[Zawgyi]

လူေတြ သတိမထားမိတဲ့ Elizabeth ဘုရင္မႀကီးရဲ႕ Accessory တစ္ခု

ၿဗိတိန္ေတာ္၀င္မိသားစုက Elizabeth ဘုရင္မႀကီးဟာဆုိရင္ ၾသဇာအာဏာေညာင္းတဲ့သူတစ္ေယာက္ ျဖစ္သလို ဖက္ရွင္နဲ႔ ပတ္သက္ရင္လည္း အားလံုးက အၿမဲစိတ္၀င္တစားရွိျခင္းခံရတဲ့သူပါ။ ငယ္ရြယ္စဥ္ကတည္းက က်က္သေရရွိၿပီး တန္းျမင့္ေတာ္၀င္ဖက္ရွင္ေတြ ၀တ္ဆင္တတ္သလို အသက္ႀကီးလာေတာ့
လည္း အေရာင္ေတာက္ေတြနဲ႔ လန္းေနဆဲျဖစ္တဲ့ Elizabeth ဘုရင္မႀကီးရဲ႕ ဖက္ရွင္ေတြကို ေသခ်ာၾကည့္မယ္ဆုိရင္ ထူးျခားမႈတစ္ခု ရွိေနပါတယ္။ အဲဒါကေတာ့ လက္ထပ္မဂၤလာပြဲတက္တဲ့အခါ သူမရဲ႕ ၀တ္စံုေတြနဲ႔ တြဲဖက္၀တ္ေလ့ရွိတဲ့ ပုလဲဆြဲႀကိဳးျဖစ္ပါတယ္။

Queen Elizabeth

Queen Elizabeth

Elizabeth ဘုရင္မႀကီးကို ၀တ္စံုေတြ အမ်ားႀကီးေျပာင္းလဲသြားလည္း ပုလဲသံုးရစ္ ဆြဲႀကိဳးဆြဲမထားတဲ့ အခ်ိန္က ေတာ္ေတာ္ေလး မရွိသေလာက္ျဖစ္တာေတြ႔ရမွာပါ။ “The Queen’s Jewels” စာအုပ္ကိုေရးသားခဲ့တဲ့ စာေရးဆရာ Leslie Field ရဲ႕ အဆိုအရေတာ့ ဘုရင္မႀကီး အၿမဲလိုလို ၀တ္တဲ့ သံုးရစ္ပုလဲဆြဲႀကိဳးဟာ သူမရဲ႕ အဘိုးျဖစ္တဲ့ George V ဆီက ၁၉၃၅ ခုႏွစ္ သူရဲ႕ ေငြရတုမွာ လက္ေဆာင္ရခဲ့တာပါတဲ့။ သံုးရစ္သံုးဆင့္ ၀တ္ရတဲ့အျပင္ ပုလဲႀကိဳးဆိုေတာ့ ထင္ထင္ရွားရွား အၿမဲျမင္ေနရတဲ့ Accessory တစ္ခုပါ။ ဒါ့အျပင္ ပုလဲက မိန္းမသားဆန္တယ္၊ ေတာ္၀င္တယ္၊ အဆင့္အတန္းျမင့္တယ္ စတဲ့ ဂုဏ္ပုဒ္ေတြကို ေဖာ္က်ဴးႏိုင္တဲ့ လက္၀တ္ရတနာတစ္ခုျဖစ္လို႔ ေတာ္၀င္အသိုင္းအ၀ိုင္းမွာလည္း ေတ္ာေတာ္မ်ားမ်ား ၀တ္ဆင္ေလ့ရွိပါတယ္။

