[Zawgyi]

မိုးရက္ေတြမွာ Kendall Jenner ရဲ႕ ဘယ္လို Fashion ေတြနဲ႔ လန္းမလဲ?

Kendall Jenner ဆိုတာက ဘိုဆန္ဆန္မ်က္ႏွာက်ခြ်န္ခြ်န္၊ သြယ္လ်လြန္းတဲ့ ေပါင္တံေလးေတြနဲ႔ ေမာ္ဒယ္လ္ေလာကရဲ႕ ထိပ္သီး နာမည္ႀကီး ေမာ္ဒယ္လ္တစ္ေယာက္ပါ။

အႏုပညာေလာကမွာ ေအာင္ျမင္သေလာက္ သူမရဲ႕ ဝတ္စားပံုေတြ Fashion ေတြဟာဆိုရင္လည္း အၿမဲတမ္း လံုလံုျခံဳျခံဳဝတ္တတ္သူ၊ Skinny Pant ေတြစြဲစြဲၿမဲၿမဲ ဝတ္တတ္သူ၊ Girly Type မဟုတ္ဘဲ ေယာက္်ားဆန္ဆန္ Fashion မ်ိဳးေတြနဲ႔ New York လမ္းမေတြထက္မွာ အၿမဲ Smart က်က်ေတြ႕ျမင္ရသူပါ။

ဒါ့ေၾကာင့္မို႔ အရပ္ရွည္ရွည္၊ ေပါင္တံသြယ္သြယ္နဲ႔ အထာက်က်မိန္းကေလးတစ္ေယာက္အျဖစ္ မိုးရာသီေန႔ရက္ေတြကို အမိုက္စား ျဖတ္သန္းဖို႔ New York ရဲ႕ မိုးရက္ေတြမွာ Kendall ဘယ္လိုဝတ္ဆင္လဲဆိုတဲ့ Outfits Idea ေတြကို အတုယူဝတ္ဆင္တတ္ေအာင္ Fashion ခ်စ္ျမတ္ႏိုးသူတိုင္းအတြက္ တင္ဆက္ေပးလိုက္ပါတယ္။

အံု႔မိႈင္းမိႈင္းမိုးရာသီမွာ Kendall ဝတ္ထားတဲ့ Pure Color Long sleeve turtleneck Crop Top ေလးနဲ႔ Jeans ေလးသာ၀တ္လိုက္ရင္ေတာ့ ခါးေသးေသးနဲ႔ အထာက်တဲ့ မိန္းကေလးျဖစ္မွာ လံုးဝအေသအခ်ာပါ။

Trench Coat ေလးနဲ႔ Jeans Legging ေလးနဲ႔ ဒီလို Color မိႈင္းမိႈင္းေလးေတြကလည္း ဘယ္ခ်ိန္ဝတ္ဝတ္ ႐ိုး႐ိုးရွင္းရွင္းနဲ႔ ၾကည့္ေကာင္းေနတာပါပဲ။

Leather ေတြကလည္း မိုးရာသီမွာ လံုးဝေမ့ထားလို႔ မရတဲ႔ Fashion Theme ေတြဆိုတာကို Kendall က ဒီလို တြဲဖက္ဝတ္ျပထားပါတယ္။

Jeans ကို Jeans နဲ႔ တြဲဝတ္ၿပီး Sport Shoes ေလးနဲ႔လည္း အထာက်က်နဲ႔ မိုးရာသီအတြက္ လန္းေနဆဲဆိုတာ ဒီပံုေလးမွာ ျမင္ႏိုင္ပါတယ္။

စိမ္းျပာေရာင္ အကြက္ေလးနဲ႔ Denim High Rise Boyfriend Jeans ေလးနဲ႔ ဆိုရင္လည္း Fashionista တစ္ေယာက္မွန္းသိသာေစမယ့္ ေရြးခ်ယ္မႈပါပဲ။

ဘယ္ေတာ့မွ မ႐ိုးတဲ႔ Fashion ကေတာ့ Sweater နက္ေလးနဲ႔ Jeans ေလးကို Sneaker ျဖဴေလးနဲ႔ အ႐ိုးရွင္းဆံုး ဝတ္စားဆင္ယင္မႈပါပဲ။

မိုးတြင္း Party ေတြ အတြက္ ဒီလို leather legging ေလးေတြနဲ႔လည္း တြဲဖက္ဝတ္လို႔ရပါေသးတယ္။

Wow…လို႔ ေရရြတ္မိေလာက္ေအာင္ကို All Black Theme ကေတာ့ မိုးရာသီမွမဟုတ္ အခ်ိန္မေရြး အၿမဲတမ္းေဂၚေနတာပါပဲ။

သိုးေမြး Coat ေလးေတြနဲ႔ Skinny ေဘာင္းဘီေလးကို ေငြေရာင္ Metallic Boot ေလးနဲ႔ Kendall ရဲ႕ မိုးတြင္း Fashion ကလည္း မ႐ိုးမဆန္းနဲ႔ ခပ္လန္းလန္းပါပဲ။

ဒီေလာက္ဆိုရင္ေတာ့ မိုးတြင္းအတြက္ Kendall Jenner ရဲ႕ ဝတ္စားဆင္ယင္မႈေတြကို Inspiration ယူၿပီး အထာက်က်နဲ႔ လံုျခံဳတဲ့ မိုးရာသီ Fashion ေတြ ဖန္တီးႏိုင္ၾကေလာက္ၿပီထင္ပါတယ္။

EiEiKhineMinn (Akhayar)

[Unicode]

မိုးရက်တွေမှာ Kendall Jenner ရဲ့ ဘယ်လို Fashion တွေနဲ့ လန်းမလဲ?

