Smartwatch လုိမ်ိဳး Wearable ေတြကို ၾကည့္လုိက္မယ္ဆုိရင္ အခုအခ်ိန္မွာ Android Smartwatch ေတြက တျဖည္းျဖည္း ေလ်ာ႔နည္းေနျပီျဖစ္ျပီးေတာ့ Apple Watch ေတြနဲ႔ Samsung ကထုတ္လုပ္ထားတဲ့ Tizen OS ကို အသံုးျပဳထားတဲ့ Galaxy Gear Smartwatch ေတြပဲ အမ်ားစုေရာင္းရေနတာျဖစ္ပါတယ္။

အခုလုိမ်ိဳး Android Wear Smartwatch ေတြ ထုတ္လုပ္မႈေရာ၊ ေရာင္းအားေရာ က်ဆင္းလာတာက အဓိကအေနနဲ႔ အဆုိပါ Smartwatch ေတြအတြက္ Processor က လြန္ခဲ့တဲ့ ၂ ႏွစ္ေက်ာ္ေလာက္က ထြက္ရွိခဲ့တဲ့ Qualcomm Snapdragon Wear 2100 Chipset ကို အသံုးျပဳေနတာေၾကာင့္လုိ႔ေျပာလုိ႔ရပါတယ္။

အခုအခ်ိန္မွာေတာ့ Qualcomm ကေန လာမယ့္ စက္တင္ဘာလ ၁၀ ရက္ေန႔မွာ Wearable ေတြအတြက္ Processor အသစ္ကို ထုတ္ေပးေတာ့မွာျဖစ္ပါတယ္။ အခု Event အတြက္ Invite ကို “It’s Time” လုိ႔ နာမည္ေပးထားျပီး လာမယ့္ San Francisco ျမိဳ႕မွာ ျပဳလုပ္မွာျဖစ္ပါတယ္။

အခုလုိမ်ိဳး Wearable ေတြအတြက္ Processor အသစ္ကို ထုတ္ျပေတာ့မွာျဖစ္တဲ့အတြက္ Android Smartwatch ေတြ ေနာက္ထပ္တဖန္ျပန္ျပီး ေခတ္စားလာမလားဆုိတာကေတာ့ စိတ္ဝင္စားစရာပါ။ အခုအခ်ိန္မွာ Android Smartwatch ေတြအသစ္ထြက္ရွိဖုိ႔ကလည္း လာမယ့္ ေအာက္တိုဘာလမွာ Google ကေန Pixel 3 စမတ္ဖုန္းေတြအျပင္ Pixel Smartwatch ကိုပါ ထုတ္လုပ္မွာျဖစ္တဲ့အတြက္ အဆုိပါ Pixel Smartwatch မွာ အခု Qualcomm ရဲ႕ Processor အသစ္ကို အသံုးျပဳလာမယ္ဆိုတာက က်ိန္းေသေနျပီျဖစ္ပါတယ္။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Smartwatch လိုမျိုး Wearable တွေကို ကြည့်လိုက်မယ်ဆိုရင် အခုအချိန်မှာ Android Smartwatch တွေက တဖြည်းဖြည်း လျော့နည်းနေပြီဖြစ်ပြီးတော့ Apple Watch တွေနဲ့ Samsung ကထုတ်လုပ်ထားတဲ့ Tizen OS ကို အသုံးပြုထားတဲ့ Galaxy Gear Smartwatch တွေပဲ အများစုရောင်းရနေတာဖြစ်ပါတယ်။

အခုလိုမျိုး Android Wear Smartwatch တွေ ထုတ်လုပ်မှုရော၊ ရောင်းအားရော ကျဆင်းလာတာက အဓိကအနေနဲ့ အဆိုပါ Smartwatch တွေအတွက် Processor က လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်က ထွက်ရှိခဲ့တဲ့ Qualcomm Snapdragon Wear 2100 Chipset ကို အသုံးပြုနေတာကြောင့်လို့ပြောလို့ရပါတယ်။

အခုအချိန်မှာတော့ Qualcomm ကနေ လာမယ့် စက်တင်ဘာလ ၁၀ ရက်နေ့မှာ Wearable တွေအတွက် Processor အသစ်ကို ထုတ်ပေးတော့မှာဖြစ်ပါတယ်။ အခု Event အတွက် Invite ကို “It’s Time” လို့ နာမည်ပေးထားပြီး လာမယ့် San Francisco မြို့မှာ ပြုလုပ်မှာဖြစ်ပါတယ်။

အခုလိုမျိုး Wearable တွေအတွက် Processor အသစ်ကို ထုတ်ပြတော့မှာဖြစ်တဲ့အတွက် Android Smartwatch တွေ နောက်ထပ်တဖန်ပြန်ပြီး ခေတ်စားလာမလားဆိုတာကတော့ စိတ်ဝင်စားစရာပါ။ အခုအချိန်မှာ Android Smartwatch တွေအသစ်ထွက်ရှိဖို့ကလည်း လာမယ့် အောက်တိုဘာလမှာ Google ကနေ Pixel 3 စမတ်ဖုန်းတွေအပြင် Pixel Smartwatch ကိုပါ ထုတ်လုပ်မှာဖြစ်တဲ့အတွက် အဆိုပါ Pixel Smartwatch မှာ အခု Qualcomm ရဲ့ Processor အသစ်ကို အသုံးပြုလာမယ်ဆိုတာက ကျိန်းသေနေပြီဖြစ်ပါတယ်။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com