[Zawgyi]

Elizabeth ဘုရင္မႀကီး ပိုက္ဆံအိတ္နဲ႔ ဘယ္လိုလွ်ဳိ႕ဝွက္အခ်က္ျပေလ့ရွိလဲ

ေတာ္ဝင္မ်ဳိးႏြယ္ Elizabeth ဘုရင္မႀကီးက အစဲြအလန္းအလြန္ႀကီးတဲ့ ေတာ္ဝင္မိန္းမသားတစ္ဦး ျဖစ္ပါတယ္။ ဘယ္ေလာက္ေတာင္ အစဲြအလန္းႀကီးလဲဆိုေတာ့ မနက္စာစားရင္ေတာင္ တူညီတဲ႔ မနက္စာမ်ဳိးကိုသာ ေန႔စဥ္စားသံုးေလ့ရွိသလို တူညီတဲ႔ လက္သည္းဆိုးေဆးကိုပဲ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ဆိုးေလ့ရွိသူျဖစ္ပါတယ္။ ဒါတင္ပဲလားဆိုေတာ့ မဟုတ္ပါဘူး။ ခရီးသြားတဲ႔အခါမ်ဳိးမွာ သူမစားေနက် ေခ်ာကလတ္ကိတ္မပါရင္ ခရီးမထြက္တတ္သလို အနက္ေရာင္ေျပာင္ သားေရနဲ႔ျပဳလုပ္ထားတဲ႔ Launer အမွတ္တံဆိပ္ လက္ကုိင္အိတ္မပါဘဲ လူထုေရွ႕ကို ထြက္ေလ့မရွိတာကိုလည္း ေတြ႔ရပါတယ္။ ဒါအျပင္ ဘုရင္မႀကီးက ဒီလက္ကိုင္အိတ္တံဆိပ္အေပၚကို ဘယ္ေလာက္ေတာင္စဲြလန္းလဲဆိုေတာ့ ဒီတံဆိပ္နဲ႔ လက္ကုိင္အိတ္ေပါင္း ၂၀၀ ေက်ာ္ကုိ ဝယ္ယူစုေဆာင္းထားတာကို ၾကည့္ျခင္းျဖင္႔ သိႏုိင္ပါတယ္။

Queen Elizabeth and her launer bag

Queen Elizabeth and her launer bag

ဘုရင္မႀကီးအတြက္ဆိုရင္ ဒီအမွတ္တံဆိပ္နဲ႔ လက္ကိုင္အိတ္က သာမန္ပစၥည္းေတြ ထည့္ၿပီးယူေဆာင္သြားလို႔ရတဲ႔ အိတ္မ်ဳိးအေနနဲ႔သာမကဘဲ အမႈထမ္းေတြကိုပါ အခ်က္ျပလို႔႔ရတဲ႔ Secret Symbol တစ္ခုအေနနဲ႔ပါ အသံုးဝင္ပါတယ္။ ဘုရင္မႀကီးက လက္ကိုင္အိတ္ကိုသံုးၿပီး အမႈထမ္းေတြကို ဘယ္လိုုအခ်က္ျပလဲဆိုတာကို ဗဟုသုတရေစဖို႔ ေအာက္မွာ ဆက္လက္ဖတ္ရႈေလ့လာၾကည့္ရေအာင္။

“ညစာစားေနတဲ႔အခ်ိန္မွာ စားပဲြေပၚကို ဘုရင္မႀကီးက လက္ကိုင္အိတ္တင္လုိက္ရင္ ေနာက္ငါးမိနစ္အတြင္းမွာ ဒီပဲြအခမ္းအနားကို အဆံုးသတ္ခ်င္ၿပီးလို႔ အခ်က္ျပလိုက္ျခင္းျဖစ္တယ္” လို႔ Telegraph ရဲ႕အဆိုအရ သိရပါတယ္။ သူမရဲ႕လက္ကိုင္အိတ္ကို ၾကမ္းျပင္ေပၚခ်လိုက္ၿပီဆိုရင္ေတာ့ စကားစျမည္ေျပာဆိုရတာ မေပ်ာ္ရႊင္ေတာ့လုိ႔ တစ္ေယာက္ေယာက္က လာေရာက္ေခၚထုတ္သြားဖို႔ အလိုရွိတယ္လို႔ သေကၤတျပလိုက္ျခင္း ျဖစ္ပါတယ္။

