[Zawgyi]



Ghezzal

Ghezzal



REF: BBC Sport
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဂီဇယ် Ghezzal ကိုခေါ်ယူခဲ့တဲ့ လက်စတာစီးတီး

ပရီးမီးယားလိဂ်ကလပ် လက်စတာစီးတီးအသင်းဟာ မိုနာကိုအသင်းရဲ့ အယ်လ်ဂျီးရီးယားတောင်ပံ ကစားသမား ဂီဇယ် Ghezzal ကိုခေါ်ယူခဲ့ပါတယ်။ လက်စတာအသင်းဟာ အသက်(၂၆)နှစ်အရွယ် ဂီဇယ် Ghezzal အတွက်ပြောင်းရွှေ့ကြေးပေါင်(၁၀)သန်းသုံးခဲ့ရပြီး (၄)နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ မန်စီးတီးအသင်းကို ပြောင်းရွှေ့သွားတဲ့ တောင်ပံကစားသမား မာရက်ဇ် Mahrez ရဲ့နေရာကိုအစားထိုးဖို့အတွက် လက်စတာစီးတီးအသင်းဟာ ဂီဇယ် Ghezzal ကိုခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။ဂီဇယ် Ghezzal အနေနဲ့ မာရက်ဇ် Mahrez ရဲ့နေရာအစားဝင်နိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။

Ghezzal

Ghezzal

ဂီဇယ် Ghezzal ဟာ လက်စတာစီးတီးအသင်းရဲ့ ဒီနှစ်နွေရာသီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူခဲ့တဲ့ ငါးဦးမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။

ဂီဇယ် Ghezzal က ” ကျွန်တော် ဒီကိုရောက်ရှိလာတဲ့ အတွက် ပျော်ရွှင်မိသလို စိတ်လည်းလှုပ်ရှားမိပါတယ် ဒီအသင်းကအသင်းကောင်းတစ်သင်းပါ ဒီအသင်းမှာကစားသမားကောင်းတွေရှိပါတယ် ကောင်းမွန်တဲ့ ဘောလုံးရာသီတစ်ခု ဖြစ်လာဖို့ မျှော်လင့်ထားပါတယ်” လို့ပြောကြားခဲ့ပါတယ်။

REF: BBC Sport
Photo: 10z Soccer , Leicester City Twitter
Ko Kyue(Akhayar)
www.akhayar.com