[Zawgyi]

ဆင္တူလက္ဝတ္ရတနာေလးေတြဝတ္ၿပီး ပြဲတက္လာၾကတဲ့ Queen Elizabeth နဲ႔ Meghan Markle

အဲလိဇဘက္ ဘုရင္မႀကီး (Queen Elizabeth) နဲ႔ Meghan Markle တို႔ဟာ ၾကာသပေတးေန႔က ေတာ္ဝင္မ်ိဳးႏြယ္တို႔ရဲ႕ ေတြ႕ဆံုပြဲမွာ အရင္းႏွီးဆံုးသူငယ္ခ်င္းအခ်င္းခ်င္း အမွတ္တရ ဝတ္ဆင္တတ္ၾကတဲ့ အထိမ္းအမွတ္ ဆင္တူလက္ဝတ္တန္ဆာေလးေတြနဲ႔ ပြဲတက္လာခဲ့ၾကပါတယ္။

HP Spectre

HP Spectre

HP Spectre အေၾကာင္း အေသးစိတ္သိရွိရန္

ဒီပြဲဟာ Prince Harry နဲ႔ Meghan Markle တို႔ရဲ႕ မဂၤလာပြဲအၿပီး မွာ ဘုရင္မႀကီးနဲ႔ Meghan တို႔ ပထမဆံုးတူတူတက္ေရာက္လာတဲ့ ပြဲအခမ္းအနားပဲျဖစ္ပါတယ္။

၂ေယာက္လံုး ဝတ္ဆင္ခဲ့တာကေတာ့ ပုလဲတစ္လံုးတည္းနဲ႔ စိန္ကြပ္ထားတဲ့ ႐ိုး႐ိုးရွင္းရွင္းနားကပ္ေလးျဖစ္ကာ ဒီပြဲအတြက္သီးသန္႔ ဝတ္ဆင္ဖို႔ ဘုရင္မႀကီး ကိုယ္တိုင္ Meghan ကို လက္ေဆာင္ေပးခဲ့တာျဖစ္ပါတယ္။

ပိုၿပီးသိသာေစတာက အဲ့ဒီနားကပ္ေလးေတြကို ဝတ္ဆင္ထားၾကတဲ့ သူမတို႔ ၂ ဦးသားလံုးရဲ႕ မ်က္ႏွာမွာ အျပံဳးပန္းေတြေဝျဖာေနခဲ့တာပဲ ျဖစ္ပါတယ္။ ပံုမွန္အားျဖင့္ ေတာ္ဝင္မ်ိဳးႏြယ္ေတြဟာလည္း သာမန္အရင္းႏွီးဆံုး သူငယ္ခ်င္း မိသားစုေတြလို အခ်စ္ဆံုးသူေတြနဲ႔ ဆင္တူအထိမ္းအမွတ္လက္ဝတ္ရတနာေလးေတြ ဝတ္ဆင္တတ္တဲ့အေလ့အထရွိပါတယ္။

Prince Harry နဲ႔ Meghan Markle တို႔ရဲ႕ မဂၤလာပြဲမွာတုန္းက ဘုရင္မႀကီးရဲ႕ မ်က္ႏွာမၾကည္မလင္နဲ႔ တင္းမာလြန္းခဲ့တဲ့ပံုေတြဟာ လူမႈကြန္ရက္ေပၚအထိ ပ်ံ႕ႏွံ့ခဲ့တာမို႔ ေတာ္ဝင္မ်ိဳးႏြယ္ရဲ႕ ပရိသတ္ေတြအားလံုး Meghan နဲ႔ ဘုရင္မႀကီးရဲ႕ ဆက္ဆံေရးအေျခအေနနဲ႔ ပတ္သက္ၿပီး မ်ားစြာစိတ္ပူခဲ့ၾကပါတယ္။

ဒါေပမယ့္ ဒီတစ္ေခါက္မွာေတာ့ ပံုေတြၾကည့္လိုက္တာနဲ႔တင္ ဘုရင္မႀကီးနဲ႔ Meghan တို႔ရဲ႕ အေျခအေနက ရင္းႏွီးေႏြးေထြးလြန္းရံုမက ၂ေယာက္လံုးဆင္တူအထိမ္းအမွတ္ရတနာေလးေတြဝတ္ၿပီး ေပ်ာ္ရႊင္ေနၾကတဲ့ပံုရိပ္ေလးေတြေၾကာင့္ အေျခအေနအားလံုး သာယာစရာျဖစ္သြားၿပီလို႔ဆိုရမွာပါ။

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အေၾကာင္း အေသးစိတ္သိရွိရန္ 

ဒီပြဲမွာ မင္းသား William ရဲ႕ ဇနီးျဖစ္သူ Cambridge ၿမိဳ႕စားကေတာ္ Kate Middleton လည္း မပါဝင္ခဲ့သလို၊ မင္းသား Harry လည္း မပါခဲ့ပါဘူးတဲ့။

