[Zawgyi]

ျငင္းပယ္မႈကုိ အေလ်ာ့မေပးခဲ့တဲ့ ေဟာင္းဝဒ္ေရွာ့ထ္ (Howard Schultz)

အလုပ္ထဲမွာ ကုိယ့္အၾကံဥာဏ္ကုိ အထက္လူႀကီးဆီမွာ တင္ျပလုိက္တယ္၊ ဟုိဘက္က လက္မခံဘူး။ အဲဒါနဲ႔ ကုိယ့္အၾကံဥာဏ္က သဲထဲေရသြန္ျဖစ္သြားၿပီး အေကာင္အထည္မေဖာ္ျဖစ္ေတာ့ဘူး။ ဒီအခ်ိန္မွာ တခ်ိဳ႕လူေတြက ကုိယ့္အၾကံဥာဏ္ကုိ ကုမၸဏီက လက္မခံတဲ့အခါ ကုိယ္တုိင္အေကာင္အထည္ေဖာ္တတ္ပါတယ္။ မျဖစ္မေနႀကိဳးစားလုိက္တဲ့အခါ ေအာင္ျမင္သြားတဲ့ သူတစ္ေယာက္အေၾကာင္းကုိ ေျပာျပခ်င္ပါတယ္။ သူ႕နာမည္က ေဟာင္းဝဒ္ေရွာ့ထ္ (Howard Schultz) ။

ေဟာင္းဝဒ္ေရွာ့ထ္ကုိ အေမရိကန္ႏုိင္ငံ နယူးေယာက္ၿမိဳ႕မွာ ၁၉၅၃ခုႏွစ္ ဇူလုိင္လ (၁၉) ရက္ေန႔မွာ ေမြးဖြားခဲ့ပါတယ္။ သူ႕အေဖက စစ္သားေဟာင္းႀကီး။ စစ္ထြက္ပီပီ အျပင္မွာ မလုပ္တတ္မကုိင္တတ္နဲ႔ ကားေမာင္းတယ္။ သူ႕အေမကဆုိ အိမ္မႈလုပ္ငန္းပဲ လုပ္တတ္တယ္။ စီးပြားေရးက မေျပလည္ဘူး။ စီးပြားေရးမျပည့္စုံတဲ့ အေျခခံမိသားစုအတြက္ အားကစားကပဲ ထြက္ေပါက္ဆုိတာ သူနားလည္ခဲ့တယ္။

သူ႕အိမ္နဲ႔နီးတဲ့ ေကနာစီအထက္တန္းေက်ာင္း (Canarsie High School) မွာ ပညာသင္ခဲ့တယ္။ အထက္တန္းေက်ာင္းသားဘဝမွာ ေဘာလုံး၊ ဘတ္စကတ္ေဘာနဲ႔ ေဘ့စ္ေဘာေတြမွာ ထူးခြ်န္ခဲ့တယ္။ ၁၉၇၁ခုနွစ္မွာ အထက္တန္းေက်ာင္းၿပီးေတာ့ အားကစားမွာ ထူးခြ်န္ခဲ့လုိ႔ မိခ်ီဂန္ေျမာက္ပုိင္းတကၠသုိလ္ (Northern Michigan University) မွာ ပညာသင္ဆုရခဲ့ပါတယ္။ ၁၉၇၅ခုႏွစ္မွာေတာ့ ဘြဲ႕ရခဲ့တယ္။

ဘြဲ႕ရတာနဲ႔ Xerox Corporation မွာ အေရာင္းသမားအျဖစ္ တာဝန္ယူၿပီးေတာ့ အေရာင္းကုိယ္စားလွယ္အျဖစ္ ရာထူးတုိးသြားတယ္။ လူသုံးကုန္ပစၥည္းထုတ္လုပ္တဲ့ ဆြီဒင္ကုမၸဏီ Hammarplast မွာ အေထြေထြမန္ေနဂ်ာ (General Manager) ျဖစ္သြားတယ္။ အေမရိကန္ႏုိင္ငံကုိ တင္သြင္းတဲ့ ေကာ္ဖီစက္ေတြကုိ ေစ်းကြက္ထုိးေဖာက္ေပးရၿပီး သူ႕လက္ေအာက္မွာ ဝန္ထမ္း (၂ဝ) ေက်ာ္ ရွိပါတယ္။ ပုံရိပ္ျမင့္မားတဲ့ Hammarplast လုိ ကုမၸဏီမ်ိဳးမွာ အေမရိကန္ကုိယ္စားလွယ္ျဖစ္တာ နည္းတဲ့အခြင့္အေရးေတာ့ မဟုတ္ပါဘူး။

