[ZawGyi]

ဘုရင္မႀကီးအဲလိဇဘက္ က်န္းမာအသက္ရွည္ေအာင္ဘာေတြစားေသာက္ေလ႔ရွိသလဲ

ဘုရင္မႀကီးအဲလိဇဘက္ (Queen Elizabeth II)ဟာ ဒီႏွစ္ဆုိရင္ ၉၂ ႏွစ္ရွိပါျပီ။ လက္ရွိအခ်ိန္ထိ သူမက်န္းမာစြာသြားလာလႈပ္ရွားႏိုင္ဖုိ႔ ဘယ္လုိဂရုတစိုက္ေနထိုင္သလဲ က်န္းမာေရးနဲ႔ညီညြတ္ေအာင္ဘယ္လုိစားေသာက္သလဲဆုိတာက စိတ္ဝင္စားဖုိ႔ေကာင္းပါတယ္။ ေတာ္ဝင္မိသားစုရဲ႕ စာဖိုမွဴးေဟာင္း McGrady က ဘုရင္မၾကီးအေနနဲ႔ အစားအေသာက္ကိုဘယ္လိုေရြးခ်ယ္စားေသာက္သလဲဆိုတာကို ေျပာျပထားတာရွိပါတယ္။ တစ္ကမၻာလံုးက ေကာင္းေပ႔ညႊန္႔ေပ႔အစားအေသာက္ေတြကို စိတ္ၾကိဳက္စားေသာက္ခြင္႔ရွိတဲ႔သူမအဖို႔ ဘာေတြမ်ားေရြးခ်ယ္စားေသာက္ပါ႔မလဲ။
အစားအေသာက္အတြက္ ဘုရင္မၾကီးဟာ တစ္ပတ္မွာ ႏွစ္ၾကိမ္ Menu List ကို ၾကည္႔ရႈေလ႔ရွိတယ္လုိ႔ဆုိပါတယ္။ စာဖိုမွဴးေတြ အၾကံျပဳထားတဲ႔ မီႏူးေတြထဲကမွ သူမအၾကိဳက္ကို ေရြးခ်ယ္ေပးလုိက္တာျဖစ္ပါတယ္။ ဒါေပမဲ႔ သူမအျမဲတမ္းစားေသာက္ေနက် အစားအေသာက္နဲ႔ အေလ႔အက်င္႔ေတြရွိပါေသးတယ္။ ဒါေတြက အမွန္ေတာ႔ရိုးရွင္းပါတယ္။

လက္ဖက္ရည္နဲ႔ဘီစကစ္

အဂၤလိပ္တုိ႔ရဲ႕ထံုးတမ္းစဥ္လာအတိုင္း သူမကေတာ႔ မနက္ခင္းမွာ Breakfast Tea တစ္ခြက္နဲ႔ ဘီစကြတ္ကို စားေလ႔ရွိပါတယ္။ Breakfast Tea ကို သၾကားမပါဘဲေသာက္ေလ႔ရွိျပီး ဘီစကြတ္အနည္းငယ္စားသံုးေလ႔ရွိတာျဖစ္ပါတယ္။တစ္ခါတစ္ရံ သူမရဲ႕မနက္စာထဲမွာ အသီးနဲ႔ေကြကာအုတ္ပါဝင္ပါတယ္။ ေပါင္မုန္႔မီးကင္ကို ယိုတစ္မ်ိဳး(သို႔) လိေမၼာ္သီးယိုသုတ္စားေလ႔ရွိျပီး အထူးအခမ္းအနားေတြမွာေတာ႔ ဆီမပါတဲ႔ ၾကက္ဥအိုးကပ္ေမႊေၾကာ္နဲ႔ ဆယ္လ္မြန္ငါးကင္၊ ေခ်ာကလက္လံုးေလးေတြ စားေလ႔ရွိတယ္လုိ႔ ဆုိထားပါတယ္။ ခရစၥမတ္ကာလေတြမွာ လက္ေဆာင္အျဖစ္ေရာက္ရွိလာတဲ႔ လတ္လတ္ဆတ္ဆတ္ေခ်ာကလက္လံုးေလးေတြကိုလည္းသူမကႏွစ္ႏွစ္ျခိဳက္ျခိဳက္ စားသံုးေလ႔ရွိပါတယ္တဲ႔။ ဒါေၾကာင္႔ သူမကို “chocoholic” လို႔ေတာင္ေျပာၾကပါတယ္။ သူမအၾကိဳက္ဆံုးေခ်ာကလက္က Dark Chocolate ျဖစ္ပါသတဲ႔။ ခါးေလေကာင္းေလလို႔ ဆုိပါတယ္။