Queen Elizabeth

Queen Elizabeth

၁၉၄၆ ခုႏွစ္မွာ က်င္းပခဲ့တဲ့ Patricia Mountbatten နဲ႔  Lord Brabourne တို႔ရဲ႕ လက္ထပ္ပြဲမွာ Princess Elizabeth ဟာသတို႔သမီးအရံလုပ္ခဲ့ပါတယ္။ သူမနဲ႔ ညီမျဖစ္သူ Princess Margaret တို႔ႏွစ္ေယာက္လံုးဟာ ၀တ္စံုရွည္ေတြကို ၀တ္ဆင္ခဲ့ၿပီးေတာ့  သရဖူေလးေတြ ေဆာင္းထားခဲ့တဲ့အျပင္ သားေမႊးကုတ္ အရွည္ေတြကို ၀တ္ဆင္ထားခဲ့ၾကပါတယ္။ အဲဒီတုန္းကတည္းက Princess Elizabeth ဟာ ပုလဲဆြဲႀကိဳးေလး ဆြဲထားခဲ့တာ ျမင္ရမွာပါ။

Queen Elizabeth

Queen Elizabeth

၁၉၅၁ မွာေတာ့  Princess Elizabeth ဟာ Lady Caroline Montagu-Douglas-Scott နဲ႔ Ian Bedworth Gilmour တို႔ရဲ႕ လက္ထပ္ပြဲကို တက္ေရာက္ခဲ့ပါတယ္။ အဲဒီလက္ထပ္ပြဲကို Princess Elizabeth တက္ေရာက္ခဲ့ခ်ိန္မွာ ပန္းပြင့္ ပြင့္ရိုက္၀တ္စံုကို ၀တ္ဆင္ခဲ့ၿပီး အေပၚကကုတ္ရယ္၊ ဦးထုပ္ရယ္၊အနက္ေရာင္ ေဒါက္ခၽြန္ဖိနပ္ကုိ စီးထားခဲ့ပါတယ္။ Accessory အေနနဲ႔ကေတာ့ ပုလဲလည္ဆြဲရယ္၊ ရင္ထုိးရယ္ ဆင္ထားၿပီး လက္မွာ အနက္ေရာင္အိတ္ကို ကိုင္ေဆာင္လာခဲ့ပါတယ္။

Queen Elizabeth

Queen Elizabeth

၁၉၅၄ ခုႏွစ္မွာ Queen Elizabeth ဟာ Viscount Althorp နဲ႔ Miss Frances Roche တို႔ရဲ႕ မဂၤလာပြဲကို တက္ေရာက္ခဲ့ပါတယ္။ အဲဒီႏွစ္ေယာက္ကေတာ့ အျခားသူေတြမဟုတ္ပါဘူး။ Lady Diana ရဲ႕ မိဘႏွစ္ပါးျဖစ္လာမယ့္သူေတြပါ။ Queen Elizabeth  ဟာ ေနရာေဒသအလိုက္ ေျခသလံုးတစ္၀က္ဂါ၀န္၊ ထိပ္ပြင့္ေဒါက္ဖိနပ္အနက္ေရာင္ကို ၀တ္သြားခဲ့တာပါ။ အိတ္ေသးေသးေလးတစ္လံုးကုိ ကိုင္ထားၿပီး  အေမႊးပြၿခံဳပု၀ါ ၿခံဳထားၿပီး  ပုလဲဆြဲႀကိဳးလည္း ဆြဲထားခဲ့ပါတယ္။

Queen Elizabeth

Queen Elizabeth

၁၉၆၀ မွာ က်င္းပခဲ့တဲ့ သူမရဲ႕ ညီမျဖစ္သူ Princess Margaret နဲ႔ Antony Armstrong-Jone တို႔ရဲ႕ လက္ထပ္ပြဲမွာဆုိရင္ ဘုရင္မႀကီးဟာ ေအာက္ကားကား ballgown လုိ႔ေခၚတဲ့ ဂါ၀န္၀တ္ဆင္ထားခဲ့ၿပီး အေပၚကေန ရင္ဟ ဂ်က္ကတ္တစ္ထည္ကို ထပ္၀တ္ထားခဲ့ပါတယ္။ လက္အိတ္ရယ္၊ ဦးထုပ္ရယ္ ၊ရင္ထိုးနဲ႔ Clutch ကို လုိက္ဖက္ေအာင္ ဆင္ယင္ထားၿပီး ျမင္ေနက် ဖက္ရွင္ေတြနဲ႔ မတူဘဲ လွေနခဲ့တာ အမွန္ပါ။