အဲဒီအခ်ိန္မွာ စီတယ္ၿမိဳ႕ (Seattle) မွ Starbucks ေကာ္ဖီေစ့ကုမၸဏီဟာ ပလတ္စတစ္ကန္ေတာ့ေတြ ဘာေၾကာင့္အမ်ားႀကီး မွာယူေနတာလဲဆုိေတာ့ စိတ္ဝင္စားေတာ့ သူလုိက္သြားတယ္။ ေကာ္ဖီေစ့ေရာင္းတဲ့ Starbucks ကုမၸဏီရဲ႕ လုပ္ပုံကုိင္ပုံကုိ သေဘာက်ၿပီး ၁၉၈၂ခုႏွစ္မွာ မားကတ္တင္းဒါရုိက္တာ (Director of Marketing) အျဖစ္ ေျပာင္းသြားတယ္။ ကုမၸဏီႀကီးတစ္ခုကေန Starbucks လုိ ကုမၸဏီငယ္ကုိ ေျပာင္းေရႊ႕ရဲတဲ့သတၱိက နည္းနည္းေနာေနာေတာ့ မဟုတ္ပါဘူး။ အီတလီႏုိင္ငံကုိ အလုပ္ကိစၥနဲ႔ ေရာက္သြားေတာ့ လမ္းတုိင္းမွာ ေကာ္ဖီဘားေတြကုိ ေတြ႕ခဲ့ရတယ္။ ေကာ္ဖီေစ့ေရာင္းမယ့္အစား ေကာ္ဖီေရာင္းမယ္ဆုိရင္ လူႀကိဳက္ပုိမ်ားႏုိင္တယ္လုိ႔ ကုမၸဏီပုိင္ရွင္နဲ႔ ရင္းႏွီးျမွဳပ္ႏွံသူေတြကုိ တင္ျပေပမယ့္ ဘယ္သူမွ လက္မခံခဲ့ပါဘူး။ စိတ္ပ်က္သြားေပမယ့္ ျဖစ္ခ်င္တဲ့ ရည္မွန္းခ်က္ကုိေတာ့ အေပ်ာက္မခံပါဘူး။ ၁၉၈၅ခုႏွစ္မွာ Starbucks ကုမၸဏီမွ ထြက္ခြာသြားခဲ့တယ္။

ေဟာင္းဝဒ္ေရွာ့ထ္ဟာ ကုိယ္ပုိင္စတုိးဆုိင္တစ္ခု ေထာင္ခ်င္တယ္။ အရင္းႏွီးက ေဒၚလာ၄သိန္းနီးပါး ကုန္မွာဆုိေတာ့ မတက္ႏုိင္ခဲ့ဘူး။ အဲဒီအခ်ိန္မွာ သူ႕မိန္းမကလည္း ကုိယ္ဝန္ႀကီးနဲ႔ပါ။ လုပ္ေဖာ္ကုိင္ဖက္ေဟာင္းေတြျဖစ္တဲ့ Starbucks တည္ေထာင္သူ ဂ်ယ္ရီ ဘုိးဝင္ (Jerry Baldwin) နဲ႔ ေဂၚဒြန္ ဘုိကာ (Gordon Bowker) တုိ႔က ပုိက္ဆံေခ်းေပးလုိက္တယ္။ “Il Giornale” ဆုိတဲ့ စတုိးဆုိင္ေလးမွာ ေရခဲမုန္႔နဲ႔ ေကာ္ဖီအျပင္ ေနာက္ခံတီးလုံးေလးနဲ႔ အီတလီအေငြ႕အသက္ပါေအာင္ ျပင္ဆင္ထားလုိက္ပါတယ္။ “Il Giornale” ဆုိတဲ့ ဆုိင္နာမည္ကလည္း အီတလီသတင္းစာရဲ႕နာမည္ကုိ ယူထားလုိက္တာပါ။ အီတလီပုံစံဖမ္းထားတဲ့ ေကာ္ဖီဆုိင္ေလးဟာ အေမရိကန္ႏုိင္ငံမွာ ေန႔ခ်င္းညခ်င္း ေအာင္ျမင္ခဲ့ပါတယ္။ ၁၉၈၇ခုႏွစ္မွာ ေဟာင္းဝဒ္ေရွာ့ထ္ဟာ မူလ Starbucks ကုမၸဏီကုိ အေမရိကန္ေဒၚလာ ၃.၈သန္း ေပးၿပီး ဝယ္လုိက္တယ္။ သူ႕အၾကံေအာင္ပါၿပီ။ ေကာ္ဖီေစ့ပဲ ေရာင္းတဲ့ Starbucks ကုမၸဏီကုိ ေကာ္ဖီပါ ေရာင္းခ်ႏုိင္ေအာင္ စီစဥ္ႏုိင္ခဲ့တယ္။