ေန႔လယ္မွာဘာေတြစားေလ႔ရွိ

ေန႔လယ္ထမင္းမစားခင္မွာေတာ႔ ေကာ႔ေတးလ္ေသာက္ေလ႔ရွိပါတယ္။ Gin နဲ႔ Dubonnet ကိုေရခဲေတြအမ်ားၾကီးနဲ႔ သံပရိုကြင္းေလးေတြထည္႔ျပီးေသာက္တာျဖစ္ပါတယ္တဲ႔။ ဒီေကာ႔ေတးလ္ေဖ်ာ္စပ္နည္းကို အြန္လုိင္းမွာရွာေဖြလုိ႔ ရပါတယ္။

ဘုရင္မၾကီးဟာ ေန႔လယ္စာကို ေန႔ခင္း ၁ နာရီမွာ စားေလ႔ရွိပါတယ္။ ဟင္းပြဲမွာ ပံုမွန္ပါေလ႔ရွိတာကေတာ႔ ငါးကင္၊ ဟင္းႏုနယ္၊ ၾကက္ကင္၊ အရြက္သုပ္ ၊ ဖရံုသခြားတို႔ျဖစ္ပါတယ္။ သူမဟာ ပါစတာ၊ ဆန္နဲ႔ အာလူးလုိမ်ိဳး ကစီဓာတ္မ်ားတဲ႔ အစားအစာေတြကိုေရွာင္ေလ႔ရွိပါတယ္။

ေန႔လယ္ခင္းနဲ႔ညေနစာၾကား အဆာေျပအစားအေသာက္အတြက္ေတာ႔ ပ်ားရည္၊ Sponge cake နဲ႔ေခ်ာကလက္ကိတ္ေတြကို သံုးေဆာင္ေလ႔ရွိတယ္လို႔ဆုိပါတယ္။ ေတာ္ဝင္မိသားစုရဲ႕ စာဖိုမွဴးေဟာင္း McGrady ေျပာတာကေတာ႔ သခြားသီး၊ ဆယ္လ္မြန္ငါးကင္ ၊ ၾကက္ဥ ၊ မယြန္းနိစ္ ၊ ဝက္ေပါင္ေျခာက္ ၊ မုန္ညင္းတုိ႔႔ ပါဝင္တဲ႔ Sandwiches ေတြစားသံုးေလ႔ရွိတယ္လုိ႔ ေျပာထားပါတယ္။ ေပါင္မုန္႔ကိုေထာပတ္သုတ္ျပီး ဒဂၤါးျပားအရြယ္ေလးေတြလုပ္ထားတဲ႔ မုန္႔ကိုလည္းစားေလ႔ရွိပါတယ္တဲ႔။

ဘုရင္မၾကီးရဲ႕ညစာ

ညစာကိုေတာ႔ သူမကအသားမ်ားမ်ားစားပါတယ္။ ေဒသတြင္းေမြးျမဴေရးျခံေတြကထြက္တဲ႔ အသားကိုေရြးခ်ယ္စားေသာက္ပါတယ္။ သူမအၾကိဳက္ဆံုးကေတာ႔ အိုင္ယာလန္လူမ်ိဳးတုိ႔ရဲ႕ရိုးရာအသားကင္ျဖစ္ပါတယ္။ အသားကင္ကို မႈိေဆာ႔စ္ ၊ ခရင္မ္ တုိ႔နဲ႔တြဲစားျပီး ဝီစကီေသာက္ေလ႔ရွိပါတယ္။ သိုးသား၊ အမဲသား ၊ ဆိတ္သား၊ ငွက္သားေတြက သူမအၾကိဳက္ေတြျဖစ္ပါတယ္။ ဘယ္လိုအသားမ်ိဳးကိုပဲစားစား က်က္ေအာင္ကင္ျပီးမွသူမက စားပါတယ္။ မက်က္တက်က္ေတြစားေလ႔မပါရွိဘူး။ အဓိကဟင္းပြဲေတြနဲ႔အတူWindsor Castle မွာစိုက္ပ်ိဳးထားတဲ႔ ျခံထြက္ စေတာ္ဘယ္ရီ၊ သစ္ေတာ္သီးေတြနဲ႔တြဲစားေလ႔ရွိတယ္လုိ႔ ဆုိပါတယ္။

