[Zawgyi]

ပရိသတ္အားနဲ႔ ေနာက္ထပ္ခ်န္ပီယံဆု ရယူသြားမယ့္ ေအာင္လအန္ဆန္

MMA မစ္ဒယ္၀ိတ္တန္း ကမၻာ့ခ်န္ပီယံ ေအာင္လအန္ဆန္က ေဖေဖာ္၀ါရီ ၂၃ ရက္မွာယွဥ္ၿပိဳင္ထိုးသတ္မယ့္MMA လိုက္ဟဲဗီး၀ိတ္ ကမၻာ့ခ်န္ပီယံလုပြဲတြင္ အႏိုင္ရရွိေရးအတြက္ အေကာင္းဆံုးယွဥ္ၿပိဳင္သြားမယ္လို႔ ဆုိလိုက္ၿပီး ျမန္မာပရိသတ္အားနဲ႔ ေနာက္ထပ္ခ်န္ပီယံဆုရယူမယ္လို႔ ဆုိလုိက္ပါတယ္။

ၿပိဳင္ပြဲအတြက္ သတင္းစာရွင္းလင္းပြဲကို ေဖေဖာ္၀ါရီ ၂၀ ရက္က ရန္ကုန္ၿမိဳ႕ရွိ Rose Garden ဟိုတယ္မွာ က်င္းပခဲ့ၿပီး ေအာင္လအန္ဆန္နဲ႔အတူမာခ်ာဒို (ဘရာဇီးလ္)၊ ဖိုးေသာ္ (ျမန္မာ) နဲ႔ဆိုေဆး (ကေမၻာဒီးယား) တို႔ တက္ေရာက္ခဲ့ပါတယ္။ယင္းအခမ္းအနားမွာ  Quest For Gold ၿပိဳင္ပြဲကို Telenor ကပံ့ပိုးကူညီမွာျဖစ္တယ္လို႔ ေၾကညာခဲ့ပါတယ္။

ေအာင္လအန္ဆန္က”ပထမရည္မွန္းခ်က္ျဖစ္တဲ့ မစ္ဒယ္၀ိတ္တန္းမွာ ကမၻာ့ခ်န္ပီယံျဖစ္ဖို႔က ျပည့္၀ခဲ့ပါၿပီ။ ဒုတိယရည္မွန္းခ်က္ျဖစ္တဲ့ မစ္ဒယ္၀ိတ္တန္းထက္ ၀ိတ္တန္းပိုျမင့္တဲ့ လိုက္ဟဲဗီး၀ိတ္တန္းမွာ ကမၻာ့ခ်န္ပီယံျဖစ္ဖို႔ ႀကိဳးစားေနပါတယ္။ ၿပိဳင္ဘက္ကစားသမားရဲ႕ အားသာခ်က္ေတြကို ေလ့လာထားပါတယ္။ သူက ဂ်ဴဂ်စ္ဆုမွာ ကၽြမ္းက်င္တဲ့အတြက္ ကၽြန္ေတာ္က ဘက္ေပါင္းစံုက ထိုးႏိုင္ေအာင္လုပ္ထားပါတယ္။ ဂ်ဴဂ်စ္ဆုေရာ နပန္းနဲ႔ လက္ေ၀ွ႔အားကစားနည္းေတြပါ ထိုးသတ္မွာပါ။ အႏိုင္ရဖို႔အတြက္ မိသားစုနဲ႔ေ၀းတဲ့ ဖေလာ္ရီဒါအထိ သြားၿပီးေလ့က်င့္ထားပါတယ္။ အန္ဂယ္လာနီနဲ႔ပြဲတုန္းက ႏွစ္ခ်ီအတြင္း အႏိုင္ထိုးမယ္လို႔ ေျပာခဲ့ေပမယ့္ အခုပြဲမွာေတာ့ ၿပိဳင္ဘက္အေနအထားအရ ႀကိဳၿပီးေျပာဖိုမလြယ္ပါဘူး။ ႏိုင္မယ္လို႔ယံုၾကည္ေပမယ္ ဘယ္ႏွခ်ီမွာ ႏိုင္မလဲဆိုတာေတာ့ ေျပာဖို႔ခက္ပါတယ္။ ပရိသတ္အားနဲ႔ ေနာက္ထပ္ကမၻာ့ခ်န္ပီယံဆုရယူမွာပါ”လို႔ဆိုခဲ့ပါတယ္။

သတင္းစာရွင္းလင္းပြဲအခမ္းအနား

သတင္းစာရွင္းလင္းပြဲအခမ္းအနား

မာခ်ာဒိုက”၂၀၁၆ မွာ အန္ဂယ္လာနီနဲ႔ထိုးၿပီး MMA ၿပိဳင္ပြဲေတြ မထိုးေတာ့ေပမယ့္ ေလ့က်င့္မႈေတာ့ မပ်က္ခဲ့ပါဘူး။ အခုထိုးသတ္မယ့္ ေအာင္လနဲ႔ပြဲအတြက္ အေကာင္းဆံုးျပင္ဆင္ေနပါတယ္။ ေလ့က်င့္မႈေတြလည္း အေကာင္းဆံုးျပဳလုပ္ေနပါတယ္။ မထင္မွတ္တဲ့ စြမ္းေဆာင္မႈမ်ဴိးေတြ ေတြ႕ျမင္ရမွာပါ”လို႔ ေျပာခဲ့ပါတယ္။