၂ဝ၁၆ခုႏွစ္ ႏုိဝင္ဘာလမွာ ကမၻာတစ္လႊားမွာ Starbucks ေကာ္ဖီဆုိင္ခြဲေပါင္း ၂၃,၇၆၈ ဆုိင္ ဖြင့္ႏုိင္တဲ့အထိ တုိးတက္ခဲ့ပါတယ္။ ေဟာင္းဝဒ္ေရွာ့ထ္ဟာ ၂ဝဝ၈ခုႏွစ္ ဇန္နဝါရီလ (၈) ရက္ေန႔မွာ Starbucks ကုမၸဏီရဲ႕ CEO အျဖစ္ တာဝန္ယူခဲ့တယ္။ ၂ဝ၁၇ခုႏွစ္ ဧၿပီလမွာ CEO ရာထူးမွာ ႏႈတ္ထြက္ၿပီး Executive Chairman အျဖစ္ တာဝန္ယူပါတယ္။ ဒါ့အျပင္ သူဟာ Square Inc ရဲ႕ ဘုတ္အဖြဲ႕ဝင္ျဖစ္ၿပီး Maveron ကုမၸဏီရဲ႕ ပူးတြဲတည္ေထာင္သူ ျဖစ္ပါေသးတယ္။ ကမၻာေက်ာ္ Forbes မဂၢဇင္းရဲ႕ သတ္မွတ္ခ်က္အရ ေဟာင္းဝဒ္ေရွာ့ထ္ရဲ႕ အသားတင္ၾကြယ္ဝမႈဟာ အေမရိကန္ေဒၚလာ ၂.၉ ဘီလီယံ (၂,၉ဝဝ သန္း) ရွိလာၿပီလုိ႔ သိရပါတယ္။ ေဟာင္းဝဒ္ေရွာ့ထ္ဟာ တကယ္လုိ႔မ်ား ေကာ္ဖီဆုိင္ဖြင့္သင့္တယ္လုိ႔ Starbucks အႀကီးအကဲေတြကုိ တင္ျပရာမွာ လက္မခံတုန္းက စိတ္ဓာတ္က်ၿပီး ဘာမွမလုပ္ခဲ့ရင္ အခုခ်ိန္မွာ ဘီလ်ံနာျဖစ္ဖုိ႔ အေၾကာင္းမရွိပါဘူး။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ငြင်းပယ်မှုကို အလျော့မပေးခဲ့တဲ့ ဟောင်းဝဒ်ရှော့ထ် (Howard Schultz)

အလုပ်ထဲမှာ ကိုယ့်အကြံဉာဏ်ကို အထက်လူကြီးဆီမှာ တင်ပြလိုက်တယ်၊ ဟိုဘက်က လက်မခံဘူး။ အဲဒါနဲ့ ကိုယ့်အကြံဉာဏ်က သဲထဲရေသွန်ဖြစ်သွားပြီး အကောင်အထည်မဖော်ဖြစ်တော့ဘူး။ ဒီအချိန်မှာ တချို့လူတွေက ကိုယ့်အကြံဉာဏ်ကို ကုမ္ပဏီက လက်မခံတဲ့အခါ ကိုယ်တိုင်အကောင်အထည်ဖော်တတ်ပါတယ်။ မဖြစ်မနေကြိုးစားလိုက်တဲ့အခါ အောင်မြင်သွားတဲ့ သူတစ်ယောက်အကြောင်းကို ပြောပြချင်ပါတယ်။ သူ့နာမည်က ဟောင်းဝဒ်ရှော့ထ် (Howard Schultz) ။