ေတာ္ဝင္သမိုင္းပညာရွင္ Hugo Vicker ရဲ႕အဆိုအရ တစ္စံုတစ္ေယာက္နဲ႔ စကားေျပာေနတုန္း ဘုရင္မႀကီးက ပိုက္ဆံအိတ္ကို လက္တစ္ဖက္ကေန လက္တစ္ဖက္ကို ေရြ႕ေျပာင္းကိုင္လုိက္ရင္ လက္ရွိေဆြးေႏြးေနတဲ႔ ေဆြးေႏြးမႈ ၿပီးေျမာက္ေတာ့မယ္ဆိုတာကို အမႈထမ္းေတြကို လွ်ဳိ႕ဝွက္အခ်က္ျပလုိက္ျခင္း ျဖစ္ပါတယ္။

Queen switching her bag from one hand to the other

Queen switching her bag from one hand to the other

ဘုရင္မႀကီးရဲ႕ ေနာက္ထပ္အသိသာအထင္ရွားဆံုး အခ်က္ျပတဲ႔ လက္ဟန္ေျခဟန္တစ္ခုကေတာ့ ပိုက္ဆံအိတ္ကို အသံုးျပဳၿပီး အခ်က္ျပတာမ်ဳိးမဟုတ္ဘဲ လက္စြပ္ကို လွည္႔ေနျခင္းပဲ ျဖစ္ပါတယ္။ အဲလိုလက္စြပ္လွည္႔ေနၿပီဆိုရင္ေတာ့ သူမကို အခုခ်က္ခ်င္းေခၚထုတ္ဖို႔ လိုအပ္ေနၿပီလို႔ ဆိုလိုျခင္းျဖစ္ပါတယ္။

Twist of her wedding ring

Twist of her wedding ring

အထက္မွာ ေဖာ္ျပခဲ႔တာကေတာ့ ဘုရင္မႀကီးက သူမအျမဲကိုင္ေလ့ရွိတဲ႔ ပိုက္ဆံအိတ္အသံုးျပဳၿပီး သူ႕အမႈထမ္းေတြကို Secret Symbol ျပေလ့ရွိတဲ႔ အခ်က္ျပျခင္းပံုစံေလးေတြပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးမွာေကာ တစ္ေယာက္နဲ႔တစ္ေယာက္ ဆက္သြယ္တဲ႔အခါမွာ အခ်င္းခ်င္း အခ်က္ျပေလ့ရွိတဲ႔ ကိုယ္ဟန္အမူအရာေလးေတြရွိရင္လည္း ျပန္လည္မွ်ေဝေပးသြားပါအံုးေနာ္။

H.H(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Elizabeth ဘုရင်မကြီး ပိုက်ဆံအိတ်နဲ့ ဘယ်လိုလျှို့ဝှက်အချက်ပြလေ့ရှိလဲ

တော်ဝင်မျိုးနွယ် Elizabeth ဘုရင်မကြီးက အစွဲအလန်းအလွန်ကြီးတဲ့ တော်ဝင်မိန်းမသားတစ်ဦး ဖြစ်ပါတယ်။ ဘယ်လောက်တောင် အစွဲအလန်းကြီးလဲဆိုတော့ မနက်စာစားရင်တောင် တူညီတဲ့ မနက်စာမျိုးကိုသာ နေ့စဉ်စားသုံးလေ့ရှိသလို တူညီတဲ့ လက်သည်းဆိုးဆေးကိုပဲ ဆယ်စုနှစ်ပေါင်းများစွာ ဆိုးလေ့ရှိသူဖြစ်ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ ခရီးသွားတဲ့အခါမျိုးမှာ သူမစားနေကျ ချောကလတ်ကိတ်မပါရင် ခရီးမထွက်တတ်သလို အနက်ရောင်ပြောင် သားရေနဲ့ပြုလုပ်ထားတဲ့ Launer အမှတ်တံဆိပ် လက်ကိုင်အိတ်မပါဘဲ လူထုရှေ့ကို ထွက်လေ့မရှိတာကိုလည်း တွေ့ရပါတယ်။ ဒါအပြင် ဘုရင်မကြီးက ဒီလက်ကိုင်အိတ်တံဆိပ်အပေါ်ကို ဘယ်လောက်တောင်စွဲလန်းလဲဆိုတော့ ဒီတံဆိပ်နဲ့ လက်ကိုင်အိတ်ပေါင်း ၂၀၀ ကျော်ကို ဝယ်ယူစုဆောင်းထားတာကို ကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။