Kendall Jenner ဆိုတာက ဘိုဆန်ဆန်မျက်နှာကျချွန်ချွန်၊ သွယ်လျလွန်းတဲ့ ပေါင်တံလေးတွေနဲ့ မော်ဒယ်လ်လောကရဲ့ ထိပ်သီး နာမည်ကြီး မော်ဒယ်လ်တစ်ယောက်ပါ။

အနုပညာလောကမှာ အောင်မြင်သလောက် သူမရဲ့ ဝတ်စားပုံတွေ Fashion တွေဟာဆိုရင်လည်း အမြဲတမ်း လုံလုံခြုံခြုံဝတ်တတ်သူ၊ Skinny Pant တွေစွဲစွဲမြဲမြဲ ဝတ်တတ်သူ၊ Girly Type မဟုတ်ဘဲ ယောက်ျားဆန်ဆန် Fashion မျိုးတွေနဲ့ New York လမ်းမတွေထက်မှာ အမြဲ Smart ကျကျတွေ့မြင်ရသူပါ။

ဒါ့ကြောင့်မို့ အရပ်ရှည်ရှည်၊ ပေါင်တံသွယ်သွယ်နဲ့ အထာကျကျမိန်းကလေးတစ်ယောက်အဖြစ် မိုးရာသီနေ့ရက်တွေကို အမိုက်စား ဖြတ်သန်းဖို့ New York ရဲ့ မိုးရက်တွေမှာ Kendall ဘယ်လိုဝတ်ဆင်လဲဆိုတဲ့ Outfits Idea တွေကို အတုယူဝတ်ဆင်တတ်အောင် Fashion ချစ်မြတ်နိုးသူတိုင်းအတွက် တင်ဆက်ပေးလိုက်ပါတယ်။

အုံ့မှိုင်းမှိုင်းမိုးရာသီမှာ Kendall ဝတ်ထားတဲ့ Pure Color Long sleeve turtleneck Crop Top လေးနဲ့ Jeans လေးသာဝတ်လိုက်ရင်တော့ ခါးသေးသေးနဲ့ အထာကျတဲ့ မိန်းကလေးဖြစ်မှာ လုံးဝအသေအချာပါ။

Trench Coat လေးနဲ့ Jeans Legging လေးနဲ့ ဒီလို Color မှိုင်းမှိုင်းလေးတွေကလည်း ဘယ်ချိန်ဝတ်ဝတ် ရိုးရိုးရှင်းရှင်းနဲ့ ကြည့်ကောင်းနေတာပါပဲ။

Leather တွေကလည်း မိုးရာသီမှာ လုံးဝမေ့ထားလို့ မရတဲ့ Fashion Theme တွေဆိုတာကို Kendall က ဒီလို တွဲဖက်ဝတ်ပြထားပါတယ်။

Jeans ကို Jeans နဲ့ တွဲဝတ်ပြီး Sport Shoes လေးနဲ့လည်း အထာကျကျနဲ့ မိုးရာသီအတွက် လန်းနေဆဲဆိုတာ ဒီပုံလေးမှာ မြင်နိုင်ပါတယ်။

စိမ်းပြာရောင် အကွက်လေးနဲ့ Denim High Rise Boyfriend Jeans လေးနဲ့ ဆိုရင်လည်း Fashionista တစ်ယောက်မှန်းသိသာစေမယ့် ရွေးချယ်မှုပါပဲ။

ဘယ်တော့မှ မရိုးတဲ့ Fashion ကတော့ Sweater နက်လေးနဲ့ Jeans လေးကို Sneaker ဖြူလေးနဲ့ အရိုးရှင်းဆုံး ဝတ်စားဆင်ယင်မှုပါပဲ။

မိုးတွင်း Party တွေ အတွက် ဒီလို leather legging လေးတွေနဲ့လည်း တွဲဖက်ဝတ်လို့ရပါသေးတယ်။

Wow…လို့ ရေရွတ်မိလောက်အောင်ကို All Black Theme ကတော့ မိုးရာသီမှမဟုတ် အချိန်မရွေး အမြဲတမ်းဂေါ်နေတာပါပဲ။

သိုးမွေး Coat လေးတွေနဲ့ Skinny ဘောင်းဘီလေးကို ငွေရောင် Metallic Boot လေးနဲ့ Kendall ရဲ့ မိုးတွင်း Fashion ကလည်း မရိုးမဆန်းနဲ့ ခပ်လန်းလန်းပါပဲ။

ဒီလောက်ဆိုရင်တော့ မိုးတွင်းအတွက် Kendall Jenner ရဲ့ ဝတ်စားဆင်ယင်မှုတွေကို Inspiration ယူပြီး အထာကျကျနဲ့ လုံခြုံတဲ့ မိုးရာသီ Fashion တွေ ဖန်တီးနိုင်ကြလောက်ပြီထင်ပါတယ်။

EiEiKhineMinn (Akhayar)