[Zawgyi]

စာအုပ္ေတြအၿပည့္ဝန္းရံထားတဲ့ စမ္းေခ်ာင္းထဲက လ်ိဳ႕၀ွက္ကမာၻေလး

မိုးခပ္ပါးပါး ေနျဖာျဖာက်ေနတဲ့ ေန႔ခင္းေန႔လည္ေလးမွာ စာအုပ္ေတြရယ္၊ Wifi ေကာင္းေကာင္းရယ္နဲ႔ အရိပ္ေအးေအး အပင္ေတြအုပ္မိုးထားတဲ့ ဒီဆိုင္ေလးကေတာ့ ရန္ကုန္ၿမိဳ႕တြင္းမွာ ရွိတဲ့ရွားရွားပါးပါး စာအုပ္ကေဖးေလးထဲက တစ္ဆိုင္အျဖစ္ လူမသိသူမသိေလး ရပ္တည္ေနေလရဲ႕။

အခရာအဖြဲ႕သားေတြေတာင္ ေန႔လည္ေန႔ခင္း ထမင္းစားထြက္ရင္း ျမင္ခဲ့ရတဲ့ ဒီဆိုင္ေလးကို အျပင္ပံုပန္းသြင္ျပင္ေလး ၾကည့္ရံုနဲ႔တင္ သေဘာမက်ဘဲ မေနႏိုင္ေတာ့လို ခ်က္ခ်င္းဝင္ခဲ့မိတဲ့ထိပါပဲ။

ေႂကြဆို ဆိုင္ေလးက ႐ိုးတယ္။ ရွင္းတယ္။ စာအုပ္စင္ႀကီးကို နံရံကပ္ၿပီး ဟီးေနေအာင္ စာအုပ္ေတြ အျပည့္တင္ထားတယ္။ နာမည္ေက်ာ္ စာအုပ္ေတြနဲ႔ ျမန္မာ၊ အဂၤလိပ္ဝတၳဳေတြ၊ သုတရသစာအုပ္ေတြအကုန္ရွိတယ္။ အဲ့စာအုပ္ေတြျမင္ရံုနဲ႔တင္ အေမာကိုေျပရပါေရာလား။

ေနာက္သေဘာက်တာေလးဆို Wifi ေကာင္းတယ္။ ေနရာေလးက တိတ္ဆိတ္တယ္။ ပန္းအိုးေလးေတြနဲ႔ဆိုင္ခန္းအလွဆင္ထားေသးတယ္။ ေနာက္ထပ္ၿပီး ေသခ်ာေပါက္ ေကာင္မေလးေတြကို အဓိကသတင္းေပးခ်င္တာက ျပတင္းေပါက္ဘက္က ခံုတန္းေလးေတြက ဓါတ္ပံု႐ိုက္လို႔အရမ္းလွတဲ့ Instagrammy Spot ေလးတစ္ခုပါလို႔ လံုးဝဒက္ထိၫႊန္းပါရေစ။

ကဲ..ဆိုင္ေလးအေၾကာင္း ေျပာၿပီးၿပီဆိုေတာ့ အစားအစာေလးေတြအေၾကာင္း သိခ်င္ေနၾကမယ္လို႔ထင္ပါတယ္။

Menu

ေကာ္ဖီဆိုင္ဆန္ေပမယ့္ အဓိကက ေန႔လည္စာ ထမင္းဟင္းေတြ၊ ယိုးဒယားအစားအစာေတြ၊ ျမန္မာနံနက္စာေတြနဲ႔ ေကာ္ဖီ၊ Burger နဲ႔ Sandwich တို႔လို ေပါ့ေပါ့ပါးပါး ဘိုစာေလးေတြရပါတယ္။

ဆိုင္မွာ ၾကက္သားလက္ဖက္ထမင္း နာမည္ႀကီးတယ္။ လက္ဖက္နဲ႔ၾကက္သားကို ခ်ဥ္စပ္ဆိမ့္ေလး ႏွပ္ၿပီးခ်က္ထားတာကိုမွ ထမင္းျဖဴေလးနဲ႔ တြဲစားရတာမ်ိဳးပါ။ ေစ်းက ၃၅၀၀ပါ။

