တကယ့္လက္ေတြ႕မွာ 5G Network က ဘယ္ေလာက္ထိ ျမန္ႏိုင္သလဲဆိုတာ ျပသခဲ့တဲ့ Qualcomm

Qualcomm ၊ Intel နဲ႔ အျခားေသာ Network Operator ေတြ၊ Modem ထုတ္လုပ္သူေတြက ေနာက္ႏွစ္မွာ 5G Network ကို စတင္ႏုိင္ဖုိ႔အတြက္ ျပင္ဆင္ေနၾကျပီပဲျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ 5G Network ဆုိတာဟာ ဘယ္သူမွ စတင္စမ္းသပ္ျပီး အသံုးျပဳျခင္းမရွိေသးသလုိ Hardware ပိုင္း Modem ေတြကလည္း မလုိက္ႏို္င္ေသးတဲ့အတြက္ တကယ္တမ္းအသံုးျပဳမႈမွာ အျမန္ႏႈန္းဘယ္ေလာက္ထိရွိမလဲဆိုတာက မသိႏုိင္ေသးဘူးပဲျဖစ္ပါတယ္။

အဲ့ဒီအတြက္ ေနာက္ႏွစ္မွာ စမတ္ဖုန္းထုတ္လုပ္သူ ဒါဇင္နဲ႔ခ်ီျပီးကို 5G Modem ေတြေထာက္ပံ့ေပးသြားမယ့္ Qualcomm က 5G Speed ဟာ ဘယ္ေလာက္ထိ ျမန္ဆန္လာမယ္ဆုိတာကို အခု MWC မွာျပသသြားခဲ့ပါတယ္။ အခုစမ္းသပ္မႈေတြဟာ Frankurt နဲ႔ San Fransisco ျမိဳ႕ေတြမွာရွိေနတဲ့ လက္ရွိ Cell Sites ေတြ၊ လုိင္းၾကိမ္ႏႈန္း Spectrum ေတြကိုပဲ အသံုးျပဳျပီးေတာ့ 4G နဲ႔ 5G ဟာ ဘယ္ေလာက္ထိကြာျခားႏုိင္တယ္ဆုိတာကို ထုတ္ျပသြားခဲ့တာျဖစ္ပါတယ္။

ပထမဆံုး Frankurt ျမိဳ႕က စစ္ေဆးမႈမွာေတာ့ 3.5Ghz Spectrum ၾကိမ္ႏႈန္းရဲ႕ 100MHz ကိုပဲ အသံုးျပဳခဲ့ျပီး 4G Speed က 56Mbps ရရွိတဲ့အခ်ိန္မွာ 5G Speed က 490Mbps Speed ကိုရရွိေနတာကိုေတြ႕ရပါတယ္။

ဒုတိယျမိဳ႕ျဖစ္တဲ့ San Francisco ျမိဳ႕ရဲ႕ စမ္းသပ္မႈက ပုိအထင္ၾကီးစရာေကာင္းျပီး Qualcomm ရဲ႕ 28GHz mmWave Spectrum ရဲ႕ 800MHz ၾကိမ္ႏႈန္းကို အသံုးျပဳတာျဖစ္ျပီးေတာ့ Browsing Speed က 4G အတြက္ 71Mbps ပဲရရွိေနေပမယ့္ 5G အသံုးျပဳတဲ့အခ်ိန္မွာေတာ့ 1.4Gbps Speed ကိုရရွိတာကို ေတြ႕ရပါတယ္။ ဒါဟာ 4G Speed ထက္ ၂၃ ဆေတာင္ ပိုျပီး ျမန္ဆန္ေနတာျဖစ္ပါတယ္။

အခုစမ္းသပ္မႈေတြရဲ႕ အဓိပၸါယ္က 5G Network ကိုေျပာင္းလဲလုိက္ျပီဆုိရင္ အသံုးျပဳသူေတြဟာ Gigabytes နဲ႔ ခ်ီတဲ့ Download Speed ေတြတင္ရရွိမွာမဟုတ္ပဲ 8K Video ေတြကို 120fps နဲ႔ 10bit Color Video Streaming ကိုပါ ျပဳလုပ္ႏုိင္မွာပါ။

