[Zawgyi]

ၿဗိတိန္ဘုရင္မႀကီးရဲ႕  ဂုဏ္ထူးေဆာင္သူရဲေကာင္းဘြဲ႕ကုိ ရရွိခဲ့တဲ့ Ralph Lauren

Ralph Lauren ဟာ ဖက္ရွယ္နယ္ပယ္မွာဆုိရင္ မရဖူးတဲ့ဆုဆုိတာ မရွိသေလာက္ပါပဲ။ နယ္ပယ္အသီးသီး၊ အဖြဲ႕အစည္းေပါင္းစုံနဲ႔ တကၠသုိလ္ေတြကေန ေပးအပ္တဲ့ ဂုဏ္ထူးေဆာင္ဆုတံဆိပ္ေတြက မနည္းမေနာပါပဲ။ အခုဆုိရင္ ၿဗိတိန္ဘုရင္မႀကီး Elizabeth II ဟာ ဖက္ရွင္နယ္ပယ္မွာ သူ႕ရဲ႕ စြမ္းေဆာင္ရည္ေတြေၾကာင့္ ဂုဏ္ထူးေဆာင္သူရဲေကာင္းဘြဲ႕ Honorary KBE (Honorary Knight Commander of the Most Excellent Order of the British Empire) ဆုကုိ ခ်ီးျမွင့္လုိက္ပါၿပီ။ ဒါ့ေၾကာင့္ သူဟာ ဘုရင္မႀကီး ဆုခ်ီးျမွင့္တဲ့ ပထမဆုံး အေမရိကန္ဒီဇုိင္နာျဖစ္လာေတာ့မွာပါ။

ဘုရင္မႀကီး Elizabeth II ဟာ နယ္ပယ္အသီးသီးမွာ ထူးခြ်န္ေျပာင္ေျမာက္တဲ့ ၿဗိတိန္နဲ႔ ဓနသဟာရအဖြဲ႕ ဝင္ႏုိင္ငံသားေတြကုိ MBE ၊ OBE ၊ CBE ၊ KBE (သုိ႔မဟုတ္) DBE နဲ႔ GBE ဆုိၿပီး ခ်ီးျမွင့္ေလ့ရွိပါတယ္။ ဆုတံဆိပ္ (၅) မ်ိဳးအနက္ အျမင့္ဆုံးႏွစ္ဆုျဖစ္တဲ့ KBE (သုိ႔မဟုတ္) DBE နဲ႔ GBE ဆုရွင္ေတြကသာ နာမည္ရဲ႕ေရွ႕မွာ Sir ဒါမွမဟုတ္ Dame တပ္ခြင့္ရွိတာပါ။

တကယ္လုိ႔ ႏုိင္ငံျခားသားတစ္ေယာက္ (ၿဗိတိန္ႏုိင္ငံသားနဲ႔ ဓနသဟာရအဖြဲ႕ဝင္ႏုိင္ငံသား မဟုတ္တဲ့လူ) က နယ္ပယ္တစ္ခုမွာ ထူးခြ်န္ရင္ေတာ့ ဘုရင္မႀကီးက အလားတူဆုမ်ိဳး ေပးအပ္ေလ့ရွိပါတယ္။ သူ႕ကုိေတာ့ Honorary MBE ၊ Honorary KBE ၊ Honorary GBE နာမည္နဲ႔ ဆုေပးတာပါ။ ဂုဏ္ထူးေဆာင္အေနနဲ႔ ေပးအပ္ေလ့ရွိတာပါ။ (ထူးျခားတာက ႏုိင္ငံျခားသားတစ္ေယာက္ဟာ Honorary KBE ရခဲ့ရင္ေတာင္ Sir တပ္ခြင့္မရွိတာပါ။)

ဖက္ရွင္နယ္ပယ္မွာ ဆယ္စုႏွစ္ငါးခုတုိင္ေအာင္ စြမ္းေဆာင္ခဲ့မႈေၾကာင့္ Ralph Lauren ဟာ ဂုဏ္ထူးေဆာင္ဆုကုိ ရရွိတာျဖစ္ပါတယ္။ ဘုရင္မႀကီး Elizabeth II ဟာ ထူးခြ်န္ေျပာင္ေျမာက္တဲ့ အေမရိကန္ႏုိင္ငံသားေတြကုိ ဂုဏ္ထူးေဆာင္ဆုခ်ီးျမွင့္ေလ့ရွိၿပီး သမၼတႀကီး Ronald Reagan ၊ သမၼတႀကီး George Bush ၊ စီးပြားေရးလုပ္ငန္းရွင္ Michael Bloomberg ၊ မင္းသမီးေခ်ာ Angelina Jolie ၊ ဒါရုိက္တာႀကီး Steven Spielberg နဲ႔ Bill Gates တုိ႔ကုိလည္း အလားတူဆုတံဆိပ္မ်ိဳး ေပးအပ္ဖူးပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ဗြိတိန်ဘုရင်မကြီးရဲ့  ဂုဏ်ထူးဆောင်သူရဲကောင်းဘွဲ့ကို ရရှိခဲ့တဲ့ Ralph Lauren

