မ်ိဳးဆက္သစ္အဆိုေတာ္ေတြကို အၾကံေပးလိုက္တဲ့ အဆိုေတာ္Rဇာနည္

R Zar Ni

[Zawgyi]

မ်ိဳးဆက္သစ္အဆိုေတာ္ေတြကို အၾကံေပးလိုက္တဲ့ အဆိုေတာ္Rဇာနည္

သီခ်င္းေတြကို အပီအျပင္နဲ႔အသံပါဝါေကာင္းေကာင္းနဲ႔သီိဆိုတတ္တဲ့ အဆိုေတာ္Rဇာနည္ လက္ရွိဂီတေလာကထဲမွာ အသစ္ေပၚလာတဲ့ မ်ိဳးဆက္သစ္အဆိုေတာ္ေတြကို အခုလိုပဲအၾကံေပးေျပာျပခဲ့ပါတယ္။“အစ္ကိုကိုယ္တိုင္လည္း အဆိုၿပိဳင္ပြဲေတြကေနအဆိုေတာ္ျဖစ္လာတယ္။ အားလံုးကိုအားေပးတယ္။ ႀကိဳဆိုတယ္။ ကုသိုလ္ကံအားေကာင္းတယ္။ စန္းရွိလို႔ ပရိသတ္ေတြအားေပးလက္ခံၾကတဲ့ အဆိုေတာ္တစ္ေယာက္ျဖစ္လာခဲ့ရင္လည္း ကိုယ့္ဘဝကိုတန္ဖိုးထားၿပီး ဘဝမေမ့ဖို အဆိုေတာ္အခ်င္းခ်င္းေလးစားဖို႔လည္းလိုပါတယ္။ အဲ့ဒါေလးပဲအၾကံေပးခ်င္ပါတယ္” လို႔ အဆိုေတာ္ Rဇာနည္က ဆိုပါတယ္။

အဆိုေတာ္ Rဇာနည္ထြက္ရွိထားတဲ့ ကမၻာသားေတးစီးရီးအယ္ဘမ္လ္ကလည္း ပရိသတ္ေတြအားေပး မႈကိုရရွိထားၿပီး ေနာက္သီခ်င္းေခြအတြက္လည္း ေတးသီခ်င္းေတြစတင္စုေနတယ္လို႔လည္းသိရပါ တယ္။ ေခတ္ေရစီးေၾကာင္းတစ္ခုလိုျဖစ္ေနတဲ့ အင္တာနက္က သီခ်င္းေတြကိုေဒါင္းေလာ့လုပ္တာနဲ႔ပတ္သက္ၿပီးေတာ့လည္း ဝါရင့္အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ သူ႕ရဲ့အျမင္ေတြနဲ့ပတ္သက္လို႔ “သီခ်င္းေတြ အင္တာနက္ကတစ္ဆင့္ ေဒါင္းေလာ့လင့္ခ္ေပးတာနဲ႔ပတ္သက္ၿပီးေျပာရရင္ ဒါကလဲလက္ရွိျဖစ္ေနတဲ့ ျမန္မာႏိုင္ငံကေဈးကြက္အရ ေခတ္အရစီးေမ်ာေနတာဆိုေတာ့ ကိုယ္တစ္ေယာက္တည္းေျပာလို႔မရဘူးေလ တိုးတက္လာတာနဲ႔အမွ် ဒီေခြေရာင္းတဲ့ကိစၥက ေနာက္ဆံုးဆိုင္ေတြပါေပ်ာက္သြားမယ္၊ ဥပမာ အဂၤလန္မွာ ၿမိဳ႕လယ္ေကာင္ေလာက္မွာရွိတဲ့ Apple ျမဴးဇစ္စီဒီဆိုင္ႀကီးေတြေတာင္ပိတ္သြားၿပီ၊ အဲဒါမ်ိဳးက ကိုယ့္ဆီမွမွာျဖစ္ေနတာမ်ိဳးမဟုတ္ပါဘူး ကမၻာနဲ႔အဝွမ္းမွာ ျဖစ္ေနၾကတာဆိုေတာ့ ေျပာရခက္ပါတယ္။အဆိုေတာ္ေတြဘက္ကေတာ့ ႀကိဳက္တာေရာ မႀကိဳက္တာေရာ ၾကားရမွာေပါ့၊ ေနာက္ေတာ့လည္း အခ်ိန္ကကုစားသြားမွာပါ”လို႔ အဆိုေတာ္Rဇာနည္ကေျပာပါတယ္။

www.akhayar.com

[Unicode]