အနာဂတ္ကေတာ့ အရမ္းကို ျမန္ဆန္လာေတာ့မွာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Qualcomm ၊ Intel နဲ့ အခြားသော Network Operator တွေ၊ Modem ထုတ်လုပ်သူတွေက နောက်နှစ်မှာ 5G Network ကို စတင်နိုင်ဖို့အတွက် ပြင်ဆင်နေကြပြီပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ 5G Network ဆိုတာဟာ ဘယ်သူမှ စတင်စမ်းသပ်ပြီး အသုံးပြုခြင်းမရှိသေးသလို Hardware ပိုင်း Modem တွေကလည်း မလိုက်နိုင်သေးတဲ့အတွက် တကယ်တမ်းအသုံးပြုမှုမှာ အမြန်နှုန်းဘယ်လောက်ထိရှိမလဲဆိုတာက မသိနိုင်သေးဘူးပဲဖြစ်ပါတယ်။

အဲ့ဒီအတွက် နောက်နှစ်မှာ စမတ်ဖုန်းထုတ်လုပ်သူ ဒါဇင်နဲ့ချီပြီးကို 5G Modem တွေထောက်ပံ့ပေးသွားမယ့် Qualcomm က 5G Speed ဟာ ဘယ်လောက်ထိ မြန်ဆန်လာမယ်ဆိုတာကို အခု MWC မှာပြသသွားခဲ့ပါတယ်။ အခုစမ်းသပ်မှုတွေဟာ Frankurt နဲ့ San Fransisco မြို့တွေမှာရှိနေတဲ့ လက်ရှိ Cell Sites တွေ၊ လိုင်းကြိမ်နှုန်း Spectrum တွေကိုပဲ အသုံးပြုပြီးတော့ 4G နဲ့ 5G ဟာ ဘယ်လောက်ထိကွာခြားနိုင်တယ်ဆိုတာကို ထုတ်ပြသွားခဲ့တာဖြစ်ပါတယ်။

ပထမဆုံး Frankurt မြို့က စစ်ဆေးမှုမှာတော့ 3.5Ghz Spectrum ကြိမ်နှုန်းရဲ့ 100MHz ကိုပဲ အသုံးပြုခဲ့ပြီး 4G Speed က 56Mbps ရရှိတဲ့အချိန်မှာ 5G Speed က 490Mbps Speed ကိုရရှိနေတာကိုတွေ့ရပါတယ်။

ဒုတိယမြို့ဖြစ်တဲ့ San Francisco မြို့ရဲ့ စမ်းသပ်မှုက ပိုအထင်ကြီးစရာကောင်းပြီး Qualcomm ရဲ့ 28GHz mmWave Spectrum ရဲ့ 800MHz ကြိမ်နှုန်းကို အသုံးပြုတာဖြစ်ပြီးတော့ Browsing Speed က 4G အတွက် 71Mbps ပဲရရှိနေပေမယ့် 5G အသုံးပြုတဲ့အချိန်မှာတော့ 1.4Gbps Speed ကိုရရှိတာကို တွေ့ရပါတယ်။ ဒါဟာ 4G Speed ထက် ၂၃ ဆတောင် ပိုပြီး မြန်ဆန်နေတာဖြစ်ပါတယ်။

အခုစမ်းသပ်မှုတွေရဲ့ အဓိပ္ပါယ်က 5G Network ကိုပြောင်းလဲလိုက်ပြီဆိုရင် အသုံးပြုသူတွေဟာ Gigabytes နဲ့ ချီတဲ့ Download Speed တွေတင်ရရှိမှာမဟုတ်ပဲ 8K Video တွေကို 120fps နဲ့ 10bit Color Video Streaming ကိုပါ ပြုလုပ်နိုင်မှာပါ။

အနာဂတ်ကတော့ အရမ်းကို မြန်ဆန်လာတော့မှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com