[ZawGyi]





ဒေါ်အောင်ဆန်းစုကြည်

Eleanor Roosevelt

Margaret Thatcher

Mother Teresa

Michelle Obama


www.akhayar.com

[Unicode]

ကျော်ကြားထင်ရှားအမျိုးသမီးများရဲ့ မှတ်သားဖွယ်ရာစကားများ

နှစ်စဉ်မတ်လ ၈ ရက်နေ့ဟာ နိုင်ငံတကာအမျိုးသမီးများနေ့ဖြစ်ပါတယ်။ ဒီနေ့ကို ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေ၊ လုပ်ငန်းရှင်တွေနဲ့ လူမှုရေးအဖွဲ့တွေ၊ အမျိုးသမီးရေးရာ လှုပ်ရှားသူတွေ အားလုံးပါဝင်ဆင်နွှဲလေ့ရှိကြပါတယ်။

ပထမဆုံးသော နိုင်ငံတကာအမျိုးသမီးများနေ့ကို ၁၉၀၉ ခုနစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ အမေရိကန်နိုင်ငံ၊ နယူးယောက်ခ်မှာကျင်းပခဲ့ပါတယ်။ အဲဒီနောက် နောက်တစ်နှစ်မှာတော့ နယူးယောက်ခ်မှာ ကျင်းပခဲ့တဲ့ အမျိုးသမီးများနေ့ကိုပြန်ပုံစံယူပြီး ဒိန်းမတ်၊ Copenhagen မြို့မှာ International Women’s Conference ကိုကျင်းပခဲ့ပါတယ်။ အဲဒီ Conference မှာတော့ အမျိုးသမီးများနေ့ကို အပြည်ပြည်ဆိုင်ရာနေ့တစ်နေ့အဖြစ်သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး မတ်လ ၁၉ ရက်နေ့ကို အမျိုးသမီးများနေ့ အဖြစ်သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။ ပထမဆုံးနိုင်ငံတကာအမျိုးသမီးများနေ့ကို ၁၉၁၁ ခုနစ်ကစပြီး သြစတေးလျ၊ ဒိန်းမတ် ၊ ဂျာမနီ နဲ့ ဆွတ်ဇာလန် နိုင်ငံတွေမှာ စတင်ကျင်းပခဲ့ပါတယ်။
နောက် ၂ နှစ်အကြာမှာတော့ မတ်လ ၁၉ ရက်နေ့အစား မတ်လ ၈ ရက်နေ့မှာ ပြောင်းလဲကျင်းပဖို့သတ်မှတ်ခဲ့ပြီး ခုချိန်ထိတိုင်တစ်နှစ်မှာ Theme တစ်မျိုးစီနဲ့ကျင်းပလာခဲ့ကြတာပါ။ ဒီနှစ် နိုင်ငံတကာအမျိုးသမီးများနေ့ရဲ့ Theme ကတော့ #PressforProgress ဖြစ်ပါတယ်။

ဒီနေ့နိုင်ငံတကာအမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ကြီးမားတဲ့ပြောင်းလဲမှု တိုးတက်မှုတွေကို ဖြစ်ပေါ်စေခဲ့တဲ့အမျိုးသမီးတို့ရဲမှတ်သားဖွယ်ရာ စကားတွေကို မျှဝေပေးလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်

Eleanor Roosevelt

Margaret Thatcher

Mother Teresa

Michelle Obama

အမျိုးသမီးတွေအားလုံး ကိုယ့်ဘဝကိုအကောင်းဆုံးတည်ဆောက်ပုံဖော်နိုင်ပြီး လူ့အဖွဲ့အစည်းကိုပါဒီ့ထက်မကအကျိုးပြုနိုင်သူတွေ ဖြစ်ကြပါစေ။

www.akhayar.com