[Zawgyi]

ဘုရင္မႀကီးရဲ႕ေျမးေတာ္ Zara Tindall ဟာ သမီးေလး ေမြးဖြားၿပီ

ဘုရင္မႀကီး Elizabeth II ရဲ႕ေျမးေတာ္ Zara Tindall ဟာ ဇြန္လ (၁၈) ရက္ေန႔မွာ ဒုတိယေျမာက္သမီးရတနာကုိ Stroud General Hospital မွာ ဖြားျမင္ခဲ့ပါတယ္။ ကေလးရဲ႕အေလးခ်ိန္ဟာ ကုိးေပါင္သုံးေအာင္စရွိတယ္လုိ႔ ‘The Royal Family’ ရဲ႕လူမႈကြန္ရက္မွာ ေဖာ္ျပထားၿပီး နာမည္ကုိေတာ့ မထုတ္ျပန္ေသးပါဘူး။

Zara Tindall ဟာ Princess Anne (ဘုရင္မႀကီးရဲ႕သမီး) ရဲ႕သမီးေတာ္ျဖစ္ၿပီး ေတာ္ဝင္ထီးနန္းလ်ာနံပါတ္ (၁၇) မွာရွိပါတယ္။ သူမဟာ ျမင္းစီးသမားျဖစ္ၿပီး ၂ဝ၁၂ခုႏွစ္ အုိလံပစ္အားကစားၿပိဳင္ပြဲရဲ႕ ေငြတံဆိပ္ဆုရွင္လည္း ျဖစ္ပါတယ္။ သူမဟာ နာမည္ေက်ာ္ရက္ဘီကစားသမား Mike Tindall နဲ႔ ၂ဝဝ၃ခုႏွစ္မွာ ခ်စ္ႀကိဳးသြယ္ခဲ့ၿပီး ၂ဝ၁ဝခုႏွစ္ ဒီဇင္ဘာလ (၂၁) ရက္ေန႔မွာ ေစ့စပ္ခဲ့ပါတယ္။

၂ဝ၁၁ခုႏွစ္ ဇူလုိင္လ (၃ဝ) မွာ လက္ထပ္ခဲ့ၿပီး ၂ဝ၁၄ခုႏွစ္ ဇန္နဝါရီလ (၁၇) ရက္ေန႔မွာ သမီးႀကီး Mia Grace Tindall ကုိ ေမြးဖြားခဲ့ပါတယ္။ ၂ဝ၁၆ခုႏွစ္ ႏုိဝင္ဘာလမွာ ဒုတိယကုိယ္ဝန္ရခဲ့ေပမယ့္ ဒီဇင္ဘာလမွာ ပ်က္က်ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ က်န္းမာသန္စြမ္းတဲ့ သမီးငယ္ႏွစ္ေယာက္ကုိ ပုိင္ဆုိင္ထားတဲ့အတြက္ Mike Tindall နဲ႔ Zara Tindall တုိ႔ဇနီးေမာင္ႏွံကေတာ့ ေပ်ာ္မဆုံးျဖစ္ေနခဲ့ပါတယ္။

(၄) ႏွစ္အရြယ္ သမီးႀကီး Mia Grace Tindall ဟာ ေတာ္ဝင္ထီးနန္းလ်ာနံပါတ္ (၁၈) ရွိၿပီး အခုေမြးလာတဲ့သမီးငယ္ဟာ နံပါတ္ (၁၉) ျဖစ္ပါတယ္။ အခုေမြးဖြားလုိက္တဲ့ သမီးငယ္ဟာ Princess Anne ရဲ႕ စတုတၳေျမာက္ေျမးေတာ္ျဖစ္ၿပီး ဘုရင္မႀကီး Elizabeth II ရဲ႕ သတၱမေျမာက္ျမစ္ေတာ္ျဖစ္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ဘုရင်မကြီးရဲ့မြေးတော် Zara Tindall ဟာ သမီးလေး မွေးဖွားပြီ

ဘုရင်မကြီး Elizabeth II ရဲ့မြေးတော် Zara Tindall ဟာ ဇွန်လ (၁၈) ရက်နေ့မှာ ဒုတိယမြောက်သမီးရတနာကို Stroud General Hospital မှာ ဖွားမြင်ခဲ့ပါတယ်။ ကလေးရဲ့အလေးချိန်ဟာ ကိုးပေါင်သုံးအောင်စရှိတယ်လို့ ‘The Royal Family’ ရဲ့လူမှုကွန်ရက်မှာ ဖော်ပြထားပြီး နာမည်ကိုတော့ မထုတ်ပြန်သေးပါဘူး။

Zara Tindall ဟာ Princess Anne (ဘုရင်မကြီးရဲ့သမီး) ရဲ့သမီးတော်ဖြစ်ပြီး တော်ဝင်ထီးနန်းလျာနံပါတ် (၁၇) မှာရှိပါတယ်။ သူမဟာ မြင်းစီးသမားဖြစ်ပြီး ၂ဝ၁၂ခုနှစ် အိုလံပစ်အားကစားပြိုင်ပွဲရဲ့ ငွေတံဆိပ်ဆုရှင်လည်း ဖြစ်ပါတယ်။ သူမဟာ နာမည်ကျော်ရက်ဘီကစားသမား Mike Tindall နဲ့ ၂ဝဝ၃ခုနှစ်မှာ ချစ်ကြိုးသွယ်ခဲ့ပြီး ၂ဝ၁ဝခုနှစ် ဒီဇင်ဘာလ (၂၁) ရက်နေ့မှာ စေ့စပ်ခဲ့ပါတယ်။

၂ဝ၁၁ခုနှစ် ဇူလိုင်လ (၃ဝ) မှာ လက်ထပ်ခဲ့ပြီး ၂ဝ၁၄ခုနှစ် ဇန်နဝါရီလ (၁၇) ရက်နေ့မှာ သမီးကြီး Mia Grace Tindall ကို မွေးဖွားခဲ့ပါတယ်။ ၂ဝ၁၆ခုနှစ် နိုဝင်ဘာလမှာ ဒုတိယကိုယ်ဝန်ရခဲ့ပေမယ့် ဒီဇင်ဘာလမှာ ပျက်ကျခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ကျန်းမာသန်စွမ်းတဲ့ သမီးငယ်နှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့အတွက် Mike Tindall နဲ့ Zara Tindall တို့ဇနီးမောင်နှံကတော့ ပျော်မဆုံးဖြစ်နေခဲ့ပါတယ်။

(၄) နှစ်အရွယ် သမီးကြီး Mia Grace Tindall ဟာ တော်ဝင်ထီးနန်းလျာနံပါတ် (၁၈) ရှိပြီး အခုမွေးလာတဲ့သမီးငယ်ဟာ နံပါတ် (၁၉) ဖြစ်ပါတယ်။ အခုမွေးဖွားလိုက်တဲ့ သမီးငယ်ဟာ Princess Anne ရဲ့ စတုတ္ထမြောက်မြေးတော်ဖြစ်ပြီး ဘုရင်မကြီး Elizabeth II ရဲ့ သတ္တမမြောက်မြစ်တော်ဖြစ်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com