Queen Elizabeth

Queen Elizabeth

၁၉၆၃ ခုႏွစ္မွာ က်င္းပတဲ့ Princess Alexandra နဲ႔ Angus Ogilvy တို႔ရဲ႕မဂၤလာပြဲမွာေတာ့  ဘုရင္မႀကီးက သူမရဲ႕ ပုလဲလည္ဆြဲကို ေပၚလြင္ေစမယ့္ ၀တ္စံုကို ခပ္ပါးပါးပု၀ါလႊမ္းၿခံဳလို႔ တက္ေရာက္ခဲ့ပါတယ္။

Queen Elizabeth

Queen Elizabeth

၁၉၈၁ မွာက်င္းပတဲ့ Prince Charles နဲ႔  Lady Diana တို႔ရဲ႕ လက္ထပ္ပြဲမွာေတာ့ ဘုရင္မႀကီးက အျပာေရာင္ ၀တ္စံုကို ၀တ္ဆင္ခဲ့ၿပီးေတာ့ သူမ၀တ္ေနက် အေဆာင္ေယာင္ေတြအျပင္ ပုလဲဆြဲႀကိဳးကလည္း မပါမျဖစ္ ျဖစ္ခဲ့ပါတယ္။

Queen Elizabeth

Queen Elizabeth

၁၉၉၉ ခုႏွစ္မွာ Prince Edward နဲ႔ Sophie Rhys-Jones တို႔ လက္ထပ္လိုက္တဲ့အခါမွာလည္း လက္ထပ္ပြဲကုိ ေဗဒါေရာင္ ၀တ္စံုကို ၀တ္ဆင္တက္ေရာက္ခဲ့ၿပီး မပါမျဖစ္ ပုလဲဆြဲႀကိဳးကိုလည္း ၀တ္ဆင္ထားခဲ့ပါတယ္။

Queen Elizabeth

Queen Elizabeth

၂၀၀၅ မွာ က်င္းပခဲ့တဲ့ Prince Charles နဲ႔ Camilla Parker Bowles တို႔ရဲ႕ လက္ထပ္မဂၤလာပြဲမွာလည္း ဘုရင္မႀကီး ပုလဲဆြဲႀကိဳး ၀တ္ဆင္ထားတာ ေတြ႔ရမွာပါ။

Queen Elizabeth

Queen Elizabeth

၂၀၁၁ မွာ က်င္းပခဲ့တဲ့ Prince William နဲ႔ Kate Middleton တုိ႔ လက္ထပ္မဂၤလာပြဲမွာ ဘုရင္မႀကီး တက္ေရာက္ခ်ီးျမွင့္ခဲ့သလို  အ၀ါေရာင္ေတာက္ေတာက္ ၀တ္စံုနဲ႔ ပနံသင့္တဲ့ ပုလဲဆြဲႀကိဳးကို ၀တ္ဆင္ထားခဲ့တာ ေတြ႔ရမွာျဖစ္ပါတယ္။

Queen Elizabeth

Queen Elizabeth

ၿပီးခဲ့တဲ့သံုးေလးလေလာက္ကမွ က်င္းပခဲ့တဲ့ Prince Harry နဲ႔ Meghan Markle တို႔ရဲ႕ မဂၤလာပြဲကို တက္ေရာက္ခဲ့တဲ့ ဘုရင္မႀကီးရဲ႕ ဖက္ရွင္ကို အမ်ားက အံ့ၾသသေဘာက်ခဲ့ပါတယ္။ အစိမ္းေရာင္ေတာက္ေတာက္ ကုတ္နဲ႔ ခရမ္းေရာင္ ပြင့္ရိုက္ဂါ၀န္ကို ၀တ္ဆင္ထားတဲ့ ဘုရင္မႀကီးရဲ႕ ဖက္ရွင္ဟာ သူမကို ႏုပိ်ဳေနေစသလို လုိက္ဖက္တဲ့ Accessory ေတြအျပင္ ပုလဲဆြဲႀကိဳးကုိပါ ၀တ္ဆင္ထားခဲ့ပါတယ္။

