[Zawgyi]
ရာသီဥတုတွေထဲမှာ မိုးရာသီဟာ စိုစိုစွတ်စွတ်နဲ့ သွားရလာရခက်တာမို့ လူတိုင်း စိတ်ပျက်ရတဲ့ ကာလတစ်ခုဖြစ်ပါတယ်။ မိုးတွင်းကာလတွေမှာ အလုပ်သမား ၊ ရုံးသမားတွေအနေနဲ့ ရှိုးထုတ်ဖို့ အခွင့်မသာပေမယ့်လည်း ဖက်ရှင်ကျနေဖို့ကလည်းလိုပါတယ်။  အထူးသဖြင့် မိန်းကလေးအများစုက အလှကြိုက်တတ်ကြပြီး သူများထက် ဖက်ရှင်ကျနေရမှ ကျေနပ်တတ်တဲ့သူတွေမို့ ယခုလို မိုးတွင်းမှာ ဖက်ရှင်ကျကျနဲ့လန်းနိုင်အောင် ဒီအရာလေးတွေကို ဆောင်ထားသင့်ပါတယ်။
Stella (Akhayar)
www.Akhayar.com
[Unicode]
မိုးရာသီမှာ ပျိုမေတို့အထာကျကျနဲ့ကြည့်ကောင်းနေဖို့ ဘာတွေလိုအပ်မလဲ
ရာသီဥတုတွေထဲမှာ မိုးရာသီဟာ စိုစိုစွတ်စွတ်နဲ့မို့ သွားရလာရခက်တာမို့ လူတိုင်း စိတ်ပျက်ရတဲ့ ကာလတစ်ခုဖြစ်ပါတယ်။ မိုးတွင်းကာလတွေမှာ အလုပ်သမား ၊ ရုံးသမားတွေအနေနဲ့ ရှိုးထုတ်ဖို့ အခွင့်မသာလှပေမယ့် ဖက်ရှင်ကျနေဖို့ကလည်းလိုပါတယ်။ အထူးသဖြင့် အလှကြိုက်တတ်တဲ့ မိန်းကလေးတွေကတော့ သူများထက် ဖက်ရှင်ကျနေရမှ ကျေနပ်တတ်တဲ့သူတွေမို့ ယခုလို မိုးတွင်းမှာ ဖက်ရှင်ကျချင်တယ်ဆိုရင် ဒီအရာတွေကို မဖြစ်မနေ ရှိထားဖို့လိုပါလိမ့်မယ်။(၁) ပထမဆုံး ဆောင်ထားရမှာကတော့ ရှုးဖိနပ်နပ်လှလှလေးတစ်ရံပါ။အနောက်တိုင်းနိုင်ငံတွေမှာတော့ မိုးရာသီမှာ Boot ဖိနပ်တွေစီးပြီး အလုပ်သွားကြပေမယ့် အရှေ့တောင်အာရှနိုင်ငံ တော်တော်များများကတော့ Boot ဖိနပ်စီးလေ့စီးထမရှိတာမို့ မိုးတွင်းစီးဖိနပ်လှလှလေးတွေလည်း ရှိထားသင့်ပါတယ်။ သင်ဝတ်ဆင်မယ့် ဝတ်စုံပေါ်မူတည်ပြီး ဖိနပ်ပုံစံကို ရွေးချယ်ပြီး အခြေအနေအချိန်အခါလိုက် ဝယ်ထားသင့်ပါတယ်နော်။
(၂)မိုးတွင်းမှာ ဖက်ရှင်ကျစေဖို့လိုအပ်တဲ့ ကိုယ်နဲ့မကွာဆောင်ထားသင့်တဲ့ အရာနောက်တစ်ခုကတော့ ထီး တစ်လက်ဖြစ်ပါတယ်။ ထီးမေ့ပြီဆိုရင်တော့ သင်တစ်နေ့လုံး ရှိုးထုတ်လာသမျှ  အလကားဖြစ်သွားမှာပါ။  ဒါကြောင့်ကိုယ်ဝတ်ဆင်လာတဲ့ ဖက်ရှင်ကို ပိုပြီးချစ်စရာကောင်းကာ ပေါ်လွင်နေစေဖို့ ထီးလှလှလေးတစ်လက်ကလည်း များစွာအထောက်အကူပြုစေနိုင်ပါတယ်။
(၃) မိန်းကလေးတိုင်းလိုအပ်တဲ့ နောက်ထပ် အဆင်တန်ဆာတစ်ခုကတော့ လက်ကိုင်အိတ်ပါ။ ထီးရှိနေပမယ့်လည်း မိုးမလုံနိုင်ချေရှိတာမို့ ရေစိုခံပြီးမိုးရာသီနဲ့ လိုက်ဖက်နဲ့ လက်ကိုင်အိတ်လှလှလေးတွေကိုသာ ဝယ်ထားသင့်ပါတယ်။ အဝတ်အစားကဘယ်လောက်လန်းလန်း လူပုံအလယ်မှာ သင့်လက်ကိုင်အိတ်က ရေစိုမခံတဲ့အပြင် လျော့တိလျော့ရဲဖြစ်နေရင်တော့ လူပုံအလယ်မှာ ကိုးရိုးကားရားနိုင်လှပါတယ်။
(၄) မိုးရာသီမှာ မိန်းကလေးတိုင်း ဖက်ရှင်ကျနေဖို့ မဖြစ်မနေ ဆောင်ထားရမှာက အနွေးထည် ၊ ဒါမှမဟုတ် ဂျာကင်ကောင်းကောင်း တစ်ထည်လောက် ဖြစ်ပါတယ်။ မိုးတွင်းမှာ ဝတ်လို့ရမယ့် ဂျာကင် အရှည်လေးတွေ ဝတ်ဆင်လိုက်မယ်ဆိုရင်တော့ အနွေးဓာတ်လည်း ရသလို ပွဲလည်းတိုးတာမို့ ဘယ်ပဲသွားသွား ဖက်ရှင်ကျနေမှာသေချာပါတယ်။ ယခုခေတ်မှာ မိုးရာသီနဲ့အဆင်ပြေမယ့် Leather ကုတ်လှလှလေးတွေလည်း ခေတ်စားနေပြီမို့ မိန်းကလေးတိုင်း မဖြစ်မနေ ဝယ်ထားမှဖြစ်မယ်နော် ။မိန်းကလေးတိုင်း မိုးတွင်းမှာ ဖက်ရှင်ကျကျနဲ့ အထာကျကျ အပြင်ထွက်ကြပါစို့နော်။
Stella (Akhayar)
www.Akhayar.com