ေအာင္လအန္ဆန္ႏွင့္ မာခ်ာဒိုတို႔ရဲ႕ လိုက္ဟဲဗီး၀ိတ္ ကမၻာ့ခ်န္ပီယံလုပြဲပါ၀င္မယ့္Quest For Gold ၿပိဳင္ပြဲကို ေဖေဖာ္၀ါရီ ၂၃ ရက္ ညေနပိုင္းမွာ ရန္ကုန္ၿမိဳ႕၊ အမ်ဳိးသားအားကစားၿပိဳင္ပြဲရံု-၁ သု၀ဏၰမွာ က်င္းပသြားပါမယ္။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ပရိသတ်အားနဲ့ နောက်ထပ်ချန်ပီယံဆု ရယူသွားမယ့် အောင်လအန်ဆန်

MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်က ဖေဖော်ဝါရီ ၂၃ ရက်မှာယှဉ်ပြိုင်ထိုးသတ်မယ့်MMA လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံလုပွဲတွင် အနိုင်ရရှိရေးအတွက် အကောင်းဆုံးယှဉ်ပြိုင်သွားမယ်လို့ ဆိုလိုက်ပြီး မြန်မာပရိသတ်အားနဲ့ နောက်ထပ်ချန်ပီယံဆုရယူမယ်လို့ ဆိုလိုက်ပါတယ်။

ပြိုင်ပွဲအတွက် သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၂၀ ရက်က ရန်ကုန်မြို့ရှိ Rose Garden ဟိုတယ်မှာ ကျင်းပခဲ့ပြီး အောင်လအန်ဆန်နဲ့အတူမာချာဒို (ဘရာဇီးလ်)၊ ဖိုးသော် (မြန်မာ) နဲ့ဆိုဆေး (ကမ္ဘောဒီးယား) တို့ တက်ရောက်ခဲ့ပါတယ်။ယင်းအခမ်းအနားမှာ  Quest For Gold ပြိုင်ပွဲကို Telenor ကပံ့ပိုးကူညီမှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

အောင်လအန်ဆန်က”ပထမရည်မှန်းချက်ဖြစ်တဲ့ မစ်ဒယ်ဝိတ်တန်းမှာ ကမ္ဘာ့ချန်ပီယံဖြစ်ဖို့က ပြည့်ဝခဲ့ပါပြီ။ ဒုတိယရည်မှန်းချက်ဖြစ်တဲ့ မစ်ဒယ်ဝိတ်တန်းထက် ဝိတ်တန်းပိုမြင့်တဲ့ လိုက်ဟဲဗီးဝိတ်တန်းမှာ ကမ္ဘာ့ချန်ပီယံဖြစ်ဖို့ ကြိုးစားနေပါတယ်။ ပြိုင်ဘက်ကစားသမားရဲ့ အားသာချက်တွေကို လေ့လာထားပါတယ်။ သူက ဂျူဂျစ်ဆုမှာ ကျွမ်းကျင်တဲ့အတွက် ကျွန်တော်က ဘက်ပေါင်းစုံက ထိုးနိုင်အောင်လုပ်ထားပါတယ်။ ဂျူဂျစ်ဆုရော နပန်းနဲ့ လက်ဝှေ့အားကစားနည်းတွေပါ ထိုးသတ်မှာပါ။ အနိုင်ရဖို့အတွက် မိသားစုနဲ့ဝေးတဲ့ ဖလော်ရီဒါအထိ သွားပြီးလေ့ကျင့်ထားပါတယ်။ အန်ဂယ်လာနီနဲ့ပွဲတုန်းက နှစ်ချီအတွင်း အနိုင်ထိုးမယ်လို့ ပြောခဲ့ပေမယ့် အခုပွဲမှာတော့ ပြိုင်ဘက်အနေအထားအရ ကြိုပြီးပြောဖိုမလွယ်ပါဘူး။ နိုင်မယ်လို့ယုံကြည်ပေမယ် ဘယ်နှချီမှာ နိုင်မလဲဆိုတာတော့ ပြောဖို့ခက်ပါတယ်။ ပရိသတ်အားနဲ့ နောက်ထပ်ကမ္ဘာ့ချန်ပီယံဆုရယူမှာပါ”လို့ဆိုခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲအခမ်းအနား

သတင်းစာရှင်းလင်းပွဲအခမ်းအနား

မာချာဒိုက”၂၀၁၆ မှာ အန်ဂယ်လာနီနဲ့ထိုးပြီး MMA ပြိုင်ပွဲတွေ မထိုးတော့ပေမယ့် လေ့ကျင့်မှုတော့ မပျက်ခဲ့ပါဘူး။ အခုထိုးသတ်မယ့် အောင်လနဲ့ပွဲအတွက် အကောင်းဆုံးပြင်ဆင်နေပါတယ်။ လေ့ကျင့်မှုတွေလည်း အကောင်းဆုံးပြုလုပ်နေပါတယ်။ မထင်မှတ်တဲ့ စွမ်းဆောင်မှုမျိူးတွေ တွေ့မြင်ရမှာပါ”လို့ ပြောခဲ့ပါတယ်။

အောင်လအန်ဆန်နှင့် မာချာဒိုတို့ရဲ့ လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံလုပွဲပါဝင်မယ့်Quest For Gold ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၃ ရက် ညနေပိုင်းမှာ ရန်ကုန်မြို့၊ အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏမှာ ကျင်းပသွားပါမယ်။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။