[Zawgyi]

ျမင္သူတုိင္း အသဲတယားယားခ်စ္ေနရတဲ့ R ဇာနည္ရဲ႕ သားငယ္ေလး (၇)လျပည့့္ျပီ

အဆုိေတာ္ R ဇာနည္ နဲ႕ တစ္ခ်ိန္ကေမာ္ဒယ္သရုပ္ေဆာင္တစ္ဦးျဖစ္တဲ့ ၀မ္း တုိ႕ရဲ႕ သားငယ္ေလး ခ်စ္ခ်စ္တုန္ကေတာ့ ၾသဂုတ္လ(၁၀)ရက္ေန႕တုန္းက (၇)လျပည့္သြားျပီျဖစ္ျပီး သားေလးေတြခ်ည္း ႏွစ္ေယာက္ေမြးဖြားထားတာျဖစ္ပါတယ္။ ပုိျပီး ျပည့္စုံသာယာတဲ့ မိသားစုဘ၀ေလးကုိပုိင္ဆုိင္ထားတဲ့ R ဇာနည္ တုိ႕ ဇနီးေမာင္ႏွံဟာ သားငယ္ေလးခ်စ္ခ်စ္တုန္အတြက္ ေမြးေန႕ကိတ္ေလးလုပ္ေပးခဲ့သလုိ သူတုိ႕ မိသားစုပုံရိပ္ေလးေတြကုလည္း လူမႈကြန္ရက္မွာ မွ်ေ၀ထားပါေသးတယ္။

ရႈိးပြဲေတြလည္း ဆုိေနရေသးသလုိ ပရိသတ္အင္အားအခုိင္အမာရရွိေနဆဲျဖစ္တဲ့ ကုိ Rၾကီးတစ္ေယာက္ သားေလးေတြရဲ႕ လႈပ္ရွားမႈပုံရိပ္ေလးေတြကုိ ခ်စ္မ၀ျဖစ္ေနျပီး အငယ္ဆုံးသားေလး ခ်စ္ခ်စ္တုန္ကေတာ့ ပါးေဖာင္းေဖာင္းေလးနဲ႕ ၀၀ကစ္ကစ္ေလးမုိ႕ ျမင္သူတကာတုိင္း အခ်စ္ပုိေနရတဲ့ ကေလးေလးျဖစ္ပါတယ္။

R ဇာနည္ဟာ သီခ်င္းေကာင္းေလးေတြနဲ႕ နာမည္ေက်ာ္ၾကားခဲ့သလုိ သူ႕ကုိ ဒီေန႕အခ်ိန္ထိ အားေပးၾကတဲ့ ေယာက်ာ္းေလးပရိသတ္ေတြလည္း ရွိေနပါတယ္။ ၾကည္ႏူးစရာေကာင္းတဲ့ Rဇာနည္တုိ႕မိသားစုပုံေလးေတြကုိ ပရိသတ္ေတြသေဘာက်မယ္လုိ႕ေမွ်ာ္လင့္ပါတယ္။

Photos Credit – Zarni Myo Nyut Facebook

Stella(Akhayar)

www.Akhayar.com 

[Unicode]

မြင်သူတိုင်း အသဲတယားယားချစ်နေရတဲ့ R ဇာနည်ရဲ့ သားငယ်လေး (၇)လပြည့်ပြီ

အဆိုတော် R ဇာနည် နဲ့ တစ်ချိန်ကမော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဝမ်း တို့ရဲ့ သားငယ်လေး ချစ်ချစ်တုန်ကတော့ သြဂုတ်လ(၁၀)ရက်နေ့တုန်းက (၇)လပြည့်သွားပြီဖြစ်ပြီး သားလေးတွေချည်း နှစ်ယောက်မွေးဖွားထားတာဖြစ်ပါတယ်။ ပိုပြီး ပြည့်စုံသာယာတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတဲ့ R ဇာနည် တို့ ဇနီးမောင်နှံဟာ သားငယ်လေးချစ်ချစ်တုန်အတွက် မွေးနေ့ကိတ်လေးလုပ်ပေးခဲ့သလို သူတို့ မိသားစုပုံရိပ်လေးတွေကုလည်း လူမှုကွန်ရက်မှာ မျှဝေထားပါသေးတယ်။

ရှိုးပွဲတွေလည်း ဆိုနေရသေးသလို ပရိသတ်အင်အားအခိုင်အမာရရှိနေဆဲဖြစ်တဲ့ ကို Rကြီးတစ်ယောက် သားလေးတွေရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို ချစ်မဝဖြစ်နေပြီး အငယ်ဆုံးသားလေး ချစ်ချစ်တုန်ကတော့ ပါးဖောင်းဖောင်းလေးနဲ့ ၀၀ကစ်ကစ်လေးမို့ မြင်သူတကာတိုင်း အချစ်ပိုနေရတဲ့ ကလေးလေးဖြစ်ပါတယ်။

R ဇာနည်ဟာ သီချင်းကောင်းလေးတွေနဲ့ နာမည်ကျော်ကြားခဲ့သလို သူ့ကို ဒီနေ့အချိန်ထိ အားပေးကြတဲ့ ယောကျာ်းလေးပရိသတ်တွေလည်း ရှိနေပါတယ်။ ကြည်နူးစရာကောင်းတဲ့ Rဇာနည်တို့မိသားစုပုံလေးတွေကို ပရိသတ်တွေသဘောကျမယ်လို့မျှော်လင့်ပါတယ်။

Photos Credit – Zarni Myo Nyut Facebook

Stella(Akhayar)

www.Akhayar.com