ညစာစားျပီးလို႔ အိပ္စက္ခ်ိန္မေရာက္ခင္မွာေတာ႔ ရွန္ပိန္တစ္ခြက္နဲ႔ တစ္ေန႔တာစားေသာက္မႈကိုအဆံုးသတ္ေလ႔ရွိတယ္လုိ႔ဆုိပါတယ္။ ရွန္ပိန္အတြက္ Brand ၈ ခုထဲကေန တစ္မ်ိဳးမ်ိဳးကို ေရြးခ်ယ္ေသာက္သံုးပါတယ္။ ဥပမာ-Bollinger ၊ Lanson နဲ႕ Krug လိုမ်ိဳး Brand ေတြျဖစ္ပါတယ္။ ဒီတံဆိပ္ေတြဟာ ေတာ္ဝင္မိသားစုအတြက္သင္႔ေတာ္တယ္ဆုိတဲ႔ ေတာ္ဝင္အာမခံခ်က္ရရွိထားတဲ႔ Brand ေတြျဖစ္ပါတယ္။

တစ္ကမၻာလံုးကစပါယ္ရွယ္အစားအေသာက္ေတြကို စိတ္ၾကိဳက္စားေသာက္ခြင္႔ရွိေပမယ္႔ သူမကအဲလိုအလြန္အၾကဴးစားေလ႔မရွိဘဲ က်န္းမာေရးနဲ႔ညီညြတ္ေအာင္သာ စားပါတယ္။ ျပီးေတာ႔ဒီအသက္အရြယ္မွာေတာင္ ျမင္းစီးတာ ေခြးေလးေတြနဲ႔အတူ လမ္းေလွ်ာက္ထြက္တာမ်ိဳး လုပ္ေလ႔ရွိပါေသးသတဲ႔။ ဒီအခ်က္ေတြကပဲ သူမကိုအသက္ရွည္ေစျပီး က်န္းမာႏုပ်ိဳေစတယ္လုိ႔ ဆုိရမယ္ထင္ပါတယ္။

ဂ်ဴဂ်ဴး(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဘုရင်မကြီးအဲလိဇဘက် ကျန်းမာအသက်ရှည်အောင်ဘာတွေစားသောက်လေ့ရှိသလဲ

ဘုရင်မကြီးအဲလိဇဘက် (Queen Elizabeth II)ဟာ ဒီနှစ်ဆိုရင် ၉၂ နှစ်ရှိပါပြီ။ လက်ရှိအချိန်ထိ သူမကျန်းမာစွာသွားလာလှုပ်ရှားနိုင်ဖို့ ဘယ်လိုဂရုတစိုက်နေထိုင်သလဲ ကျန်းမာရေးနဲ့ညီညွတ်အောင်ဘယ်လိုစားသောက်သလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းပါတယ်။ တော်ဝင်မိသားစုရဲ့ စာဖိုမှူးဟောင်း McGrady က ဘုရင်မကြီးအနေနဲ့ အစားအသောက်ကိုဘယ်လိုရွေးချယ်စားသောက်သလဲဆိုတာကို ပြောပြထားတာရှိပါတယ်။ တစ်ကမ္ဘာလုံးက ကောင်းပေ့ညွှန့်ပေ့အစားအသောက်တွေကို စိတ်ကြိုက်စားသောက်ခွင့်ရှိတဲ့သူမအဖို့ ဘာတွေများရွေးချယ်စားသောက်ပါ့မလဲ။
အစားအသောက်အတွက် ဘုရင်မကြီးဟာ တစ်ပတ်မှာ နှစ်ကြိမ် Menu List ကို ကြည့်ရှုလေ့ရှိတယ်လို့ဆိုပါတယ်။ စာဖိုမှူးတွေ အကြံပြုထားတဲ့ မီနူးတွေထဲကမှ သူမအကြိုက်ကို ရွေးချယ်ပေးလိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့ သူမအမြဲတမ်းစားသောက်နေကျ အစားအသောက်နဲ့ အလေ့အကျင့်တွေရှိပါသေးတယ်။ ဒါတွေက အမှန်တော့ရိုးရှင်းပါတယ်။

