[Zawgyi]

ကမၻာ႔ဖလားၿပိဳင္ပဲြ(၅)ႀကိမ္ ဆင္ႏႊဲဖူးတဲ့ တတိယေျမာက္ကစားအျဖစ္ မွတ္တမ္း၀င္မယ့္ မားကြက္ဇ္ Marquez

(၄)ႏွစ္မွ တစ္ႀကိမ္က်င္းပတဲ့ ကမၻာ႔ဖလားၿပိဳင္ပဲြကုိ (၅)ႀကိမ္အထိ ပါ၀င္ဆင္ႏႊဲခြင့္ရဖုိ႔ဆုိတာ ေဘာလုံးသမား တစ္ဦးအတြက္ အရမ္းခက္ခဲတဲ့ အိပ္မက္တစ္ခုပါ။ ကမၻာ႔ဖလားၿပိဳင္ပဲြ သမုိင္းတစ္ေလွ်ာက္ကုိ ျပန္ၾကည့္ရင္လည္း (၅)ႀကိမ္အထိ ပါ၀င္ခြင့္ရခဲ့တဲ့ကစားသမားဆုိတာကလည္း လက္တစ္ဖက္ျပည့္စာေတာင္ မရွိပါဘူး။ အခုေတာ့ မကၠဆီကုိအသင္းရဲ႕ ဂႏၱ၀င္ကစားသမားႀကီး ရာေဖးလ္မားကြက္ဇ္ Rafael Marquez က ကမၻာ႔ဖလားၿပိဳင္ပြဲရဲ႕ ရွားပါးတဲ့ မွတ္တမ္းတစ္ခုကုိ ရယူႏုိင္ခဲ့ပါၿပီ။ အဲဒါကေတာ့ ကမၻာ႔ဖလားၿပိဳင္ပဲြကုိ (၅)ႀကိမ္ အထိ ဆင္ႏႊဲဖူးတဲ့ တတိယေျမာက္ကစားသမားဆုိတဲ့ မွတ္တမ္းပါပဲ။

Antonio-Carvajal

Antonio-Carvajal

အသက္(၃၉)ႏွစ္အရြယ္ရွိေနၿပီျဖစ္ေပမယ့္ ႏုိင္ငံအသင္းအတြက္ ေပးဆပ္လုိတဲ့ မားကြက္ဇ္ရဲ႕ ဆႏၵက ျပင္းျပေနဆဲျဖစ္ၿပီး အခုဆုိရင္ ကစားသမားဘ၀ (၅)ႀကိမ္ေျမာက္ ကမၻာ႔ဖလားၿပိဳင္ပဲြႀကီးကုိ ဆင္ႏႊဲပါေတာ့မယ္။ မကၠဆီကုိအသင္းမွာ ၁၉၉၇ ခုႏွစ္ကတည္းက ေရြးခ်ယ္ခံခဲ့ရတဲ့ မားကြက္ဇ္ဟာ ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄ ကမၻာ႔ဖလားေတြမွာ ယွဥ္ၿပိဳင္ခဲ့ဖူးၿပီး လာမယ့္ ၂၀၁၈ ကမၻာ႔ဖလားအတြက္ မကၠဆီကုိ လူစာရင္းမွာလည္း ေရြးခ်ယ္ခံထားရတယ္။

Lothar-Matthäus

Lothar-Matthäus

မားကြက္ဇ္ မတိုင္ခင္က ကမၻာ႔ဖလား(၅)ႀကိမ္ကစားခဲ့ဖူးတာဆုိလုိ႔ မကၠဆီကုိဂုိးသမား အန္တုိနီယိုကာဗာဟယ္လ္ Antonio Carvajal နဲ႔ ဂ်ာမန္ဂႏၱ၀င္ကစားသမားႀကီး လုိသာမာသီးယက္စ္ Lothar Matthaus တို႔ပဲရွိတာပါ။ ကာဗာဟယ္လ္ဟာ ၁၉၅၀၊ ၁၉၅၄၊ ၁၉၅၈၊ ၁၉၆၂၊ ၁၉၆၆ ကမၻာ႔ဖလားေတြမွာ ႏုိင္ငံအသင္း အတြက္ ပါ၀င္ယွဥ္ၿပိဳင္ခဲ့ၿပီး လုိသာမာသီးယက္စ္ကေတာ့ ၁၉၈၂၊ ၁၉၈၆၊ ၁၉၉၀၊ ၁၉၉၄၊ ၁၉၉၈ ကမၻာ႔ဖလား ေတြမွာ ယွဥ္ၿပိဳင္ခဲ့ပါတယ္။

