အတိတ္မွာတုန္းကေတာ့ စမတ္ဖုန္းေတြရဲ႕ ကြဲျပားျခားနားမႈေတြကုိ သူတုိ႔မွာ ဘယ္လုိ Feature ေတြပါဝင္တယ္၊ မပါဝင္ဘူး ဆုိတာေတြနဲ႔ တုိင္းတာ ဆံုးျဖတ္ခဲ့ၾကပါတယ္။ ယခုေတာ့ စမတ္ဖုန္းေတြကို တတ္ႏုိ္င္တဲ့ ေစ်းႏႈန္းေတြအလုိက္ လုပ္ေဆာင္ခ်က္ေတြလည္း မသိမ္ငယ္ေအာင္ ထည့္ေပးလာႏုိင္တာေၾကာင့္ ကြဲျပားျခားနားမႈက အရမ္း သိသိသာသာမရွိေတာ့ပါဘူး။ ဒီလုိစမတ္ဖုန္းေတြကုိ ေစ်းႏႈန္းထားတစ္ရပ္နဲ႔ ေကာင္းမြန္တဲ့ Feature ေတြရရွိလာေအာင္ ျပဳလုပ္ေနတဲ့အထဲမွာ Processor ေတြလည္းပါဝင္ပါတယ္။

Qualcomm Processor ေတြအေၾကာင္း အေသးစိတ္သိခ်င္ရင္ ဒီေနရာကုိႏွိပ္ၿပီး ဖတ္ရႈႏုိ္င္ပါတယ္။

အခုေတာ့ Qualcomm က လုပ္ေဆာင္ခ်က္ေကာင္းေကာင္းေတြ ရရွိႏုိင္မယ့္ Snapdragon 630 နဲ႔ 660 ဆုိတဲ့ “mid-range” အမ်ိဳးအစားေတါကုိ ထုတ္လုပ္လုိက္ၿပီး ယခင္ထုတ္လုပ္ခဲ့တဲ့ 626 နဲ႔ 653 အမ်ိဳးအစားေတြေနာက္မွာ အစားထုိးဝင္ေရာက္လာဖုိ႔ ရွိေနပါတယ္။ အခုထုတ္လုပ္လုိက္တဲ့ Processor အမ်ိဳးအစားသစ္ေတြဟာ Mid-range ပစၥည္းေတြကုိ လုပ္ေဆာင္ခ်က္ျမင့္ျမင့္နဲ႔ အလုပ္လုပ္ေပးေစႏုိင္မွာပါ။

ပုိၿပီး ျမန္ဆန္လာေစမယ့္ Connection, Dual Cameras လက္ခံႏုိင္စြမ္း၊ အဆင့္ျမွင့္ထားတဲ့ Performance ေတြဆုိၿပီးေတာ့ 600 Series အသစ္ေတြအတြက္ Qualcomm က အာမခံထားတဲ့ အခ်က္အလက္ေတြပဲျဖစ္ပါတယ္။

တကယ္လဲ High end chip ေတြလုိ လုပ္ေဆာင္ခ်က္ေတြကုိ Processor အသစ္ေတြထဲမွာ ယူေဆာင္ထည့္သြင္းလာခဲ့ပါတယ္။ ဥပမာအားျဖင့္ Dual Camera ေတြအတြက္ လတ္တေလာမွာ မိတ္ဆက္ထားတဲ့ Spectra camera ISP ကို ထည့္သြင္း Support လုပ္လာခဲ့တာမ်ိဳးပါ။

Qualcomm ရဲ႕ 630 နဲ႔ 660 တို႔ဟာ Qualcomm ထုတ္လုပ္တဲ့အထဲမွာ အျမွင့္ဆံုး Series ျဖစ္တဲ့ 800 စီးရီထဲက Snapdragon 821 နဲ႔ 835 တုိ႔နဲ႔ တူညီတဲ့ အလုပ္လုပ္ႏုိင္စြမ္းေတြကုိလည္း ယူေဆာင္လာခဲ့ပါတယ္။

Snapdragon 630 နဲ႔ 660 တုိ႔ဟာ Core Feature Set ေတြမွာလည္း အတူတူေလာက္ရွိၿပီး 660 ကေတာ့ အနည္းငယ္ပုိသာပါတယ္။ ဥပမာဆုိရင္ 16 megapixel ရွိတဲ့ ကင္မရာ ႏွစ္လံုးထည့္သြင္းတပ္ဆင္ႏုိင္မႈကုိ 630 မွာ ရမွာ မဟုတ္ပဲ 13 megapixel ဆင္ဆာေတြကုိသာ လက္ခံႏုိင္မွာပါ။ Snapdragon 660 ဟာ 4K output ရွိတဲ့ External Display ေတြကုိလည္း တပ္ဆင္ႏုိင္မွာပါ။ အဲ့ဒီအျပင္ 2×2 MU-MIMO 802.11 ac Wi-Fi လည္းထည့္သြင္းႏုိင္တာေၾကာင့္ ပုိမုိျမန္ဆန္တဲ့ Data Speed ေတြကုိ ရရွိေစႏုိင္မွာပါ။

