ့္ Ramen ရဲ႕ History မွာ ၾကက္ဥထည့္ထားၿပီး တကယ္လာခ်ေတာ့ ၾကက္ဥမက်က္တက်က္ျပဳတ္ေလးေတာ့ တစိမွမပါခဲ့တာ ဝမ္းနည္းတယ္။

ေစ်းႏႈန္းကေတာ့ ၄၉၀၀+ tax ဆိုေတာ့ ၅၆၀၀ ေလာက္က်မယ္။ Rating ေပးရရင္-
ပမာဏ- 4 Stars
အရသာ- 3.5 Stars
ပါဝင္ပစၥည္း- 4 Stars
ေစ်းႏႈန္း-3.5 Stars ေပးရမယ့္ Ramen ပါ။

(၂) Sushi Tei

Sushi Tei ကေတာ့ ဂ်ပန္စာနဲ႔ပတ္သက္ရင္ တကယ့္ နာမည္ႀကီးပါ။ ဓမၼေစတီလမ္းမေပၚ Savoy Hotel ေရွ႕မွာ ဟီးေနေအာင္ဖြင့္ထားတဲ့ဆိုင္ႀကီးေပါ့။ သူ႕ဆီမွာ ေတာ္ေတာ္နာမည္ႀကီးတဲ့ Ramen အမ်ိဳးအစား ၄,၅မ်ိဳးရပါတယ္။ ကိုယ္ေတြျမည္းခဲ့တာကေတာ့

Spicy Miso Ramen ပါ။ ေရညွိဟင္းခ်ိဳပ်စ္ပ်စ္ႏွစ္ႏွစ္ေလးကို ေရညွိဖတ္ေလးေတြရယ္၊ ကဏန္းျပားေလးရယ္၊ င႐ုတ္သီးအစပ္မႈန္႔ေလးေတြရယ္ ဒီေလာက္ပဲပါပါတယ္။ ဘာအသားမွေတာ့ မပါဘူး။ ဒါေပမယ့္ အရသာအရွိဆံုး Ramen တစ္ပြဲကိုစားရသလိုပါပဲ။ ဗမာပါးစပ္နဲ႔အစပ္အဟပ္တည့္တယ္။ စပ္စပ္ဆိမ့္ဆိမ့္ေလးနဲ႔ ေခါက္ဆြဲတစ္ပြဲလံုးကိုအရည္က ထိန္းသြားတာမ်ိဳးပါ။

ေစ်းကေတာ့ ၅၅၀၀ + Tax ပါ။ သူ႕ကို Rating ေပးရရင္-
ပမာဏ-3.5 Stars
အရသာ- 4.5 Stars
ပါဝင္ပစၥည္း- 3 Stars
ေစ်းႏႈန္း-3.5 Stars ေပးခ်င္ပါတယ္။

(၃) Ramen Monster

ဒီဆိုင္ကေတာ့ လွည္းတန္းစင္တာရယ္ Junction Mawtin ရယ္ Myanmar Plaza မွာရွိတာပါ။ Ramen နဲ႔ပတ္သက္ရင္ ေစ်းကြက္ထဲ လူတိုင္းသတိထားမိလာေစတဲ့ Ramen မိတ္ဆက္သူလို႔ေျပာရမလိုပါပဲ။ ဒီဆိုင္မွာ Ramen အမ်ိဳးအစားခ်ည္း ၁၀ မ်ိဳးေက်ာ္ရတယ္ဆိုေတာ့ ေတာ္ေတာ္စံုတယ္ေျပာရမယ္။

ကိုယ္ေတြစားခဲ့တဲ့ Spicy Ramen ကေတာ့ ပါဝင္ပစၥည္းေတာ္ေတာ့္ကိုစံုပါတယ္။ ဝက္သားျပား၊ မွ်စ္အေျခာက္၊ ပဲပင္ေပါက္၊ ေရညွိ၊ ၾကက္သြန္ၿမိတ္ အစံုအစိပါပါတယ္။ ေနာက္ထပ္သေဘာက်မိတာက ပြဲတစ္ပြဲကို တစ္ေယာက္ ဗိုက္အကားစားလို႔ရေအာင္ အျပည့္ပါတာဆိုေတာ့ မဆိုးဘူးေျပာရမယ္။ အသားျပားလည္း ပါေတာ့ ေစ်းႏႈန္း ၄၃၀၀ ေလာက္ေပးရတာ တန္တယ္ထင္တာပဲေနာ္။ အရည္အရသာကေတာ့ ဒီေလာက္ႀကီး ၫႊန္းရေလာက္ေအာင္ အရမ္းေကာင္းတယ္လို႔ မခံစားမိခဲ့ဘူး။