ေနာက္ဆံုးေတာ့ ေတာ္ဝင္မ်ိဳးႏြယ္တို႔ၾကားက မုန္တိုင္းေတြစဲၿပီး ေလေျပေလညင္းေလးေတြျပန္က်ေရာက္လာၿပီလို႔ ဆိုရမွာပါ။

EiEiKhineMinn ( Akhayar )

[Unicode]

ဆင်တူလက်ဝတ်ရတနာလေးတွေဝတ်ပြီး ပွဲတက်လာကြတဲ့ Queen Elizabeth နဲ့ Meghan Markle

အဲလိဇဘက် ဘုရင်မကြီး (Queen Elizabeth) နဲ့ Meghan Markle တို့ဟာ ကြာသပတေးနေ့က တော်ဝင်မျိုးနွယ်တို့ရဲ့ တွေ့ဆုံပွဲမှာ အရင်းနှီးဆုံးသူငယ်ချင်းအချင်းချင်း အမှတ်တရ ဝတ်ဆင်တတ်ကြတဲ့ အထိမ်းအမှတ် ဆင်တူလက်ဝတ်တန်ဆာလေးတွေနဲ့ ပွဲတက်လာခဲ့ကြပါတယ်။

HP Spectre

HP Spectre

HP Spectre အကြောင်း အသေးစိတ်သိရှိရန်

ဒီပွဲဟာ Prince Harry နဲ့ Meghan Markle တို့ရဲ့ မင်္ဂလာပွဲအပြီး မှာ ဘုရင်မကြီးနဲ့ Meghan တို့ ပထမဆုံးတူတူတက်ရောက်လာတဲ့ ပွဲအခမ်းအနားပဲဖြစ်ပါတယ်။

၂ယောက်လုံး ဝတ်ဆင်ခဲ့တာကတော့ ပုလဲတစ်လုံးတည်းနဲ့ စိန်ကွပ်ထားတဲ့ ရိုးရိုးရှင်းရှင်းနားကပ်လေးဖြစ်ကာ ဒီပွဲအတွက်သီးသန့် ဝတ်ဆင်ဖို့ ဘုရင်မကြီး ကိုယ်တိုင် Meghan ကို လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ပိုပြီးသိသာစေတာက အဲ့ဒီနားကပ်လေးတွေကို ဝတ်ဆင်ထားကြတဲ့ သူမတို့ ၂ ဦးသားလုံးရဲ့ မျက်နှာမှာ အပြုံးပန်းတွေဝေဖြာနေခဲ့တာပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် တော်ဝင်မျိုးနွယ်တွေဟာလည်း သာမန်အရင်းနှီးဆုံး သူငယ်ချင်း မိသားစုတွေလို အချစ်ဆုံးသူတွေနဲ့ ဆင်တူအထိမ်းအမှတ်လက်ဝတ်ရတနာလေးတွေ ဝတ်ဆင်တတ်တဲ့အလေ့အထရှိပါတယ်။

Prince Harry နဲ့ Meghan Markle တို့ရဲ့ မင်္ဂလာပွဲမှာတုန်းက ဘုရင်မကြီးရဲ့ မျက်နှာမကြည်မလင်နဲ့ တင်းမာလွန်းခဲ့တဲ့ပုံတွေဟာ လူမှုကွန်ရက်ပေါ်အထိ ပျံ့နှံ့ခဲ့တာမို့ တော်ဝင်မျိုးနွယ်ရဲ့ ပရိသတ်တွေအားလုံး Meghan နဲ့ ဘုရင်မကြီးရဲ့ ဆက်ဆံရေးအခြေအနေနဲ့ ပတ်သက်ပြီး များစွာစိတ်ပူခဲ့ကြပါတယ်။

ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ ပုံတွေကြည့်လိုက်တာနဲ့တင် ဘုရင်မကြီးနဲ့ Meghan တို့ရဲ့ အခြေအနေက ရင်းနှီးနွေးထွေးလွန်းရုံမက ၂ယောက်လုံးဆင်တူအထိမ်းအမှတ်ရတနာလေးတွေဝတ်ပြီး ပျော်ရွှင်နေကြတဲ့ပုံရိပ်လေးတွေကြောင့် အခြေအနေအားလုံး သာယာစရာဖြစ်သွားပြီလို့ဆိုရမှာပါ။

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အကြောင်း အသေးစိတ်သိရှိရန် 

ဒီပွဲမှာ မင်းသား William ရဲ့ ဇနီးဖြစ်သူ Cambridge မြို့စားကတော် Kate Middleton လည်း မပါဝင်ခဲ့သလို၊ မင်းသား Harry လည်း မပါခဲ့ပါဘူးတဲ့။

နောက်ဆုံးတော့ တော်ဝင်မျိုးနွယ်တို့ကြားက မုန်တိုင်းတွေစဲပြီး လေပြေလေညင်းလေးတွေပြန်ကျရောက်လာပြီလို့ ဆိုရမှာပါ။

EiEiKhineMinn ( Akhayar )