က်န္တာေတြ ၿမည္းခ်င္တာ မစားႏိုင္ေတာ့လို႔ ပါဆယ္ဆြဲရပါတယ္။ Burger ကေတာ့ အသားထူထူ အရသာပံုမွန္ေလးပါ။ အာလူးေခ်ာင္းေၾကာ္နဲ႔ တစ္ပြဲ ၄၀၀၀ ပါ။

Carbonara Spaghetti
တစ္ေယာက္က Carbonara စားခ်င္လို႔ မွာခ်လိုက္တာ Creamy အရမ္းမျဖစ္၊ အရသာေပါ့ဆိမ့္ဆိမ့္နဲ႔ အရမ္းႀကီး ပါးစပ္ထဲမစြဲခဲ့ရတဲ့အရသာပါ။ ၅၀၀၀ ပါတဲ့။

သေဘာၤသီးေထာင္း
အအီေျပ သေဘာၤသီးေထာင္း မွာခဲ့တာလည္း ခ်ဥ္ငန္စပ္မဟုတ္ဘဲ ခ်ိဳစပ္စပ္နဲ႔ ထိုင္းအရသာ သေဘာၤသီးေထာင္းဆိုေတာ့ အခ်ိဳမႀကိဳက္တတ္တဲ့ကိုယ့္အတြက္ ဟင့္အင္းလို႔ပဲ ေျပာရမွာပဲ။ ေစ်းကေတာ့ ၂၅၀၀ တဲ့။

ေစ်းေတြေတာ့ ပံုေလးနဲ႔ျပထားပါတယ္။ ဆိုင္အေနအထားနဲ႔ ယွဥ္ရင္ အရသာေတြက တအားေကာင္းတဲ့အထဲ ၫႊန္းရေလာက္ေအာင္မဟုတ္ေပမယ့္ စာအုပ္ေတြ၊ Wifi ေကာင္းေကာင္းနဲ႔ ေပးရတဲ့ေစ်းႏႈန္းနဲ႔ကေတာ့ တန္ၿပီးရင္းတန္လို႔ ေျပာရမလိုပါပဲ။

ဆိုင္ေလးက ဖြင့္ထားတာ ၃လေလာက္ပဲ ရွိေသးေတာ့ လူသိပ္မသိေသးတဲ့ Hidden Paradise ေလးျဖစ္ေနပါေသးတယ္။

ဒါေပမယ့္ ဆိုင္တစ္ခုလံုး ဝန္ေဆာင္မႈေကာင္း၊ အထာက်တဲ့အျပင္ စာအုပ္စာေပနဲ႔ဂီတကို ခ်စ္တတ္တဲ့သူေတြဖြင့္ထားတာဆိုေတာ့ မၾကာခင္မွာပဲ ေျမနီကုန္းစမ္းေခ်ာင္းနားမွာ ေအးေအးေဆးေဆး ေမ်ာရတာႀကိဳက္တဲ့သူေတြ၊ တစ္ေနကုန္ Laptop တစ္လံုးနဲ႔ အလုပ္လုပ္မယ့္သူေတြ၊ စာအုပ္ဂ်ပိုးေလးေတြနဲ႔ ေကာင္မေလးေခ်ာေခ်ာေလးေတြရဲ႕ Target ျဖစ္လာေတာ့မွာ အမွန္ပါပဲ။

နာမည္ေလးက “Quick & Easy” Cafe ပါ။စမ္းေခ်ာင္း ေျမနီကုန္းမွတ္တိုင္နား ရွမ္းကုန္းလမ္းေထာင့္ အမွတ္ ၅၅ မွာ အပင္ေလးေတြနဲ႔ အုပ္အုပ္ေလးရွိေနပါသတဲ့ရွင္။ ဖြင့္ခ်ိန္ မနက္ ၇နာရီကေန ည ၁၀ နာရီထိပါတဲ့။ ရွမ္းကုန္းလမ္းနားတစ္ဝိုက္ Delivery Free ပို႔ေပးတယ္ဆိုေတာ့ ဘာလိုေသးလဲေနာ့။ လူေတြမသိၾကေသးခင္ ဓါတ္ဖမ္းေပးမယ့္သူငယ္ခ်င္းကို ေခၚၿပီး သြားလိုက္ၾကဦးေနာ္။