လက်ဖက်ရည်နဲ့ဘီစကစ်

အင်္ဂလိပ်တို့ရဲ့ထုံးတမ်းစဉ်လာအတိုင်း သူမကတော့ မနက်ခင်းမှာ Breakfast Tea တစ်ခွက်နဲ့ ဘီစကွတ်ကို စားလေ့ရှိပါတယ်။ Breakfast Tea ကို သကြားမပါဘဲသောက်လေ့ရှိပြီး ဘီစကွတ်အနည်းငယ်စားသုံးလေ့ရှိတာဖြစ်ပါတယ်။တစ်ခါတစ်ရံ သူမရဲ့မနက်စာထဲမှာ အသီးနဲ့ကွေကာအုတ်ပါဝင်ပါတယ်။ ပေါင်မုန့်မီးကင်ကို ယိုတစ်မျိုး(သို့) လိမ္မော်သီးယိုသုတ်စားလေ့ရှိပြီး အထူးအခမ်းအနားတွေမှာတော့ ဆီမပါတဲ့ ကြက်ဥအိုးကပ်မွှေကြော်နဲ့ ဆယ်လ်မွန်ငါးကင်၊ ချောကလက်လုံးလေးတွေ စားလေ့ရှိတယ်လို့ ဆိုထားပါတယ်။ ခရစ္စမတ်ကာလတွေမှာ လက်ဆောင်အဖြစ်ရောက်ရှိလာတဲ့ လတ်လတ်ဆတ်ဆတ်ချောကလက်လုံးလေးတွေကိုလည်းသူမကနှစ်နှစ်ခြိုက်ခြိုက် စားသုံးလေ့ရှိပါတယ်တဲ့။ ဒါကြောင့် သူမကို “chocoholic” လို့တောင်ပြောကြပါတယ်။ သူမအကြိုက်ဆုံးချောကလက်က Dark Chocolate ဖြစ်ပါသတဲ့။ ခါးလေကောင်းလေလို့ ဆိုပါတယ်။

နေ့လယ်မှာဘာတွေစားလေ့ရှိ

နေ့လယ်ထမင်းမစားခင်မှာတော့ ကော့တေးလ်သောက်လေ့ရှိပါတယ်။ Gin နဲ့ Dubonnet ကိုရေခဲတွေအများကြီးနဲ့ သံပရိုကွင်းလေးတွေထည့်ပြီးသောက်တာဖြစ်ပါတယ်တဲ့။ ဒီကော့တေးလ်ဖျော်စပ်နည်းကို အွန်လိုင်းမှာရှာဖွေလို့ ရပါတယ်။

ဘုရင်မကြီးဟာ နေ့လယ်စာကို နေ့ခင်း ၁ နာရီမှာ စားလေ့ရှိပါတယ်။ ဟင်းပွဲမှာ ပုံမှန်ပါလေ့ရှိတာကတော့ ငါးကင်၊ ဟင်းနုနယ်၊ ကြက်ကင်၊ အရွက်သုပ် ၊ ဖရုံသခွားတို့ဖြစ်ပါတယ်။ သူမဟာ ပါစတာ၊ ဆန်နဲ့ အာလူးလိုမျိုး ကစီဓာတ်များတဲ့ အစားအစာတွေကိုရှောင်လေ့ရှိပါတယ်။