ဟောင်းဝဒ်ရှော့ထ်ကို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ၁၉၅၃ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ သူ့အဖေက စစ်သားဟောင်းကြီး။ စစ်ထွက်ပီပီ အပြင်မှာ မလုပ်တတ်မကိုင်တတ်နဲ့ ကားမောင်းတယ်။ သူ့အမေကဆို အိမ်မှုလုပ်ငန်းပဲ လုပ်တတ်တယ်။ စီးပွားရေးက မပြေလည်ဘူး။ စီးပွားရေးမပြည့်စုံတဲ့ အခြေခံမိသားစုအတွက် အားကစားကပဲ ထွက်ပေါက်ဆိုတာ သူနားလည်ခဲ့တယ်။

သူ့အိမ်နဲ့နီးတဲ့ ကေနာစီအထက်တန်းကျောင်း (Canarsie High School) မှာ ပညာသင်ခဲ့တယ်။ အထက်တန်းကျောင်းသားဘဝမှာ ဘောလုံး၊ ဘတ်စကတ်ဘောနဲ့ ဘေ့စ်ဘောတွေမှာ ထူးချွန်ခဲ့တယ်။ ၁၉၇၁ခုနှစ်မှာ အထက်တန်းကျောင်းပြီးတော့ အားကစားမှာ ထူးချွန်ခဲ့လို့ မိချီဂန်မြောက်ပိုင်းတက္ကသိုလ် (Northern Michigan University) မှာ ပညာသင်ဆုရခဲ့ပါတယ်။ ၁၉၇၅ခုနှစ်မှာတော့ ဘွဲ့ရခဲ့တယ်။

ဘွဲ့ရတာနဲ့ Xerox Corporation မှာ အရောင်းသမားအဖြစ် တာဝန်ယူပြီးတော့ အရောင်းကိုယ်စားလှယ်အဖြစ် ရာထူးတိုးသွားတယ်။ လူသုံးကုန်ပစ္စည်းထုတ်လုပ်တဲ့ ဆွီဒင်ကုမ္ပဏီ Hammarplast မှာ အထွေထွေမန်နေဂျာ (General Manager) ဖြစ်သွားတယ်။ အမေရိကန်နိုင်ငံကို တင်သွင်းတဲ့ ကော်ဖီစက်တွေကို ဈေးကွက်ထိုးဖောက်ပေးရပြီး သူ့လက်အောက်မှာ ဝန်ထမ်း (၂ဝ) ကျော် ရှိပါတယ်။ ပုံရိပ်မြင့်မားတဲ့ Hammarplast လို ကုမ္ပဏီမျိုးမှာ အမေရိကန်ကိုယ်စားလှယ်ဖြစ်တာ နည်းတဲ့အခွင့်အရေးတော့ မဟုတ်ပါဘူး။

အဲဒီအချိန်မှာ စီတယ်မြို့ (Seattle) မှ Starbucks ကော်ဖီစေ့ကုမ္ပဏီဟာ ပလတ်စတစ်ကန်တော့တွေ ဘာကြောင့်အများကြီး မှာယူနေတာလဲဆိုတော့ စိတ်ဝင်စားတော့ သူလိုက်သွားတယ်။ ကော်ဖီစေ့ရောင်းတဲ့ Starbucks ကုမ္ပဏီရဲ့ လုပ်ပုံကိုင်ပုံကို သဘောကျပြီး ၁၉၈၂ခုနှစ်မှာ မားကတ်တင်းဒါရိုက်တာ (Director of Marketing) အဖြစ် ပြောင်းသွားတယ်။ ကုမ္ပဏီကြီးတစ်ခုကနေ Starbucks လို ကုမ္ပဏီငယ်ကို ပြောင်းရွှေ့ရဲတဲ့သတ္တိက နည်းနည်းနောနောတော့ မဟုတ်ပါဘူး။ အီတလီနိုင်ငံကို အလုပ်ကိစ္စနဲ့ ရောက်သွားတော့ လမ်းတိုင်းမှာ ကော်ဖီဘားတွေကို တွေ့ခဲ့ရတယ်။ ကော်ဖီစေ့ရောင်းမယ့်အစား ကော်ဖီရောင်းမယ်ဆိုရင် လူကြိုက်ပိုများနိုင်တယ်လို့ ကုမ္ပဏီပိုင်ရှင်နဲ့ ရင်းနှီးမြှုပ်နှံသူတွေကို တင်ပြပေမယ့် ဘယ်သူမှ လက်မခံခဲ့ပါဘူး။ စိတ်ပျက်သွားပေမယ့် ဖြစ်ချင်တဲ့ ရည်မှန်းချက်ကိုတော့ အပျောက်မခံပါဘူး။ ၁၉၈၅ခုနှစ်မှာ Starbucks ကုမ္ပဏီမှ ထွက်ခွာသွားခဲ့တယ်။