Snapdragon 660 ဟာ မၾကာခင္ရႏုိင္ေတာ့မွာျဖစ္ၿပီး 630 ကေတာ့ ေမလကုန္ပုိင္းေလာက္မွာ ရရွိႏို္င္မွာ ျဖစ္တယ္လုိ႔ သိရပါတယ္။

Joker (Akhayar)

Ref: Slash Gear

=============

[Unicode]

Qualcomm ရဲ့ Snapdraton 630, 660 Processor သစ်တွေ ထွက်လာ

အတိတ်မှာတုန်းကတော့ စမတ်ဖုန်းတွေရဲ့ ကွဲပြားခြားနားမှုတွေကို သူတို့မှာ ဘယ်လို Feature တွေပါဝင်တယ်၊ မပါဝင်ဘူး ဆိုတာတွေနဲ့ တိုင်းတာ ဆုံးဖြတ်ခဲ့ကြပါတယ်။ ယခုတော့ စမတ်ဖုန်းတွေကို တတ်နိုင်တဲ့ စျေးနှုန်းတွေအလိုက် လုပ်ဆောင်ချက်တွေလည်း မသိမ်ငယ်အောင် ထည့်ပေးလာနိုင်တာကြောင့် ကွဲပြားခြားနားမှုက အရမ်း သိသိသာသာမရှိတော့ပါဘူး။ ဒီလိုစမတ်ဖုန်းတွေကို စျေးနှုန်းထားတစ်ရပ်နဲ့ ကောင်းမွန်တဲ့ Feature တွေရရှိလာအောင် ပြုလုပ်နေတဲ့အထဲမှာ Processor တွေလည်းပါဝင်ပါတယ်။

Qualcomm Processor တွေအကြောင်း အသေးစိတ်သိချင်ရင် ဒီနေရာကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

အခုတော့ Qualcomm က လုပ်ဆောင်ချက်ကောင်းကောင်းတွေ ရရှိနိုင်မယ့် Snapdragon 630 နဲ့ 660 ဆိုတဲ့ “mid-range” အမျိုးအစားတေါကို ထုတ်လုပ်လိုက်ပြီး ယခင်ထုတ်လုပ်ခဲ့တဲ့ 626 နဲ့ 653 အမျိုးအစားတွေနောက်မှာ အစားထိုးဝင်ရောက်လာဖို့ ရှိနေပါတယ်။ အခုထုတ်လုပ်လိုက်တဲ့ Processor အမျိုးအစားသစ်တွေဟာ Mid-range ပစ္စည်းတွေကို လုပ်ဆောင်ချက်မြင့်မြင့်နဲ့ အလုပ်လုပ်ပေးစေနိုင်မှာပါ။

ပိုပြီး မြန်ဆန်လာစေမယ့် Connection, Dual Cameras လက်ခံနိုင်စွမ်း၊ အဆင့်မြှင့်ထားတဲ့ Performance တွေဆိုပြီးတော့ 600 Series အသစ်တွေအတွက် Qualcomm က အာမခံထားတဲ့ အချက်အလက်တွေပဲဖြစ်ပါတယ်။

တကယ်လဲ High end chip တွေလို လုပ်ဆောင်ချက်တွေကို Processor အသစ်တွေထဲမှာ ယူဆောင်ထည့်သွင်းလာခဲ့ပါတယ်။ ဥပမာအားဖြင့် Dual Camera တွေအတွက် လတ်တလောမှာ မိတ်ဆက်ထားတဲ့ Spectra camera ISP ကို ထည့်သွင်း Support လုပ်လာခဲ့တာမျိုးပါ။

Qualcomm ရဲ့ 630 နဲ့ 660 တို့ဟာ Qualcomm ထုတ်လုပ်တဲ့အထဲမှာ အမြှင့်ဆုံး Series ဖြစ်တဲ့ 800 စီးရီထဲက Snapdragon 821 နဲ့ 835 တို့နဲ့ တူညီတဲ့ အလုပ်လုပ်နိုင်စွမ်းတွေကိုလည်း ယူဆောင်လာခဲ့ပါတယ်။

Snapdragon 630 နဲ့ 660 တို့ဟာ Core Feature Set တွေမှာလည်း အတူတူလောက်ရှိပြီး 660 ကတော့ အနည်းငယ်ပိုသာပါတယ်။ ဥပမာဆိုရင် 16 megapixel ရှိတဲ့ ကင်မရာ နှစ်လုံးထည့်သွင်းတပ်ဆင်နိုင်မှုကို 630 မှာ ရမှာ မဟုတ်ပဲ 13 megapixel ဆင်ဆာတွေကိုသာ လက်ခံနိုင်မှာပါ။ Snapdragon 660 ဟာ 4K output ရှိတဲ့ External Display တွေကိုလည်း တပ်ဆင်နိုင်မှာပါ။ အဲ့ဒီအပြင် 2×2 MU-MIMO 802.11 ac Wi-Fi လည်းထည့်သွင်းနိုင်တာကြောင့် ပိုမိုမြန်ဆန်တဲ့ Data Speed တွေကို ရရှိစေနိုင်မှာပါ။

Snapdragon 660 ဟာ မကြာခင်ရနိုင်တော့မှာဖြစ်ပြီး 630 ကတော့ မေလကုန်ပိုင်းလောက်မှာ ရရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Joker (Akhayar)

Ref: Slash Gear