This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားမွာ ဗုိလ္စဲြရင္ နဖူးေပၚမွာ ကမၻာ႔ဖလားပုံတက္တူးထုိးမယ့္ ရာကီတစ္ Rakitic

ခ႐ုိေအးရွားကြင္းလယ္လူ ရာကီတစ္ Rakitic က တကယ္လုိ႔ ကမၻာ႔ဖလားဗုိလ္လုပဲြမွာသာ ခ႐ုိေအးရွားအသင္း အႏုိင္ရခ့ဲရင္ ကမၻာ႔ဖလားပုံကုိ သူ႔နဖူးမွာ တက္တူးထုိးမယ္လုိ႔ ေျပာၾကားခဲ့တယ္။ ခ႐ုိေအးရွားအသင္းဟာ ၂၀၁၈ ကမၻာ႔ဖလားဗုိလ္လုပဲြအျဖစ္ ျပင္သစ္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး ဒီပြဲမွာ ရာကီတစ္ ပဲြထြက္ကစားခြင့္ရမယ္ဆုိရင္ ၂၀၁၇-၁၈ တစ္ရာသီအတြင္း ကလပ္နဲ႔ႏုိင္ငံအသင္းအတြက္ သူ႔ရဲ႕ (၇၁)ပဲြေျမာက္ျဖစ္လာမယ့္အျပင္ တစ္ရာသီအတြင္း ပဲြအမ်ားဆုံးကစားခဲ့သူအျဖစ္ ကမၻာ႔စံခ်ိန္တင္ႏုိင္မွာပါ။

Rakitic-joked-that-he-will-tattoo-his-forehead-if-Croatia-win-the-World-Cup

Rakitic-joked-that-he-will-tattoo-his-forehead-if-Croatia-win-the-World-Cup

ခ႐ုိေအးရွားအသင္းဟာ ကမၻာ႔ဖလားဗုိလ္လုပဲြကုိ ပထမဆုံးအႀကိမ္တက္ေရာက္ခဲ့ၿပီး သူတို႔ထက္အင္အားႀကီးတဲ့ ျပင္သစ္နဲ႔ရင္ဆုိင္ရမွာျဖစ္လုိ႔ ဗုိလ္စဲြဖုိ႔ ေရပန္းစားျခင္းမရွိပါဘူး။ ဒါေပမဲ့လည္း ရာကီတစ္က သူတို႔အသင္း ျပင္သစ္အသင္းကုိ ေက်ာ္ျဖတ္ၿပီး ခ်န္ပီယံဆုကုိင္ေျမႇာက္ႏုိင္မယ္လုိ႔ ယုံၾကည္ေနပါတယ္။ မီဒီယာေတြက တကယ္လုိ႔ ခ႐ုိေအးရွားအသင္းသာ ဗုိလ္စဲြရင္ ရာကီတစ္ရဲ႕ညာဘက္လက္ေမာင္းမွာ တက္တူးထုိးဖုိ႔ ေနရာရွိေသးလားဆုိၿပီး ေမးျမန္းခဲ့ေတာ့ သူက”ညာဘက္လက္ေမာင္းမွာေတာ့ ေနရာမရွိေတာ့ပါဘူး။ ဒါေပမဲ့ နဖူးေပၚမွာေတာ့ ေနရာရွိေသးတယ္။ တကယ္လုိ႔ ကၽြန္ေတာ္တို႔အသင္း ဗုိလ္စဲြရင္ နဖူးေပၚမွာပဲ တက္တူးထုိးမွာပါ။ ဒါေပမဲ့ ကၽြန္ေတာ့္မိန္းမဆီက ခြင့္ျပဳခ်က္ေတာင္းဖုိ႔ လုိတာေပ့ါ”လုိ႔ ေနာက္ေျပာင္ေျပာဆုိခဲ့တယ္။

REF:The Sun
Photo:The Sun,leslieross.com
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲရင် နဖူးပေါ်မှာ ကမ္ဘာ့ဖလားပုံတက်တူးထိုးမယ့် ရာကီတစ် Rakitic

ခရိုအေးရှားကွင်းလယ်လူ ရာကီတစ် Rakitic က တကယ်လို့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာသာ ခရိုအေးရှားအသင်း အနိုင်ရခဲ့ရင် ကမ္ဘာ့ဖလားပုံကို သူ့နဖူးမှာ တက်တူးထိုးမယ်လို့ ပြောကြားခဲ့တယ်။ ခရိုအေးရှားအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲအဖြစ် ပြင်သစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဒီပွဲမှာ ရာကီတစ် ပွဲထွက်ကစားခွင့်ရမယ်ဆိုရင် ၂၀၁၇-၁၈ တစ်ရာသီအတွင်း ကလပ်နဲ့နိုင်ငံအသင်းအတွက် သူ့ရဲ့ (၇၁)ပွဲမြောက်ဖြစ်လာမယ့်အပြင် တစ်ရာသီအတွင်း ပွဲအများဆုံးကစားခဲ့သူအဖြစ် ကမ္ဘာ့စံချိန်တင်နိုင်မှာပါ။

Rakitic-joked-that-he-will-tattoo-his-forehead-if-Croatia-win-the-World-Cup

Rakitic-joked-that-he-will-tattoo-his-forehead-if-Croatia-win-the-World-Cup

ခရိုအေးရှားအသင်းဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ပထမဆုံးအကြိမ်တက်ရောက်ခဲ့ပြီး သူတို့ထက်အင်အားကြီးတဲ့ ပြင်သစ်နဲ့ရင်ဆိုင်ရမှာဖြစ်လို့ ဗိုလ်စွဲဖို့ ရေပန်းစားခြင်းမရှိပါဘူး။ ဒါပေမဲ့လည်း ရာကီတစ်က သူတို့အသင်း ပြင်သစ်အသင်းကို ကျော်ဖြတ်ပြီး ချန်ပီယံဆုကိုင်မြှောက်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ မီဒီယာတွေက တကယ်လို့ ခရိုအေးရှားအသင်းသာ ဗိုလ်စွဲရင် ရာကီတစ်ရဲ့ညာဘက်လက်မောင်းမှာ တက်တူးထိုးဖို့ နေရာရှိသေးလားဆိုပြီး မေးမြန်းခဲ့တော့ သူက”ညာဘက်လက်မောင်းမှာတော့ နေရာမရှိတော့ပါဘူး။ ဒါပေမဲ့ နဖူးပေါ်မှာတော့ နေရာရှိသေးတယ်။ တကယ်လို့ ကျွန်တော်တို့အသင်း ဗိုလ်စွဲရင် နဖူးပေါ်မှာပဲ တက်တူးထိုးမှာပါ။ ဒါပေမဲ့ ကျွန်တော့်မိန်းမဆီက ခွင့်ပြုချက်တောင်းဖို့ လိုတာပေ့ါ”လို့ နောက်ပြောင်ပြောဆိုခဲ့တယ်။

REF:The Sun
Photo:The Sun,leslieross.com
Naing Linn(Akhayar)
www.akhayar.com