REF:Marca
Photo:Univision.com,Letras Libres,
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ကမ္ဘာ့ဖလားပြိုင်ပွဲ(၅)ကြိမ် ဆင်နွှဲဖူးတဲ့ တတိယမြောက်ကစားအဖြစ် မှတ်တမ်းဝင်မယ့် မားကွက်ဇ် Marquez

(၄)နှစ်မှ တစ်ကြိမ်ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို (၅)ကြိမ်အထိ ပါဝင်ဆင်နွှဲခွင့်ရဖို့ဆိုတာ ဘောလုံးသမား တစ်ဦးအတွက် အရမ်းခက်ခဲတဲ့ အိပ်မက်တစ်ခုပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက်ကို ပြန်ကြည့်ရင်လည်း (၅)ကြိမ်အထိ ပါဝင်ခွင့်ရခဲ့တဲ့ကစားသမားဆိုတာကလည်း လက်တစ်ဖက်ပြည့်စာတောင် မရှိပါဘူး။ အခုတော့ မက္ကဆီကိုအသင်းရဲ့ ဂန္တဝင်ကစားသမားကြီး ရာဖေးလ်မားကွက်ဇ် Rafael Marquez က ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရှားပါးတဲ့ မှတ်တမ်းတစ်ခုကို ရယူနိုင်ခဲ့ပါပြီ။ အဲဒါကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို (၅)ကြိမ် အထိ ဆင်နွှဲဖူးတဲ့ တတိယမြောက်ကစားသမားဆိုတဲ့ မှတ်တမ်းပါပဲ။

Antonio-Carvajal

Antonio-Carvajal

အသက်(၃၉)နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့် နိုင်ငံအသင်းအတွက် ပေးဆပ်လိုတဲ့ မားကွက်ဇ်ရဲ့ ဆန္ဒက ပြင်းပြနေဆဲဖြစ်ပြီး အခုဆိုရင် ကစားသမားဘ၀ (၅)ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဆင်နွှဲပါတော့မယ်။ မက္ကဆီကိုအသင်းမှာ ၁၉၉၇ ခုနှစ်ကတည်းက ရွေးချယ်ခံခဲ့ရတဲ့ မားကွက်ဇ်ဟာ ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄ ကမ္ဘာ့ဖလားတွေမှာ ယှဉ်ပြိုင်ခဲ့ဖူးပြီး လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလားအတွက် မက္ကဆီကို လူစာရင်းမှာလည်း ရွေးချယ်ခံထားရတယ်။

Lothar-Matthäus

Lothar-Matthäus

မားကွက်ဇ် မတိုင်ခင်က ကမ္ဘာ့ဖလား(၅)ကြိမ်ကစားခဲ့ဖူးတာဆိုလို့ မက္ကဆီကိုဂိုးသမား အန်တိုနီယိုကာဗာဟယ်လ် Antonio Carvajal နဲ့ ဂျာမန်ဂန္တဝင်ကစားသမားကြီး လိုသာမာသီးယက်စ် Lothar Matthaus တို့ပဲရှိတာပါ။ ကာဗာဟယ်လ်ဟာ ၁၉၅၀၊ ၁၉၅၄၊ ၁၉၅၈၊ ၁၉၆၂၊ ၁၉၆၆ ကမ္ဘာ့ဖလားတွေမှာ နိုင်ငံအသင်း အတွက် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး လိုသာမာသီးယက်စ်ကတော့ ၁၉၈၂၊ ၁၉၈၆၊ ၁၉၉၀၊ ၁၉၉၄၊ ၁၉၉၈ ကမ္ဘာ့ဖလား တွေမှာ ယှဉ်ပြိုင်ခဲ့ပါတယ်။

REF:Marca
Photo:Univision.com,Letras Libres,
Naing Linn(Akhayar)
www.akhayar.com