ကဲ..ဘုရင္မႀကီး ဒီပုလဲဆြဲႀကိဳးကို ဘယ္ေလာက္ေတာင္ တန္ဖိုးထားၿပီး ႏွစ္သက္သလဲဆိုတာ ပံုေတြၾကည့္ရင္ သိေလာက္ပါၿပီေနာ္။

Su Yi Htet (Akhayar)

[Unicode]

လူတွေ သတိမထားမိတဲ့ Elizabeth ဘုရင်မကြီးရဲ့ Accessory တစ်ခု

ဗြိတိန်တော်ဝင်မိသားစုက Elizabeth ဘုရင်မကြီးဟာဆိုရင် သြဇာအာဏာညောင်းတဲ့သူတစ်ယောက် ဖြစ်သလို ဖက်ရှင်နဲ့ ပတ်သက်ရင်လည်း အားလုံးက အမြဲစိတ်ဝင်တစားရှိခြင်းခံရတဲ့သူပါ။ ငယ်ရွယ်စဉ်ကတည်းက ကျက်သရေရှိပြီး တန်းမြင့်တော်ဝင်ဖက်ရှင်တွေ ဝတ်ဆင်တတ်သလို အသက်ကြီးလာတော့
လည်း အရောင်တောက်တွေနဲ့ လန်းနေဆဲဖြစ်တဲ့ Elizabeth ဘုရင်မကြီးရဲ့ ဖက်ရှင်တွေကို သေချာကြည့်မယ်ဆိုရင် ထူးခြားမှုတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ လက်ထပ်မင်္ဂလာပွဲတက်တဲ့အခါ သူမရဲ့ ဝတ်စုံတွေနဲ့ တွဲဖက်ဝတ်လေ့ရှိတဲ့ ပုလဲဆွဲကြိုးဖြစ်ပါတယ်။

Queen Elizabeth

Queen Elizabeth

Elizabeth ဘုရင်မကြီးကို ဝတ်စုံတွေ အများကြီးပြောင်းလဲသွားလည်း ပုလဲသုံးရစ် ဆွဲကြိုးဆွဲမထားတဲ့ အချိန်က တော်တော်လေး မရှိသလောက်ဖြစ်တာတွေ့ရမှာပါ။ “The Queen’s Jewels” စာအုပ်ကိုရေးသားခဲ့တဲ့ စာရေးဆရာ Leslie Field ရဲ့ အဆိုအရတော့ ဘုရင်မကြီး အမြဲလိုလို ဝတ်တဲ့ သုံးရစ်ပုလဲဆွဲကြိုးဟာ သူမရဲ့ အဘိုးဖြစ်တဲ့ George V ဆီက ၁၉၃၅ ခုနှစ် သူရဲ့ ငွေရတုမှာ လက်ဆောင်ရခဲ့တာပါတဲ့။ သုံးရစ်သုံးဆင့် ဝတ်ရတဲ့အပြင် ပုလဲကြိုးဆိုတော့ ထင်ထင်ရှားရှား အမြဲမြင်နေရတဲ့ Accessory တစ်ခုပါ။ ဒါ့အပြင် ပုလဲက မိန်းမသားဆန်တယ်၊ တော်ဝင်တယ်၊ အဆင့်အတန်းမြင့်တယ် စတဲ့ ဂုဏ်ပုဒ်တွေကို ဖော်ကျူးနိုင်တဲ့ လက်ဝတ်ရတနာတစ်ခုဖြစ်လို့ တော်ဝင်အသိုင်းအဝိုင်းမှာလည်း တေ်ာတော်များများ ဝတ်ဆင်လေ့ရှိပါတယ်။

