This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ျပင္သစ္နဲ႔ပဲြဟာ ခ႐ုိေအးရွားတစ္ႏုိင္ငံလုံးအတြက္ ကုိယ္စားျပဳတယ္လုိ႔ ေျပာၾကားခဲ့တဲ့ ရာကီတစ္ Rakitic

ခ႐ုိေအးရွားကြင္းလယ္လူ ရာကီတစ္ Rakitic က ျပင္သစ္နဲ႔ကစားမယ့္ ကမၻာ႔ဖလားဗုိလ္လုပဲြဟာ ခ႐ုိေအးရွားတစ္ႏုိင္ငံလုံးအတြက္ ကုိယ္စားျပဳတယ္လုိ႔ သုံးသပ္ေျပာဆုိခဲ့တယ္။ ခ႐ုိေအးရွားအသင္းဟာ ၿပီးခဲ့တဲ့ ဆီမီးဖုိင္နယ္ပဲြတုန္းက အဂၤလန္အသင္းကုိ အခ်ိန္ပုိမွာသြင္းယူခဲ့တဲ့ မန္ဇူကစ္ရဲ႕ Mandzukic အႏုိင္ဂုိးေၾကာင့္ အသင္းသမုိင္းတစ္ေလွ်ာက္ ကမၻာ႔ဖလားဗုိလ္လုပဲြကုိ တက္ေရာက္ႏုိင္ခဲ့တယ္။ ခ႐ုိေအးရွားႏုိင္ငံဟာ လူဦးေရ (၄.၅)သန္းသာရွိၿပီး (၆၈)ႏွစ္အတြင္း ကမၻာ႔ဖလားဗုိလ္လုပဲြေရာက္အသင္းေတြထဲမွာ လူဦးေရအနည္းဆုံးႏုိင္ငံအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။

Rakitic-and-His-Team-Mates

Rakitic-and-His-Team-Mates

ရာကီတစ္က “ဒီဗုိလ္လုပဲြဟာ ကၽြန္ေတာ္တို႔အတြက္သာမကဘဲ ခ႐ုိေအးရွားႏုိင္ငံအတြက္ သမုိင္း၀င္ပဲြစဥ္တစ္ပဲြပါ။ ဒီပဲြကစားမယ့္အခ်ိန္က်ရင္ ကြင္းထဲမွာ လူ(၄.၅)သန္းအထိရွိေနပါလိမ့္မယ္(ခ႐ုိေအးရွားႏုိင္ငံကုိ ဆုိလုိ)။ ကၽြန္ေတာ္တို႔မွာ ႀက့ံခုိင္မႈအျပည့္အ၀ရွိေနၿပီး ဒါဟာ ဘ၀တစ္ေလွ်ာက္အေရးအပါဆုံးပဲြတစ္ပဲြဆုိတာ အားလုံး သေဘာေပါက္ၾကမွာပါ။ ကြင္းထဲကေန ေခါင္းေမာ့ၿပီးထြက္ခြာခ်င္ပါတယ္။ အႏုိင္ရလဒ္ရရွိဖုိ႔ ကၽြန္ေတာ္တို႔အတြက္ ကံတရားေဖးမမႈ နည္းနည္းသာလုိပါတယ္”လုိ႔ ေျပာၾကားခဲ့တယ္။ ခ႐ုိေအးရွားအသင္းဟာ ႐ႈံးထြက္(၁၆)သင္းအဆင့္ကေနစၿပီး ဆီမီးဖုိင္နယ္အထိ အခ်ိန္ပုိမိနစ္(၁၂၀)ကစားခဲ့ရတာေၾကာင့္ ျပင္သစ္အသင္းထက္ တစ္ပြဲပုိကစားခဲ့ရသလုိျဖစ္ေနတဲ့အတြက္ ပဲြပန္းမႈဒဏ္ခံစားရမယ္လုိ႔ မီဒီယာေတြက သုံးသပ္ေနတဲ့အေပၚ ရာကီတစ္က ျငင္းဆန္ခဲ့ပါတယ္။ “ကၽြန္ေတာ္တို႔ရဲ႕ ႀကံ့ခုိင္မႈ၊ Power ေတြ အမ်ားႀကီးရွိေနတယ္ဆုိတာ ဗုိလ္လုပဲြက်ရင္ ျမင္ေတြ႕ရမွာပါ။ အဲဒီအတြက္ စုိးရိမ္စရာမလုိပါဘူး”လုိ႔ ရာကီတစ္က ႀကံဳး၀ါးခဲ့တယ္။