တစ္နည္းေျပာရရင္ လွ်ာထဲမၿငိဘူးဆိုရမယ္။ ဒီ Ramen Monster ကို Rating ေပးရရင္ေတာ့-
ပမာဏ- 5 Stars
အရသာ- 3.5 Stars
ပါဝင္ပစၥည္း- 4 Stars
ေစ်းႏႈန္း- 5 Stars ေပးခ်င္ပါတယ္။

ဒီ Ramen ၃ မ်ိဳးလံုးကို တစ္ေန႔တစ္မ်ိဳး မ႐ိုးတမ္းစားၾကည့္လိုက္တဲ့အခါ အရသာကေတာ့ ခံတြင္းရွင္းရွင္းေပါ့ေပါ့ပါးပါးစားခ်င္သူေတြအတြက္ Ramen Ippudo က ေရြးခ်ယ္သင့္တဲ့ဆိုင္ေလးျဖစ္ၿပီး ပ်စ္ပ်စ္ႏွစ္ႏွစ္ ဗမာပါးစပ္အႀကိဳက္ အရသာရွိရွိစားခ်င္ရင္ေတာ့ Sushi Tei က အမိုက္ဆံုးပါပဲ။ ဒါေပမယ့္ Ramen ကို ႀကိဳက္ရာအမ်ိဳးအစားကိုမွ ဗိုက္အဝၿပဲ ဆြဲခ်င္သူေတြကေတာ့ Ramen Monster ကို ဒိုးသင့္ပါေၾကာင္း စားခဲ့သမွ် Ramen ေတြထဲက သတင္းစံုလင္ Ramen ၿပိဳင္ပြဲျဖစ္စဥ္ေလးကို အေသးစိတ္တင္ျပလိုက္ရပါတယ္။

ကဲ…ေဘာ္ဒါတို႔ထဲမွာေရာ ဘယ္ ဆိုင္က Ramen က စားၿပီးရင္းျပန္ျပန္စားခ်င္ေအာင္ထိ စြဲလမ္းေစခဲ့လဲ? အဲ့လို ခနခနသြားစားရေလာက္တဲ့ Ramen ဆိုင္ေကာင္းေကာင္းေလးရွိရင္လည္း အလင္းျပခဲ့ဦးေနာ္။ အစားခ်စ္သူအခ်င္းခ်င္း ျပန္လည္မွ်ေဝရတာ ေပ်ာ္စရာပဲမဟုတ္လား ဗ်ာတို႔။

FoodieEi (Akhayar)

[Unicode]

ရန်ကုန်မြို့က Ramen တွေထဲ ဘယ်Ramen အကောင်းဆုံးလဲ? (Ramen Battle)

ဂျပန်အစားအစာဟေ့လို့ ပြောလိုက်တာနဲ့ ရေညှိထမင်းလိပ်ထားတဲ့ ဆူရှီတွေ၊ ဝါဆာဘီလေးနဲ့တွဲစားရတဲ့ တူနာ၊ ဆယ်လ်မွန်လွှာ Sashimi တွေအပြင် မပါမဖြစ်ပါတဲ့ မြန်မာတွေအကြိုက်ဆို Ramen ခေါက်ဆွဲလေးတွေပဲဆိုတာ ငြင်းမရဘူးလေနော်။

ရန်ကုန်မှာ ဂျပန်အစားအစာဆိုင်တွေပေါလာတာနဲ့အမျှ ဂျပန်စာဆိမ့်ဆိမ့်လေးတွေကို စွဲစွဲလမ်းလမ်းကြိုက်တဲ့ ကိုယ်တွေအဖို့ အရသာအရှိဆုံးလို့ ပြောရရင်တော့ Ramen ပဲလေ။လက်လုပ်ခေါက်ဆွဲသားအိအိလေးတွေ၊ အသားလွှာလေးတွေ၊ ရေညှိဖတ်လေးတွေအပြင် တမူထူးတဲ့ အရည်အရသာနဲ့ချက်ထားတဲ့ Ramen ကောင်းကောင်းလေးတစ်ပွဲစားလိုက်ရရင် ဗိုက်လည်းတင်း၊ ခံစားမိသမျှ အရသာအာရုံတွေလည်း ပြည့်ဝပြီး ကောင်းလွန်းလို့ အဲ့လို Ramen ချစ်သူတွေအတွက် ဂျပန်ဆိုင်တွေထဲမှာမှ ရန်ကုန်မှာနာမည်အကြီးဆုံး Ramen ၃ မျိုးကို ရွေးချယ်ပြီး ဘယ် Ramen အကောင်းဆုံးလဲ အဖြေညှိမယ့် Ramen Battle ကို ဒီတပတ် ပြန်ဖော်ထုတ်ပေးပါ့မယ်လို့…

