[Zawgyi]

ဘာစီလုိနာအသင္းရဲ႕ ဥေရာပၿပိဳင္ပဲြ သြင္းဂုိး(၆၀၀)ျပည့္မွတ္တမ္းပုိင္ရွင္ ရာကီတစ္ Rakitic

ဘာစီလုိနာအသင္းရဲ႕ ခ႐ုိေအးရွားလက္ေရြးစင္ ကြင္းလယ္လူ ရာကီတစ္ Rakitic ဟာ စပါးအသင္းကုိ အႏုိင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ပဲြမွာ ဂုဏ္ယူစရာေကာင္းတဲ့ မွတ္တမ္းတစ္ခု ပုိင္ဆုိင္ခဲ့ပါတယ္။ အဲဒါကေတာ့ ဘာစီလုိနာအသင္း သမုိင္းတစ္ေလွ်ာက္ ဥေရာပၿပိဳင္ပဲြေတြမွာ သြင္းဂုိး(၆၀၀)ျပည့္အျဖစ္ မွတ္တမ္း၀င္မယ့္ဂုိးကုိ သြင္းယူခဲ့လုိ႔ပါပဲ။ စပါးအသင္းကုိ (၄-၂)ဂုိးနဲ႔ အႏုိင္ရခဲ့တဲ့ပဲြမွာ ရာကီတစ္က အသင္းအတြက္ ဒုတိယဂုိးကုိ ပဲြခ်ိန္(၂၈)မိိနစ္မွာ ဂုိးဧရိယာထိပ္ကေန လွပတဲ့ Volley ကန္ခ်က္နဲ႔ သြင္းယူခဲ့ၿပီး အဲဒါဟာ ဘာစီလုိနာအသင္း သမုိင္းတစ္ေလွ်ာက္ ဥေရာပၿပိဳင္ပဲြ သြင္းဂုိး(၆၀၀)ျပည့္ ဂုိးလည္းျဖစ္ခဲ့တယ္။

Ivan-Rakitic-scores-his-wondergoal-against-Tottenham

Ivan-Rakitic-scores-his-wondergoal-against-Tottenham

ရာကီတစ္အရင္ ဘာစီလုိနာအသင္းအတြက္ ရာျပည့္ဂုိးေတြ သြင္းယူခဲ့သူက စတြိဳင္ေကာ့ဗ္ Stoichkov (၁၀၀ ျပည့္ဂုိး)၊ ကလိြဳက္ဗတ္ Kluivert (၂၀၀ ျပည့္ဂုိး)၊ အီတူး Eto’o (၃၀၀ ျပည့္ဂုိး)၊ ေဒးဗစ္ဗီလာ David Villa (၄၀၀ ျပည့္ဂုိး)၊ မက္ဆီ Messi (၅၀၀ ျပည့္ဂုိး)တုိ႔ျဖစ္ၿပီး ထူးျခားတာက သူတို႔အားလုံးဟာ အသင္းရဲ႕ ဂႏၳ၀င္စာရင္းထဲမွာ ပါ၀င္ေနသူေတြပဲျဖစ္ပါတယ္။ ရာကီတစ္ဟာ နည္းျပဗယ္လ္ဗာဒီ Valverde လက္ထက္မွာ အသင္းရဲ႕ အဓိက ကြင္းလယ္လူအျဖစ္ ပါ၀င္ခြင့္ရရွိေနၿပီး ဒီရာသီ ၿပိဳင္ပဲြစုံ (၁၀)ပဲြကစား (၂)ဂုိး သြင္းထားပါတယ္။

REF:Marca
Photo:Telegraph,
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဘာစီလိုနာအသင်းရဲ့ ဥရောပပြိုင်ပွဲ သွင်းဂိုး(၆၀၀)ပြည့်မှတ်တမ်းပိုင်ရှင် ရာကီတစ် Rakitic

ဘာစီလိုနာအသင်းရဲ့ ခရိုအေးရှားလက်ရွေးစင် ကွင်းလယ်လူ ရာကီတစ် Rakitic ဟာ စပါးအသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဂုဏ်ယူစရာကောင်းတဲ့ မှတ်တမ်းတစ်ခု ပိုင်ဆိုင်ခဲ့ပါတယ်။ အဲဒါကတော့ ဘာစီလိုနာအသင်း သမိုင်းတစ်လျှောက် ဥရောပပြိုင်ပွဲတွေမှာ သွင်းဂိုး(၆၀၀)ပြည့်အဖြစ် မှတ်တမ်းဝင်မယ့်ဂိုးကို သွင်းယူခဲ့လို့ပါပဲ။ စပါးအသင်းကို (၄-၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ရာကီတစ်က အသင်းအတွက် ဒုတိယဂိုးကို ပွဲချိန်(၂၈)မိနစ်မှာ ဂိုးဧရိယာထိပ်ကနေ လှပတဲ့ Volley ကန်ချက်နဲ့ သွင်းယူခဲ့ပြီး အဲဒါဟာ ဘာစီလိုနာအသင်း သမိုင်းတစ်လျှောက် ဥရောပပြိုင်ပွဲ သွင်းဂိုး(၆၀၀)ပြည့် ဂိုးလည်းဖြစ်ခဲ့တယ်။

Ivan-Rakitic-scores-his-wondergoal-against-Tottenham

Ivan-Rakitic-scores-his-wondergoal-against-Tottenham

ရာကီတစ်အရင် ဘာစီလိုနာအသင်းအတွက် ရာပြည့်ဂိုးတွေ သွင်းယူခဲ့သူက စတွိုင်ကော့ဗ် Stoichkov (၁၀၀ ပြည့်ဂိုး)၊ ကလွိုက်ဗတ် Kluivert (၂၀၀ ပြည့်ဂိုး)၊ အီတူး Eto’o (၃၀၀ ပြည့်ဂိုး)၊ ဒေးဗစ်ဗီလာ David Villa (၄၀၀ ပြည့်ဂိုး)၊ မက်ဆီ Messi (၅၀၀ ပြည့်ဂိုး)တို့ဖြစ်ပြီး ထူးခြားတာက သူတို့အားလုံးဟာ အသင်းရဲ့ ဂန္ထဝင်စာရင်းထဲမှာ ပါဝင်နေသူတွေပဲဖြစ်ပါတယ်။ ရာကီတစ်ဟာ နည်းပြဗယ်လ်ဗာဒီ Valverde လက်ထက်မှာ အသင်းရဲ့ အဓိက ကွင်းလယ်လူအဖြစ် ပါဝင်ခွင့်ရရှိနေပြီး ဒီရာသီ ပြိုင်ပွဲစုံ (၁၀)ပွဲကစား (၂)ဂိုး သွင်းထားပါတယ်။

REF:Marca
Photo:Telegraph,
Naing Linn(Akhayar)
www.akhayar.com