Queen Elizabeth

Queen Elizabeth

၁၉၄၆ ခုနှစ်မှာ ကျင်းပခဲ့တဲ့ Patricia Mountbatten နဲ့ Lord Brabourne တို့ရဲ့ လက်ထပ်ပွဲမှာ Princess Elizabeth ဟာသတို့သမီးအရံလုပ်ခဲ့ပါတယ်။ သူမနဲ့ ညီမဖြစ်သူ Princess Margaret တို့နှစ်ယောက်လုံးဟာ ဝတ်စုံရှည်တွေကို ဝတ်ဆင်ခဲ့ပြီးတော့ သရဖူလေးတွေ ဆောင်းထားခဲ့တဲ့အပြင် သားမွှေးကုတ် အရှည်တွေကို ဝတ်ဆင်ထားခဲ့ကြပါတယ်။ အဲဒီတုန်းကတည်းက Princess Elizabeth ဟာ ပုလဲဆွဲကြိုးလေး ဆွဲထားခဲ့တာ မြင်ရမှာပါ။

Queen Elizabeth

Queen Elizabeth

၁၉၅၁ မှာတော့ Princess Elizabeth ဟာ Lady Caroline Montagu-Douglas-Scott နဲ့ Ian Bedworth Gilmour တို့ရဲ့ လက်ထပ်ပွဲကို တက်ရောက်ခဲ့ပါတယ်။ အဲဒီလက်ထပ်ပွဲကို Princess Elizabeth တက်ရောက်ခဲ့ချိန်မှာ ပန်းပွင့် ပွင့်ရိုက်ဝတ်စုံကို ဝတ်ဆင်ခဲ့ပြီး အပေါ်ကကုတ်ရယ်၊ ဦးထုပ်ရယ်၊အနက်ရောင် ဒေါက်ချွန်ဖိနပ်ကို စီးထားခဲ့ပါတယ်။ Accessory အနေနဲ့ကတော့ ပုလဲလည်ဆွဲရယ်၊ ရင်ထိုးရယ် ဆင်ထားပြီး လက်မှာ အနက်ရောင်အိတ်ကို ကိုင်ဆောင်လာခဲ့ပါတယ်။

Queen Elizabeth

Queen Elizabeth

၁၉၅၄ ခုနှစ်မှာ Queen Elizabeth ဟာ Viscount Althorp နဲ့ Miss Frances Roche တို့ရဲ့ မင်္ဂလာပွဲကို တက်ရောက်ခဲ့ပါတယ်။ အဲဒီနှစ်ယောက်ကတော့ အခြားသူတွေမဟုတ်ပါဘူး။ Lady Diana ရဲ့ မိဘနှစ်ပါးဖြစ်လာမယ့်သူတွေပါ။ Queen Elizabeth ဟာ နေရာဒေသအလိုက် ခြေသလုံးတစ်ဝက်ဂါဝန်၊ ထိပ်ပွင့်ဒေါက်ဖိနပ်အနက်ရောင်ကို ဝတ်သွားခဲ့တာပါ။ အိတ်သေးသေးလေးတစ်လုံးကို ကိုင်ထားပြီး အမွှေးပွခြုံပုဝါ ခြုံထားပြီး ပုလဲဆွဲကြိုးလည်း ဆွဲထားခဲ့ပါတယ်။

Queen Elizabeth

Queen Elizabeth

၁၉၆၀ မှာ ကျင်းပခဲ့တဲ့ သူမရဲ့ ညီမဖြစ်သူ Princess Margaret နဲ့ Antony Armstrong-Jone တို့ရဲ့ လက်ထပ်ပွဲမှာဆိုရင် ဘုရင်မကြီးဟာ အောက်ကားကား ballgown လို့ခေါ်တဲ့ ဂါဝန်ဝတ်ဆင်ထားခဲ့ပြီး အပေါ်ကနေ ရင်ဟ ဂျက်ကတ်တစ်ထည်ကို ထပ်ဝတ်ထားခဲ့ပါတယ်။ လက်အိတ်ရယ်၊ ဦးထုပ်ရယ် ၊ရင်ထိုးနဲ့ Clutch ကို လိုက်ဖက်အောင် ဆင်ယင်ထားပြီး မြင်နေကျ ဖက်ရှင်တွေနဲ့ မတူဘဲ လှနေခဲ့တာ အမှန်ပါ။