မျိုးဆက်သစ်အဆိုတော်တွေကို အကြံပေးလိုက်တဲ့ အဆိုတော်Rဇာနည်

သီချင်းတွေကို အပီအပြင်နဲ့အသံပါဝါကောင်းကောင်းနဲ့သီဆိုတတ်တဲ့ အဆိုတော်Rဇာနည် လက်ရှိဂီတလောကထဲမှာ အသစ်ပေါ်လာတဲ့ မျိုးဆက်သစ်အဆိုတော်တွေကို အခုလိုပဲအကြံပေးပြောပြခဲ့ပါတယ်။“အစ်ကိုကိုယ်တိုင်လည်း အဆိုပြိုင်ပွဲတွေကနေအဆိုတော်ဖြစ်လာတယ်။ အားလုံးကိုအားပေးတယ်။ ကြိုဆိုတယ်။ ကုသိုလ်ကံအားကောင်းတယ်။ စန်းရှိလို့ ပရိသတ်တွေအားပေးလက်ခံကြတဲ့ အဆိုတော်တစ်ယောက်ဖြစ်လာခဲ့ရင်လည်း ကိုယ့်ဘဝကိုတန်ဖိုးထားပြီး ဘဝမမေ့ဖို အဆိုတော်အချင်းချင်းလေးစားဖို့လည်းလိုပါတယ်။ အဲ့ဒါလေးပဲအကြံပေးချင်ပါတယ်” လို့ အဆိုတော် Rဇာနည်က ဆိုပါတယ်။

အဆိုတော် Rဇာနည်ထွက်ရှိထားတဲ့ ကမ္ဘာသားတေးစီးရီးအယ်ဘမ်လ်ကလည်း ပရိသတ်တွေအားပေး မှုကိုရရှိထားပြီး နောက်သီချင်းခွေအတွက်လည်း တေးသီချင်းတွေစတင်စုနေတယ်လို့လည်းသိရပါ တယ်။ ခေတ်ရေစီးကြောင်းတစ်ခုလိုဖြစ်နေတဲ့ အင်တာနက်က သီချင်းတွေကိုဒေါင်းလော့လုပ်တာနဲ့ပတ်သက်ပြီးတော့လည်း ဝါရင့်အဆိုတော်တစ်ယောက်ဖြစ်တဲ့ သူ့ရဲ့အမြင်တွေနဲ့ပတ်သက်လို့ “သီချင်းတွေ အင်တာနက်ကတစ်ဆင့် ဒေါင်းလော့လင့်ခ်ပေးတာနဲ့ပတ်သက်ပြီးပြောရရင် ဒါကလဲလက်ရှိဖြစ်နေတဲ့ မြန်မာနိုင်ငံကဈေးကွက်အရ ခေတ်အရစီးမျောနေတာဆိုတော့ ကိုယ်တစ်ယောက်တည်းပြောလို့မရဘူးလေ တိုးတက်လာတာနဲ့အမျှ ဒီခွေရောင်းတဲ့ကိစ္စက နောက်ဆုံးဆိုင်တွေပါပျောက်သွားမယ်၊ ဥပမာ အင်္ဂလန်မှာ မြို့လယ်ကောင်လောက်မှာရှိတဲ့ Apple မြူးဇစ်စီဒီဆိုင်ကြီးတွေတောင်ပိတ်သွားပြီ၊ အဲဒါမျိုးက ကိုယ့်ဆီမှမှာဖြစ်နေတာမျိုးမဟုတ်ပါဘူး ကမ္ဘာနဲ့အဝှမ်းမှာ ဖြစ်နေကြတာဆိုတော့ ပြောရခက်ပါတယ်။အဆိုတော်တွေဘက်ကတော့ ကြိုက်တာရော မကြိုက်တာရော ကြားရမှာပေါ့၊ နောက်တော့လည်း အချိန်ကကုစားသွားမှာပါ”လို့ အဆိုတော်Rဇာနည်ကပြောပါတယ်။

www.akhayar.com