[Zawgyi]

လက်ချောင်းကျိုးတဲ့ဒဏ်ရာကြောင့် ရာကီတစ်(Rakitic)
အနားယူရမယ်

ဘာစီလိုနာအသင်းရဲ့ ခရိုအေးရှားလက်ရွေးစင်ကွင်းလယ်လူ ရာကီတစ်(Rakitic)ဟာ လက်ချောင်းရိုးကျိုးတဲ့ဒဏ်ရာကို ခွဲစိတ်ကုသ
မှု ခံယူခဲ့တဲအတွက် ရက်အတော်ကြာ အနားယူရတော့မှာဖြစ်ပါတယ်။ ရာကီတစ်ဟာ ပြီးခဲ့တဲ့အင်္ဂါနေ့က ရိုးမားကို(၃)ဂိုးပြတ်နဲ့
ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ အဲဒီ ဒဏ်ရာရခဲ့တာဖြစ်ပေမယ့် ပွဲချိန်ပြည့်ပါဝင်ကစားခဲ့တယ်။ ရာကီတစ်ရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီး ဘာ
စီလိုနာအသင်းက ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး “ရိုးမားအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ ရာကီတစ်ရဲ့ ဘယ်ဘက်လက်မှာ ထိခိုက်
ဒဏ်ရာရရှိခဲ့ပါတယ်။ စမ်းသပ်စစ်ဆေးမှုတွေအရ သူ့ရဲ့လက်ချောင်းရိုးကျိုးခဲ့တယ်လို့ သိရှိခဲ့ရပြီး ခွဲစိတ်ကုသမှုခံယူရမှာဖြစ်သလို
ခွဲစိတ်မှုအောင်မြင်ခြင်းရှိ၊ မရှိနဲ့ ဘယ်လောက်အထိ အနားယူရမလဲဆိုတာကို ထပ်မံ ကြေညာသွားမှာဖြစ်ပါတယ်”လို့ ဖော်ပြခဲ့ပါတယ်။

ရာကီတစ်ဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က ဆေးရုံမှာ ခွဲစိတ်ကုသမှုခံယူခဲ့ပြီး အဲဒီဓာတ်ပုံတွေကို သူ့ရဲ့ကိုယ်ပိုင် Instagram မှာ
Post တင်ခဲ့တယ်။ ရာကီတစ်က “အမြန်ဆုံး ကြံ့ခိုင်မှုပြည့်ဝလာအောင် ကြိုးစားသွားမှာဖြစ်ပြီး အသင်းရဲ့ လက်ကျန်ဖလား မျှော်
လင့်ချက်တွေအတွက်လည်း ဆက်လက်တိုက်ပွဲဝင်သွားမှာပါ။ မက်ဆေ့ခ်ျပေးပို့ပြီး အားပေးခဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်”
ဆိုပြီး ရေးသားခဲ့ပါတယ်။ ရာကီတစ်အနေနဲ့ ဒီရာသီမကုန်ခင် ဘာစီလိုနာအသင်းအတွက် ပြန်လည်ပါဝင်ကစားနိုင်ဖို့သာမက
၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ရာနှုန်းပြည့်ကြံ့ခိုင်မှုပြည့်ဝလာဖို့အတွက် ကြိုးစားရမှာလည်းဖြစ်ပါတယ်။

REF:Daily Mail
Naing Linn(Akhayar)
www.akhayar.com

[Zawgyi]

လက်ခော်င်းကိုးတဲ့ဒဏ်ရာကြောင့် ရာကီတစ်(Rakitic)
အနားယူရမယ်

ဘာစီလိုနာအသင်းရဲ့ ခရိုအေးရွားလက်ရြေးစင္ကြင်းလယ္လူ ရာကီတစ်(Rakitic)ဟာ လက်ခော်င်းရိုးကိုးတဲ့ဒဏ်ရာကို ခဲစြိတ္ကုသ
မှု ခံယူခဲ့တဲအတြက် ရက်အေတ်ာကြာ အနားယူရေတာ့မျွာဖစ္ပါတယ်။ ရာကီတစ်ဟာ ပြီးခဲ့တဲ့အင်္ဂါနေ့က ရိုးမားကို(၃)ဂိုျးပတ္နဲ့
ရှုံးနိမ့်ခဲ့တဲ့ ခ်န္ပီယံလိဂ္ပဲမြွာ အဲဒီ ဒဏ်ရာရခဲ့တျာဖစ်ပေမယ့် ပဲခြိန်ျပည့္ပါဝင္ကစားခဲ့တယ်။ ရာကီတစ်ရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီး ဘာ
စီလိုနာအသင်းက ကြေညာခ်က္တစ္ခု ထုတ်ျပန္ခဲ့ပြီး “ရိုးမားအသင်းနဲ့ကစားခဲ့တဲ့ပဲမြွာ ရာကီတစ်ရဲ့ ဘယ္ဘက္လက္မွာ ထိခိုက်
ဒဏ်ရာရရွိခဲ့ပါတယ်။ စမ်းသပ္စစ်ဆေးမှုတြေအရ သူ့ရဲ့လက်ခော်င်းရိုးကိုးခဲ့တယ္လို့ သိရွိခဲ့ရပြီး ခဲစြိတ္ကုသမှုခံယူရမျွာဖစ်သလို
ခဲစြိတ္မှုအောင်ျမင်ျခင်းရွိ၊ မရွိနဲ့ ဘယ်လောက်အထိ အနားယူရမလဲဆိုတာကို ထပ္မံ ကြေညာသြားမျွာဖစ္ပါတယ်”လို့ ဖော်ျပခဲ့ပါတယ်။

ရာကီတစ်ဟာ ပြီးခဲ့တဲ့ကြာသပေတးနေ့က ဆေးရုံမွာ ခဲစြိတ္ကုသမှုခံယူခဲ့ပြီး အဲဒီဓာတ္ပုံတြေကို သူ့ရဲ့ကိုယ္ပိုင် Instagram မွာ
Post တင္ခဲ့တယ်။ ရာကီတစ္က “အျမန္ဆုံး ကြံ့ခိုင္မျှုပည့်ဝလာအောင် ကြိုးစားသြားမျွာဖစ်ပြီး အသင်းရဲ့ လက္က်န္ဖလား မွော််
လင့္ခ်က်တြေအတြက္လည်း ဆက္လက္တိုက္ပဲဝြင်သြားမွာပါ။ မက်ဆေ့ခ်ပေးပို့ပြီး အားပေးခဲ့သူတြေကိုလည်း ကေ်းဇူးတင္ပါတယ်”
ဆိုပြီး ရေးသားခဲ့ပါတယ်။ ရာကီတစ်အေနနဲ့ ဒီရာသီမကုန္ခင် ဘာစီလိုနာအသင်းအတြက်ျပန္လည္ပါဝင္ကစားနိုင္ဖို့သာမက
၂၀၁၈ ကမ္ဘာ့ဖလားပြိုင္ပဲမြတိုင္ခင် ရာနှုန်ျးပည့်ကြံ့ခိုင္မျှုပည့်ဝလာဖို့အတြက် ကြိုးစားရမွာလည်ျးဖစ္ပါတယ်။

REF:Daily Mail
Naing Linn(Akhayar)
www.akhayar.com