Queen Elizabeth and her launer bag

Queen Elizabeth and her launer bag

ဘုရင်မကြီးအတွက်ဆိုရင် ဒီအမှတ်တံဆိပ်နဲ့ လက်ကိုင်အိတ်က သာမန်ပစ္စည်းတွေ ထည့်ပြီးယူဆောင်သွားလို့ရတဲ့ အိတ်မျိုးအနေနဲ့သာမကဘဲ အမှုထမ်းတွေကိုပါ အချက်ပြလို့ရတဲ့ Secret Symbol တစ်ခုအနေနဲ့ပါ အသုံးဝင်ပါတယ်။ ဘုရင်မကြီးက လက်ကိုင်အိတ်ကိုသုံးပြီး အမှုထမ်းတွေကို ဘယ်လိုအချက်ပြလဲဆိုတာကို ဗဟုသုတရစေဖို့ အောက်မှာ ဆက်လက်ဖတ်ရှုလေ့လာကြည့်ရအောင်။

“ညစာစားနေတဲ့အချိန်မှာ စားပွဲပေါ်ကို ဘုရင်မကြီးက လက်ကိုင်အိတ်တင်လိုက်ရင် နောက်ငါးမိနစ်အတွင်းမှာ ဒီပွဲအခမ်းအနားကို အဆုံးသတ်ချင်ပြီးလို့ အချက်ပြလိုက်ခြင်းဖြစ်တယ်” လို့ Telegraph ရဲ့အဆိုအရ သိရပါတယ်။ သူမရဲ့လက်ကိုင်အိတ်ကို ကြမ်းပြင်ပေါ်ချလိုက်ပြီဆိုရင်တော့ စကားစမြည်ပြောဆိုရတာ မပျော်ရွှင်တော့လို့ တစ်ယောက်ယောက်က လာရောက်ခေါ်ထုတ်သွားဖို့ အလိုရှိတယ်လို့ သင်္ကေတပြလိုက်ခြင်း ဖြစ်ပါတယ်။

တော်ဝင်သမိုင်းပညာရှင် Hugo Vicker ရဲ့အဆိုအရ တစ်စုံတစ်ယောက်နဲ့ စကားပြောနေတုန်း ဘုရင်မကြီးက ပိုက်ဆံအိတ်ကို လက်တစ်ဖက်ကနေ လက်တစ်ဖက်ကို ရွေ့ပြောင်းကိုင်လိုက်ရင် လက်ရှိဆွေးနွေးနေတဲ့ ဆွေးနွေးမှု ပြီးမြောက်တော့မယ်ဆိုတာကို အမှုထမ်းတွေကို လျှို့ဝှက်အချက်ပြလိုက်ခြင်း ဖြစ်ပါတယ်။

Queen switching her bag from one hand to the other

Queen switching her bag from one hand to the other

ဘုရင်မကြီးရဲ့ နောက်ထပ်အသိသာအထင်ရှားဆုံး အချက်ပြတဲ့ လက်ဟန်ခြေဟန်တစ်ခုကတော့ ပိုက်ဆံအိတ်ကို အသုံးပြုပြီး အချက်ပြတာမျိုးမဟုတ်ဘဲ လက်စွပ်ကို လှည့်နေခြင်းပဲ ဖြစ်ပါတယ်။ အဲလိုလက်စွပ်လှည့်နေပြီဆိုရင်တော့ သူမကို အခုချက်ချင်းခေါ်ထုတ်ဖို့ လိုအပ်နေပြီလို့ ဆိုလိုခြင်းဖြစ်ပါတယ်။

Twist of her wedding ring

Twist of her wedding ring

အထက်မှာ ဖော်ပြခဲ့တာကတော့ ဘုရင်မကြီးက သူမအမြဲကိုင်လေ့ရှိတဲ့ ပိုက်ဆံအိတ်အသုံးပြုပြီး သူ့အမှုထမ်းတွေကို Secret Symbol ပြလေ့ရှိတဲ့ အချက်ပြခြင်းပုံစံလေးတွေပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးမှာကော တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်တဲ့အခါမှာ အချင်းချင်း အချက်ပြလေ့ရှိတဲ့ ကိုယ်ဟန်အမူအရာလေးတွေရှိရင်လည်း ပြန်လည်မျှဝေပေးသွားပါအုံးနော်။

H.H(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။