Queen Elizabeth

Queen Elizabeth

၁၉၆၃ ခုနှစ်မှာ ကျင်းပတဲ့ Princess Alexandra နဲ့ Angus Ogilvy တို့ရဲ့မင်္ဂလာပွဲမှာတော့ ဘုရင်မကြီးက သူမရဲ့ ပုလဲလည်ဆွဲကို ပေါ်လွင်စေမယ့် ဝတ်စုံကို ခပ်ပါးပါးပုဝါလွှမ်းခြုံလို့ တက်ရောက်ခဲ့ပါတယ်။

Queen Elizabeth

Queen Elizabeth

၁၉၈၁ မှာကျင်းပတဲ့ Prince Charles နဲ့ Lady Diana တို့ရဲ့ လက်ထပ်ပွဲမှာတော့ ဘုရင်မကြီးက အပြာရောင် ဝတ်စုံကို ဝတ်ဆင်ခဲ့ပြီးတော့ သူမဝတ်နေကျ အဆောင်ယောင်တွေအပြင် ပုလဲဆွဲကြိုးကလည်း မပါမဖြစ် ဖြစ်ခဲ့ပါတယ်။

Queen Elizabeth

Queen Elizabeth

၁၉၉၉ ခုနှစ်မှာ Prince Edward နဲ့ Sophie Rhys-Jones တို့ လက်ထပ်လိုက်တဲ့အခါမှာလည်း လက်ထပ်ပွဲကို ဗေဒါရောင် ဝတ်စုံကို ဝတ်ဆင်တက်ရောက်ခဲ့ပြီး မပါမဖြစ် ပုလဲဆွဲကြိုးကိုလည်း ဝတ်ဆင်ထားခဲ့ပါတယ်။

Queen Elizabeth

Queen Elizabeth

၂၀၀၅ မှာ ကျင်းပခဲ့တဲ့ Prince Charles နဲ့ Camilla Parker Bowles တို့ရဲ့ လက်ထပ်မင်္ဂလာပွဲမှာလည်း ဘုရင်မကြီး ပုလဲဆွဲကြိုး ဝတ်ဆင်ထားတာ တွေ့ရမှာပါ။

Queen Elizabeth

Queen Elizabeth

၂၀၁၁ မှာ ကျင်းပခဲ့တဲ့ Prince William နဲ့ Kate Middleton တို့ လက်ထပ်မင်္ဂလာပွဲမှာ ဘုရင်မကြီး တက်ရောက်ချီးမြှင့်ခဲ့သလို အဝါရောင်တောက်တောက် ဝတ်စုံနဲ့ ပနံသင့်တဲ့ ပုလဲဆွဲကြိုးကို ဝတ်ဆင်ထားခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။

Queen Elizabeth

Queen Elizabeth

ပြီးခဲ့တဲ့သုံးလေးလလောက်ကမှ ကျင်းပခဲ့တဲ့ Prince Harry နဲ့ Meghan Markle တို့ရဲ့ မင်္ဂလာပွဲကို တက်ရောက်ခဲ့တဲ့ ဘုရင်မကြီးရဲ့ ဖက်ရှင်ကို အများက အံ့သြသဘောကျခဲ့ပါတယ်။ အစိမ်းရောင်တောက်တောက် ကုတ်နဲ့ ခရမ်းရောင် ပွင့်ရိုက်ဂါဝန်ကို ဝတ်ဆင်ထားတဲ့ ဘုရင်မကြီးရဲ့ ဖက်ရှင်ဟာ သူမကို နုပျိုနေစေသလို လိုက်ဖက်တဲ့ Accessory တွေအပြင် ပုလဲဆွဲကြိုးကိုပါ ဝတ်ဆင်ထားခဲ့ပါတယ်။

ကဲ..ဘုရင်မကြီး ဒီပုလဲဆွဲကြိုးကို ဘယ်လောက်တောင် တန်ဖိုးထားပြီး နှစ်သက်သလဲဆိုတာ ပုံတွေကြည့်ရင် သိလောက်ပါပြီနော်။

Su Yi Htet (Akhayar)