Ramen ဆိုင်ကောင်းကောင်းတွေထဲမှာမှ Akhayar က အကောင်းဆုံးလို့ ညွှန်းဆိုချင်တဲ့ထဲမယ် Ramen Ippudo ရယ်၊ Sushi Tei ရယ်၊ ဟိုးအရင်တည်းက Ramen တစ်ခေတ်စားခဲ့တဲ့ Ramen Monster ရယ် ၃ဆိုင်ကို ယှဉ်ကြည့်လိုက်ရအောင်။ Ramen ချက်ပြုတ်တဲ့အရည်၊ ခေါက်ဆွဲသား၊ ပါဝင်ပစ္စည်း၊ ပါဝင်တဲ့ ပမာဏ၊ ဈေးနှုန်း ပေါ်မူတည်ပြီး ကိုယ်တို့ မြန်မာလူမျိုးတွေအကြိုက် Ramen က ဘယ်တစ်ခုဖြစ်မလဲဆိုတာ ရွေးချယ်ကြည့်လိုက်တဲ့အခါ-

(၁) Ramen Ippudo

Junction City ၅ လွှာမှာ ဆိုင်ကြီးဟီးထနေတဲ့ Ramen Ippudo က နာမည်နဲ့လိုက်အောင် Ramen ကို အဓိက ရောင်းတဲ့ဆိုင်ကြီးပေါ့။ သူ့ဆီမှာ Ramen အမျိုးအစား ၅,၆မျိုးကို အဓိက ထားရောင်းတာပါ။ အားလုံးအဆင်ပြေအောင် ရွေးချယ်ခဲ့တဲ့ Ramen က ကြက်သားရှိုယုဆိုတဲ့ Ramen ပါ။ သူက ပဲငံပြာရည်ကိုအဓိကသုံးပြီး Ramen ပြုတ်ရည်ကို အကြည်လေးချက်ထားတာ။

အသားအနေနဲ့ ကြက်သားအပြား၂ပြားလောက်ပါမယ်။ အလှဆင်ထားတဲ့ ကဏန်းပြားလိုအဖတ်လေးပါမယ်။ မုန်ညင်းရွက်၊ ရေညှိတစ်ချပ်၊ မှိုနည်းနည်း ဒီလောက်ပဲ။ အရသာဆိုရင်တော့ ခေါက်ဆွဲသားကအစ အိပြီး အရည်လေးလေးပင်ပင်လေးနဲ့ မွှေးတယ်။ ခံတွင်းရှင်းတယ်။ ကြက်သွန်မြိတ်လေးတွေနဲ့ မွှေးတေးတေးလေး။ မျှစ်နုနုလေးတွေက ချဉ်တယ်ဆိုရုံလေး အားဖြည့်ပေးထားတယ်။ စားလို့ကောင်းတယ်ဆိုတဲ့အထဲမှာပါတယ်။ ဒါပေမယ့် Ramen ရဲ့ History မှာ ကြက်ဥထည့်ထားပြီး တကယ်လာချတော့ ကြက်ဥမကျက်တကျက်ပြုတ်လေးတော့ တစိမှမပါခဲ့တာ ဝမ်းနည်းတယ်။

ဈေးနှုန်းကတော့ ၄၉၀၀+ tax ဆိုတော့ ၅၆၀၀ လောက်ကျမယ်။ Rating ပေးရရင်-
ပမာဏ- 4 Stars
အရသာ- 3.5 Stars
ပါဝင်ပစ္စည်း- 4 Stars
ဈေးနှုန်း-3.5 Stars ပေးရမယ့် Ramen ပါ။

(၂) Sushi Tei

Sushi Tei ကတော့ ဂျပန်စာနဲ့ပတ်သက်ရင် တကယ့် နာမည်ကြီးပါ။ ဓမ္မစေတီလမ်းမပေါ် Savoy Hotel ရှေ့မှာ ဟီးနေအောင်ဖွင့်ထားတဲ့ဆိုင်ကြီးပေါ့။ သူ့ဆီမှာ တော်တော်နာမည်ကြီးတဲ့ Ramen အမျိုးအစား ၄,၅မျိုးရပါတယ်။ ကိုယ်တွေမြည်းခဲ့တာကတော့

Spicy Miso Ramen ပါ။ ရေညှိဟင်းချိုပျစ်ပျစ်နှစ်နှစ်လေးကို ရေညှိဖတ်လေးတွေရယ်၊ ကဏန်းပြားလေးရယ်၊ ငရုတ်သီးအစပ်မှုန့်လေးတွေရယ် ဒီလောက်ပဲပါပါတယ်။ ဘာအသားမှတော့ မပါဘူး။ ဒါပေမယ့် အရသာအရှိဆုံး Ramen တစ်ပွဲကိုစားရသလိုပါပဲ။ ဗမာပါးစပ်နဲ့အစပ်အဟပ်တည့်တယ်။ စပ်စပ်ဆိမ့်ဆိမ့်လေးနဲ့ ခေါက်ဆွဲတစ်ပွဲလုံးကိုအရည်က ထိန်းသွားတာမျိုးပါ။

