ရှူးဖိနပ်တွေက တော်တော်များများစီးဖြစ်နေတဲ့အရာပါ။ ရိုးရိုးရှူး ၃ သောင်း ၄ သောင်းတန်မှသည် ဈေးကြီးတဲ့ လယ်သာရှူးတွေအထိ ဘယ်လိုထိန်းသိမ်းကြမလဲဆိုတဲ့နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။ ကိုယ်ပေးလိုက်ရတဲ့တန်ဖိုးနဲ့ထိုက်တန်အောင် တာရှည်တင့်တယ်သားနားတဲ့ ဖိနပ်တွေကိုရဖို့ မပျက်စီးခင်အမြန်ပြုပြင် သန့်စင်ထိန်းသိမ်းတတ်ကြဖို့လိုပါတယ်နော်။

ပြောင်လက်စေချင်ရင်

လွယ်ကူတဲ့နည်းလမ်းလေးပါပဲ။ ငှက်ပျောသီးခွံနဲ့ ပဝါစက ကိုယ့်ရဲ့ ရှူးဖိနပ်တွေကို တောက်ပအောင်ပြန်လုပ်ပေးနိုင်ပါတယ်။ ပထမဆုံးအနေနဲ့ ငှက်ပျောသီးအခွံအတွင်းသားနဲ့ leather ကိုပွတ်တိုက်ပါ။ ပြီးရင် အဝတ်တစ်ခုခုနဲ့ပြန်သုတ်ပါ။ ဒါဆိုရင် နဂိုအတိုင်းပြောင်လက်တဲ့ ဖိနပ်ကိုရရှိမှာပါ။

ဖြူစေချင်ရင်

ဖြူဖွေးတဲ့ရှူးဖိနပ်လေး Sole ပြားဖြူဖြူလေးပြန်ရချင်တယ်ဆိုရင်တော့ ခဲဖျက်ကိုအသုံးချပါ။ မည်းညစ်နေတဲ့နေရာတွေကို ခဲဖျက်နဲ့သေသေချာချာ ပွတ်တိုက်သန့်စင်ပေးဖို့ပါပဲ။

မပွန်းပဲ့ချင်ရင်

ဒါကတော့ ရှူးဖိနပ်အသစ်စစီးခါစသူတွေအတွက်ပါ။ ကိုယ့်ရဲ့ခြေထောက်ပွန်းပဲ့မှာစိုးရိမ်ရင် ဖနောင့်ကပ် ကပ်တာအပြင်နောက်ထပ်လုပ်လို့ရတာတစ်ခုက တိပ်အကြည်ကိုသုံးဖို့ပါပဲ။ တိပ်အကြည်နဲ့ ကပ်ထားပေးရင် ဖိနပ်အသစ်ကြောင့် အနာတရဖြစ်ခြင်းကင်းဝေးပါလိမ့်မယ်။

Suede Shoes တွေသန့်မယ်ဆိုရင်

မျက်နှာပြင်ကြမ်းတဲ့ သားရေဖိနပ် Suede Shoes တွေကိုတော့ လက်သည်းညှိတဲ့ကိရိယာ လက်သည်းတိုက်ကော်ပတ်စလေးနဲ့သန့်စင်နိုင်တယ်နော်။ ညစ်ပေနေတဲ့နေရာတွေကို ဒီကော်ပတ်စလေးနဲ့ ပွတ်တိုက်ရုံပါပဲ။

Patent leather တွေကိုသန့်စင်ဖို့

သားရေအမာ အပြောင်နဲ့ ပြုလုပ်ထားတဲ့ leather shoes တွေကို ပြန်လည်တောက်ပစေဖို့ဆိုရင် မှန်တိုက်ဆေးရည်ကို သုံးနိုင်ပါတယ်။ မှန်သန့်စင်ဆေးရည်ကိုဖျန်းပြီး ဂွမ်းစလေးနဲ့ပွတ်တိုက်ပေးဖို့ပါပဲ။

အစင်းရာတွေဖယ်ရှားဖို့

လယ်သာဖိနပ်တွေပေါ်က ခြစ်ရာ ပွန်းရာ အစင်းရာလေးတွေကိုတော့ Vaseline နဲ့ ဂွမ်းတံလေး သုံးပြီးပျောက်စေနိုင်ပါတယ်။

Boots အရှည်တွေ

Boots အရှည်တွေကို စနစ်တကျထိန်းသိမ်းမယ်ဆိုရင်တော့ leather-stretching spray ဆိုတာရှိပါတယ်။ ဒီ spray ကိုဖျန်းပြီး Boots ကိုပုံစံတကျရှိနေစေဖို့ စက္ကူလိပ်ကို ထည့်ထားပေးပါ။

နှင်းထိ ဆားထိတာတွေ

နှင်းထိ ဆားထိတဲ့အခါ ဖြစ်လာတတ်တဲ့ အဖြူရောင်အစွန်းအထင်းတွေကိုတော့ ဗနီကာနဲ့အလွယ်တကူသန့်စင်နိုင်ပါတယ်။ ရေနှစ်ဆ၊ ဗနီကာ တစ်ဆရောပြီး သွားတိုက်တံနဲ့တို့ယူကာ ပွတ်တိုက်သန့်စင်ပေးဖို့ပါပဲ။

ဒီအချက်တွေက ကိုယ့်ရဲ့တန်ဖိုးကြီး လယ်သာဖိနပ်တွေ ရှူးဖိနပ်တွေကို တာရှည်ခံအောင်ထိန်းသိမ်းပေးနိုင်ပါလိမ့်မယ်။ အခရာပရိသတ်ကြီးမှာ နည်းလမ်းကောင်းလေးတွေရှိရင်လည်း မျှဝေခဲ့ပါဦးနော်။

www.akhayar.com