ဆိုင္ေလးရဲ႕ ညၿမင္ကြင္း။

FoodieEi (Akhayar)

[Unicode]

စာအုပ်တွေအပြည့်ဝန်းရံထားတဲ့ စမ်းချောင်းထဲက လျို့ဝှက်ကမ္ဘာလေး

မိုးခပ်ပါးပါး နေဖြာဖြာကျနေတဲ့ နေ့ခင်းနေ့လည်လေးမှာ စာအုပ်တွေရယ်၊ Wifi ကောင်းကောင်းရယ်နဲ့ အရိပ်အေးအေး အပင်တွေအုပ်မိုးထားတဲ့ ဒီဆိုင်လေးကတော့ ရန်ကုန်မြို့တွင်းမှာ ရှိတဲ့ရှားရှားပါးပါး စာအုပ်ကဖေးလေးထဲက တစ်ဆိုင်အဖြစ် လူမသိသူမသိလေး ရပ်တည်နေလေရဲ့။

အခရာအဖွဲ့သားတွေတောင် နေ့လည်နေ့ခင်း ထမင်းစားထွက်ရင်း မြင်ခဲ့ရတဲ့ ဒီဆိုင်လေးကို အပြင်ပုံပန်းသွင်ပြင်လေး ကြည့်ရုံနဲ့တင် သဘောမကျဘဲ မနေနိုင်တော့လို ချက်ချင်းဝင်ခဲ့မိတဲ့ထိပါပဲ။

ကြွေဆို ဆိုင်လေးက ရိုးတယ်။ ရှင်းတယ်။ စာအုပ်စင်ကြီးကို နံရံကပ်ပြီး ဟီးနေအောင် စာအုပ်တွေ အပြည့်တင်ထားတယ်။ နာမည်ကျော် စာအုပ်တွေနဲ့ မြန်မာ၊ အင်္ဂလိပ်ဝတ္ထုတွေ၊ သုတရသစာအုပ်တွေအကုန်ရှိတယ်။ အဲ့စာအုပ်တွေမြင်ရုံနဲ့တင် အမောကိုပြေရပါရောလား။

နောက်သဘောကျတာလေးဆို Wifi ကောင်းတယ်။ နေရာလေးက တိတ်ဆိတ်တယ်။ ပန်းအိုးလေးတွေနဲ့ဆိုင်ခန်းအလှဆင်ထားသေးတယ်။ နောက်ထပ်ပြီး သေချာပေါက် ကောင်မလေးတွေကို အဓိကသတင်းပေးချင်တာက ပြတင်းပေါက်ဘက်က ခုံတန်းလေးတွေက ဓါတ်ပုံရိုက်လို့အရမ်းလှတဲ့ Instagrammy Spot လေးတစ်ခုပါလို့ လုံးဝဒက်ထိညွှန်းပါရစေ။

ကဲ..ဆိုင်လေးအကြောင်း ပြောပြီးပြီဆိုတော့ အစားအစာလေးတွေအကြောင်း သိချင်နေကြမယ်လို့ထင်ပါတယ်။

Menu

ကော်ဖီဆိုင်ဆန်ပေမယ့် အဓိကက နေ့လည်စာ ထမင်းဟင်းတွေ၊ ယိုးဒယားအစားအစာတွေ၊ မြန်မာနံနက်စာတွေနဲ့ ကော်ဖီ၊ Burger နဲ့ Sandwich တို့လို ပေါ့ပေါ့ပါးပါး ဘိုစာလေးတွေရပါတယ်။

ဆိုင်မှာ ကြက်သားလက်ဖက်ထမင်း နာမည်ကြီးတယ်။ လက်ဖက်နဲ့ကြက်သားကို ချဉ်စပ်ဆိမ့်လေး နှပ်ပြီးချက်ထားတာကိုမှ ထမင်းဖြူလေးနဲ့ တွဲစားရတာမျိုးပါ။ ဈေးက ၃၅၀၀ပါ။