Ralph Lauren ဟာ ဖက်ရှယ်နယ်ပယ်မှာဆိုရင် မရဖူးတဲ့ဆုဆိုတာ မရှိသလောက်ပါပဲ။ နယ်ပယ်အသီးသီး၊ အဖွဲ့အစည်းပေါင်းစုံနဲ့ တက္ကသိုလ်တွေကနေ ပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဆုတံဆိပ်တွေက မနည်းမနောပါပဲ။ အခုဆိုရင် ဗြိတိန်ဘုရင်မကြီး Elizabeth II ဟာ ဖက်ရှင်နယ်ပယ်မှာ သူ့ရဲ့ စွမ်းဆောင်ရည်တွေကြောင့် ဂုဏ်ထူးဆောင်သူရဲကောင်းဘွဲ့ Honorary KBE (Honorary Knight Commander of the Most Excellent Order of the British Empire) ဆုကို ချီးမြှင့်လိုက်ပါပြီ။ ဒါ့ကြောင့် သူဟာ ဘုရင်မကြီး ဆုချီးမြှင့်တဲ့ ပထမဆုံး အမေရိကန်ဒီဇိုင်နာဖြစ်လာတော့မှာပါ။

ဘုရင်မကြီး Elizabeth II ဟာ နယ်ပယ်အသီးသီးမှာ ထူးချွန်ပြောင်မြောက်တဲ့ ဗြိတိန်နဲ့ ဓနသဟာရအဖွဲ့ ဝင်နိုင်ငံသားတွေကို MBE ၊ OBE ၊ CBE ၊ KBE (သို့မဟုတ်) DBE နဲ့ GBE ဆိုပြီး ချီးမြှင့်လေ့ရှိပါတယ်။ ဆုတံဆိပ် (၅) မျိုးအနက် အမြင့်ဆုံးနှစ်ဆုဖြစ်တဲ့ KBE (သို့မဟုတ်) DBE နဲ့ GBE ဆုရှင်တွေကသာ နာမည်ရဲ့ရှေ့မှာ Sir ဒါမှမဟုတ် Dame တပ်ခွင့်ရှိတာပါ။

တကယ်လို့ နိုင်ငံခြားသားတစ်ယောက် (ဗြိတိန်နိုင်ငံသားနဲ့ ဓနသဟာရအဖွဲ့ဝင်နိုင်ငံသား မဟုတ်တဲ့လူ) က နယ်ပယ်တစ်ခုမှာ ထူးချွန်ရင်တော့ ဘုရင်မကြီးက အလားတူဆုမျိုး ပေးအပ်လေ့ရှိပါတယ်။ သူ့ကိုတော့ Honorary MBE ၊ Honorary KBE ၊ Honorary GBE နာမည်နဲ့ ဆုပေးတာပါ။ ဂုဏ်ထူးဆောင်အနေနဲ့ ပေးအပ်လေ့ရှိတာပါ။ (ထူးခြားတာက နိုင်ငံခြားသားတစ်ယောက်ဟာ Honorary KBE ရခဲ့ရင်တောင် Sir တပ်ခွင့်မရှိတာပါ။)

ဖက်ရှင်နယ်ပယ်မှာ ဆယ်စုနှစ်ငါးခုတိုင်အောင် စွမ်းဆောင်ခဲ့မှုကြောင့် Ralph Lauren ဟာ ဂုဏ်ထူးဆောင်ဆုကို ရရှိတာဖြစ်ပါတယ်။ ဘုရင်မကြီး Elizabeth II ဟာ ထူးချွန်ပြောင်မြောက်တဲ့ အမေရိကန်နိုင်ငံသားတွေကို ဂုဏ်ထူးဆောင်ဆုချီးမြှင့်လေ့ရှိပြီး သမ္မတကြီး Ronald Reagan ၊ သမ္မတကြီး George Bush ၊ စီးပွားရေးလုပ်ငန်းရှင် Michael Bloomberg ၊ မင်းသမီးချော Angelina Jolie ၊ ဒါရိုက်တာကြီး Steven Spielberg နဲ့ Bill Gates တို့ကိုလည်း အလားတူဆုတံဆိပ်မျိုး ပေးအပ်ဖူးပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com