REF:Sky Sports
Photo:Goal.com
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ပြင်သစ်နဲ့ပွဲဟာ ခရိုအေးရှားတစ်နိုင်ငံလုံးအတွက် ကိုယ်စားပြုတယ်လို့ ပြောကြားခဲ့တဲ့ ရာကီတစ် Rakitic

ခရိုအေးရှားကွင်းလယ်လူ ရာကီတစ် Rakitic က ပြင်သစ်နဲ့ကစားမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲဟာ ခရိုအေးရှားတစ်နိုင်ငံလုံးအတွက် ကိုယ်စားပြုတယ်လို့ သုံးသပ်ပြောဆိုခဲ့တယ်။ ခရိုအေးရှားအသင်းဟာ ပြီးခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲတုန်းက အင်္ဂလန်အသင်းကို အချိန်ပိုမှာသွင်းယူခဲ့တဲ့ မန်ဇူကစ်ရဲ့ Mandzukic အနိုင်ဂိုးကြောင့် အသင်းသမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တယ်။ ခရိုအေးရှားနိုင်ငံဟာ လူဦးရေ (၄.၅)သန်းသာရှိပြီး (၆၈)နှစ်အတွင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲရောက်အသင်းတွေထဲမှာ လူဦးရေအနည်းဆုံးနိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Rakitic-and-His-Team-Mates

Rakitic-and-His-Team-Mates

ရာကီတစ်က “ဒီဗိုလ်လုပွဲဟာ ကျွန်တော်တို့အတွက်သာမကဘဲ ခရိုအေးရှားနိုင်ငံအတွက် သမိုင်းဝင်ပွဲစဉ်တစ်ပွဲပါ။ ဒီပွဲကစားမယ့်အချိန်ကျရင် ကွင်းထဲမှာ လူ(၄.၅)သန်းအထိရှိနေပါလိမ့်မယ်(ခရိုအေးရှားနိုင်ငံကို ဆိုလို)။ ကျွန်တော်တို့မှာ ကြံ့ခိုင်မှုအပြည့်အဝရှိနေပြီး ဒါဟာ ဘဝတစ်လျှောက်အရေးအပါဆုံးပွဲတစ်ပွဲဆိုတာ အားလုံး သဘောပေါက်ကြမှာပါ။ ကွင်းထဲကနေ ခေါင်းမော့ပြီးထွက်ခွာချင်ပါတယ်။ အနိုင်ရလဒ်ရရှိဖို့ ကျွန်တော်တို့အတွက် ကံတရားဖေးမမှု နည်းနည်းသာလိုပါတယ်”လို့ ပြောကြားခဲ့တယ်။ ခရိုအေးရှားအသင်းဟာ ရှုံးထွက်(၁၆)သင်းအဆင့်ကနေစပြီး ဆီမီးဖိုင်နယ်အထိ အချိန်ပိုမိနစ်(၁၂၀)ကစားခဲ့ရတာကြောင့် ပြင်သစ်အသင်းထက် တစ်ပွဲပိုကစားခဲ့ရသလိုဖြစ်နေတဲ့အတွက် ပွဲပန်းမှုဒဏ်ခံစားရမယ်လို့ မီဒီယာတွေက သုံးသပ်နေတဲ့အပေါ် ရာကီတစ်က ငြင်းဆန်ခဲ့ပါတယ်။ “ကျွန်တော်တို့ရဲ့ ကြံ့ခိုင်မှု၊ Power တွေ အများကြီးရှိနေတယ်ဆိုတာ ဗိုလ်လုပွဲကျရင် မြင်တွေ့ရမှာပါ။ အဲဒီအတွက် စိုးရိမ်စရာမလိုပါဘူး”လို့ ရာကီတစ်က ကြုံးဝါးခဲ့တယ်။

REF:Sky Sports
Photo:Goal.com
Naing Linn(Akhayar)
www.akhayar.com