နေ့လယ်ခင်းနဲ့ညနေစာကြား အဆာပြေအစားအသောက်အတွက်တော့ ပျားရည်၊ Sponge cake နဲ့ချောကလက်ကိတ်တွေကို သုံးဆောင်လေ့ရှိတယ်လို့ဆိုပါတယ်။ တော်ဝင်မိသားစုရဲ့ စာဖိုမှူးဟောင်း McGrady ပြောတာကတော့ သခွားသီး၊ ဆယ်လ်မွန်ငါးကင် ၊ ကြက်ဥ ၊ မယွန်းနိစ် ၊ ဝက်ပေါင်ခြောက် ၊ မုန်ညင်းတို့ ပါဝင်တဲ့ Sandwiches တွေစားသုံးလေ့ရှိတယ်လို့ ပြောထားပါတယ်။ ပေါင်မုန့်ကိုထောပတ်သုတ်ပြီး ဒင်္ဂါးပြားအရွယ်လေးတွေလုပ်ထားတဲ့ မုန့်ကိုလည်းစားလေ့ရှိပါတယ်တဲ့။

ဘုရင်မကြီးရဲ့ညစာ

ညစာကိုတော့ သူမကအသားများများစားပါတယ်။ ဒေသတွင်းမွေးမြူရေးခြံတွေကထွက်တဲ့ အသားကိုရွေးချယ်စားသောက်ပါတယ်။ သူမအကြိုက်ဆုံးကတော့ အိုင်ယာလန်လူမျိုးတို့ရဲ့ရိုးရာအသားကင်ဖြစ်ပါတယ်။ အသားကင်ကို မှိုဆော့စ် ၊ ခရင်မ် တို့နဲ့တွဲစားပြီး ဝီစကီသောက်လေ့ရှိပါတယ်။ သိုးသား၊ အမဲသား ၊ ဆိတ်သား၊ ငှက်သားတွေက သူမအကြိုက်တွေဖြစ်ပါတယ်။ ဘယ်လိုအသားမျိုးကိုပဲစားစား ကျက်အောင်ကင်ပြီးမှသူမက စားပါတယ်။ မကျက်တကျက်တွေစားလေ့မပါရှိဘူး။ အဓိကဟင်းပွဲတွေနဲ့အတူWindsor Castle မှာစိုက်ပျိုးထားတဲ့ ခြံထွက် စတော်ဘယ်ရီ၊ သစ်တော်သီးတွေနဲ့တွဲစားလေ့ရှိတယ်လို့ ဆိုပါတယ်။

ညစာစားပြီးလို့ အိပ်စက်ချိန်မရောက်ခင်မှာတော့ ရှန်ပိန်တစ်ခွက်နဲ့ တစ်နေ့တာစားသောက်မှုကိုအဆုံးသတ်လေ့ရှိတယ်လို့ဆိုပါတယ်။ ရှန်ပိန်အတွက် Brand ၈ ခုထဲကနေ တစ်မျိုးမျိုးကို ရွေးချယ်သောက်သုံးပါတယ်။ ဥပမာ-Bollinger ၊ Lanson နဲ့ Krug လိုမျိုး Brand တွေဖြစ်ပါတယ်။ ဒီတံဆိပ်တွေဟာ တော်ဝင်မိသားစုအတွက်သင့်တော်တယ်ဆိုတဲ့ တော်ဝင်အာမခံချက်ရရှိထားတဲ့ Brand တွေဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးကစပါယ်ရှယ်အစားအသောက်တွေကို စိတ်ကြိုက်စားသောက်ခွင့်ရှိပေမယ့် သူမကအဲလိုအလွန်အကြူးစားလေ့မရှိဘဲ ကျန်းမာရေးနဲ့ညီညွတ်အောင်သာ စားပါတယ်။ ပြီးတော့ဒီအသက်အရွယ်မှာတောင် မြင်းစီးတာ ခွေးလေးတွေနဲ့အတူ လမ်းလျှောက်ထွက်တာမျိုး လုပ်လေ့ရှိပါသေးသတဲ့။ ဒီအချက်တွေကပဲ သူမကိုအသက်ရှည်စေပြီး ကျန်းမာနုပျိုစေတယ်လို့ ဆိုရမယ်ထင်ပါတယ်။

ဂျူဂျူး(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။