ကျန်တာတွေ မြည်းချင်တာ မစားနိုင်တော့လို့ ပါဆယ်ဆွဲရပါတယ်။ Burger ကတော့ အသားထူထူ အရသာပုံမှန်လေးပါ။ အာလူးချောင်းကြော်နဲ့ တစ်ပွဲ ၄၀၀၀ ပါ။

Carbonara Spaghetti
တစ်ယောက်က Carbonara စားချင်လို့ မှာချလိုက်တာ Creamy အရမ်းမဖြစ်၊ အရသာပေါ့ဆိမ့်ဆိမ့်နဲ့ အရမ်းကြီး ပါးစပ်ထဲမစွဲခဲ့ရတဲ့အရသာပါ။ ၅၀၀၀ ပါတဲ့။

သဘောၤသီးထောင်း
အအီပြေ သဘောၤသီးထောင်း မှာခဲ့တာလည်း ချဉ်ငန်စပ်မဟုတ်ဘဲ ချိုစပ်စပ်နဲ့ ထိုင်းအရသာ သဘောၤသီးထောင်းဆိုတော့ အချိုမကြိုက်တတ်တဲ့ကိုယ့်အတွက် ဟင့်အင်းလို့ပဲ ပြောရမှာပဲ။ ဈေးကတော့ ၂၅၀၀ တဲ့။

ဈေးတွေတော့ ပုံလေးနဲ့ပြထားပါတယ်။ ဆိုင်အနေအထားနဲ့ ယှဉ်ရင် အရသာတွေက တအားကောင်းတဲ့အထဲ ညွှန်းရလောက်အောင်မဟုတ်ပေမယ့် စာအုပ်တွေ၊ Wifi ကောင်းကောင်းနဲ့ ပေးရတဲ့ဈေးနှုန်းနဲ့ကတော့ တန်ပြီးရင်းတန်လို့ ပြောရမလိုပါပဲ။

ဆိုင်လေးက ဖွင့်ထားတာ ၃လလောက်ပဲ ရှိသေးတော့ လူသိပ်မသိသေးတဲ့ Hidden Paradise လေးဖြစ်နေပါသေးတယ်။

ဒါပေမယ့် ဆိုင်တစ်ခုလုံး ဝန်ဆောင်မှုကောင်း၊ အထာကျတဲ့အပြင် စာအုပ်စာပေနဲ့ဂီတကို ချစ်တတ်တဲ့သူတွေဖွင့်ထားတာဆိုတော့ မကြာခင်မှာပဲ မြေနီကုန်းစမ်းချောင်းနားမှာ အေးအေးဆေးဆေး မျောရတာကြိုက်တဲ့သူတွေ၊ တစ်နေကုန် Laptop တစ်လုံးနဲ့ အလုပ်လုပ်မယ့်သူတွေ၊ စာအုပ်ဂျပိုးလေးတွေနဲ့ ကောင်မလေးချောချောလေးတွေရဲ့ Target ဖြစ်လာတော့မှာ အမှန်ပါပဲ။

နာမည်လေးက “Quick & Easy” Cafe ပါ။စမ်းချောင်း မြေနီကုန်းမှတ်တိုင်နား ရှမ်းကုန်းလမ်းထောင့် အမှတ် ၅၅ မှာ အပင်လေးတွေနဲ့ အုပ်အုပ်လေးရှိနေပါသတဲ့ရှင်။ ဖွင့်ချိန် မနက် ၇နာရီကနေ ည ၁၀ နာရီထိပါတဲ့။ ရှမ်းကုန်းလမ်းနားတစ်ဝိုက် Delivery Free ပို့ပေးတယ်ဆိုတော့ ဘာလိုသေးလဲနော့။ လူတွေမသိကြသေးခင် ဓါတ်ဖမ်းပေးမယ့်သူငယ်ချင်းကို ခေါ်ပြီး သွားလိုက်ကြဦးနော်။

ဆိုင်လေးရဲ့ ညမြင်ကွင်း။

FoodieEi (Akhayar)