ဟောင်းဝဒ်ရှော့ထ်ဟာ ကိုယ်ပိုင်စတိုးဆိုင်တစ်ခု ထောင်ချင်တယ်။ အရင်းနှီးက ဒေါ်လာ၄သိန်းနီးပါး ကုန်မှာဆိုတော့ မတက်နိုင်ခဲ့ဘူး။ အဲဒီအချိန်မှာ သူ့မိန်းမကလည်း ကိုယ်ဝန်ကြီးနဲ့ပါ။ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေဖြစ်တဲ့ Starbucks တည်ထောင်သူ ဂျယ်ရီ ဘိုးဝင် (Jerry Baldwin) နဲ့ ဂေါ်ဒွန် ဘိုကာ (Gordon Bowker) တို့က ပိုက်ဆံချေးပေးလိုက်တယ်။ “Il Giornale” ဆိုတဲ့ စတိုးဆိုင်လေးမှာ ရေခဲမုန့်နဲ့ ကော်ဖီအပြင် နောက်ခံတီးလုံးလေးနဲ့ အီတလီအငွေ့အသက်ပါအောင် ပြင်ဆင်ထားလိုက်ပါတယ်။ “Il Giornale” ဆိုတဲ့ ဆိုင်နာမည်ကလည်း အီတလီသတင်းစာရဲ့နာမည်ကို ယူထားလိုက်တာပါ။ အီတလီပုံစံဖမ်းထားတဲ့ ကော်ဖီဆိုင်လေးဟာ အမေရိကန်နိုင်ငံမှာ နေ့ချင်းညချင်း အောင်မြင်ခဲ့ပါတယ်။ ၁၉၈၇ခုနှစ်မှာ ဟောင်းဝဒ်ရှော့ထ်ဟာ မူလ Starbucks ကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၃.၈သန်း ပေးပြီး ဝယ်လိုက်တယ်။ သူ့အကြံအောင်ပါပြီ။ ကော်ဖီစေ့ပဲ ရောင်းတဲ့ Starbucks ကုမ္ပဏီကို ကော်ဖီပါ ရောင်းချနိုင်အောင် စီစဉ်နိုင်ခဲ့တယ်။

၂ဝ၁၆ခုနှစ် နိုဝင်ဘာလမှာ ကမ္ဘာတစ်လွှားမှာ Starbucks ကော်ဖီဆိုင်ခွဲပေါင်း ၂၃,၇၆၈ ဆိုင် ဖွင့်နိုင်တဲ့အထိ တိုးတက်ခဲ့ပါတယ်။ ဟောင်းဝဒ်ရှော့ထ်ဟာ ၂ဝဝ၈ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့မှာ Starbucks ကုမ္ပဏီရဲ့ CEO အဖြစ် တာဝန်ယူခဲ့တယ်။ ၂ဝ၁၇ခုနှစ် ဧပြီလမှာ CEO ရာထူးမှာ နှုတ်ထွက်ပြီး Executive Chairman အဖြစ် တာဝန်ယူပါတယ်။ ဒါ့အပြင် သူဟာ Square Inc ရဲ့ ဘုတ်အဖွဲ့ဝင်ဖြစ်ပြီး Maveron ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူ ဖြစ်ပါသေးတယ်။ ကမ္ဘာကျော် Forbes မဂ္ဂဇင်းရဲ့ သတ်မှတ်ချက်အရ ဟောင်းဝဒ်ရှော့ထ်ရဲ့ အသားတင်ကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၂.၉ ဘီလီယံ (၂,၉ဝဝ သန်း) ရှိလာပြီလို့ သိရပါတယ်။ ဟောင်းဝဒ်ရှော့ထ်ဟာ တကယ်လို့များ ကော်ဖီဆိုင်ဖွင့်သင့်တယ်လို့ Starbucks အကြီးအကဲတွေကို တင်ပြရာမှာ လက်မခံတုန်းက စိတ်ဓာတ်ကျပြီး ဘာမှမလုပ်ခဲ့ရင် အခုချိန်မှာ ဘီလျံနာဖြစ်ဖို့ အကြောင်းမရှိပါဘူး။

ကျော်စိုးအောင် (အခရာ)

www.akhayar.com