ဈေးကတော့ ၅၅၀၀ + Tax ပါ။ သူ့ကို Rating ပေးရရင်-
ပမာဏ-3.5 Stars
အရသာ- 4.5 Stars
ပါဝင်ပစ္စည်း- 3 Stars
ဈေးနှုန်း-3.5 Stars ပေးချင်ပါတယ်။

(၃) Ramen Monster

ဒီဆိုင်ကတော့ လှည်းတန်းစင်တာရယ် Junction Mawtin ရယ် Myanmar Plaza မှာရှိတာပါ။ Ramen နဲ့ပတ်သက်ရင် ဈေးကွက်ထဲ လူတိုင်းသတိထားမိလာစေတဲ့ Ramen မိတ်ဆက်သူလို့ပြောရမလိုပါပဲ။ ဒီဆိုင်မှာ Ramen အမျိုးအစားချည်း ၁၀ မျိုးကျော်ရတယ်ဆိုတော့ တော်တော်စုံတယ်ပြောရမယ်။

ကိုယ်တွေစားခဲ့တဲ့ Spicy Ramen ကတော့ ပါဝင်ပစ္စည်းတော်တော့်ကိုစုံပါတယ်။ ဝက်သားပြား၊ မျှစ်အခြောက်၊ ပဲပင်ပေါက်၊ ရေညှိ၊ ကြက်သွန်မြိတ် အစုံအစိပါပါတယ်။ နောက်ထပ်သဘောကျမိတာက ပွဲတစ်ပွဲကို တစ်ယောက် ဗိုက်အကားစားလို့ရအောင် အပြည့်ပါတာဆိုတော့ မဆိုးဘူးပြောရမယ်။ အသားပြားလည်း ပါတော့ ဈေးနှုန်း ၄၃၀၀ လောက်ပေးရတာ တန်တယ်ထင်တာပဲနော်။ အရည်အရသာကတော့ ဒီလောက်ကြီး ညွှန်းရလောက်အောင် အရမ်းကောင်းတယ်လို့ မခံစားမိခဲ့ဘူး။

တစ်နည်းပြောရရင် လျှာထဲမငြိဘူးဆိုရမယ်။ ဒီ Ramen Monster ကို Rating ပေးရရင်တော့-
ပမာဏ- 5 Stars
အရသာ- 3.5 Stars
ပါဝင်ပစ္စည်း- 4 Stars
ဈေးနှုန်း- 5 Stars ပေးချင်ပါတယ်။

ဒီ Ramen ၃ မျိုးလုံးကို တစ်နေ့တစ်မျိုး မရိုးတမ်းစားကြည့်လိုက်တဲ့အခါ အရသာကတော့ ခံတွင်းရှင်းရှင်းပေါ့ပေါ့ပါးပါးစားချင်သူတွေအတွက် Ramen Ippudo က ရွေးချယ်သင့်တဲ့ဆိုင်လေးဖြစ်ပြီး ပျစ်ပျစ်နှစ်နှစ် ဗမာပါးစပ်အကြိုက် အရသာရှိရှိစားချင်ရင်တော့ Sushi Tei က အမိုက်ဆုံးပါပဲ။ ဒါပေမယ့် Ramen ကို ကြိုက်ရာအမျိုးအစားကိုမှ ဗိုက်အဝပြဲ ဆွဲချင်သူတွေကတော့ Ramen Monster ကို ဒိုးသင့်ပါကြောင်း စားခဲ့သမျှ Ramen တွေထဲက သတင်းစုံလင် Ramen ပြိုင်ပွဲဖြစ်စဉ်လေးကို အသေးစိတ်တင်ပြလိုက်ရပါတယ်။

ကဲ…ဘော်ဒါတို့ထဲမှာရော ဘယ် ဆိုင်က Ramen က စားပြီးရင်းပြန်ပြန်စားချင်အောင်ထိ စွဲလမ်းစေခဲ့လဲ? အဲ့လို ခနခနသွားစားရလောက်တဲ့ Ramen ဆိုင်ကောင်းကောင်းလေးရှိရင်လည်း အလင်းပြခဲ့ဦးနော်။ အစားချစ်သူအချင်းချင်း ပြန်လည်မျှဝေရတာ ပျော်စရာပဲမဟုတ်လား ဗျာတို့။

FoodieEi (Akhayar)