[Zawgyi]

5G ဆိုတဲ့ ကြန္ယက္စနစ္မွာ ဆရာတစ္ဆူျဖစ္လာခဲ့တဲ့ Qualcomm

5G ဆိုတဲ့ မိုဘိုင္းကြန္ယက္စနစ္ကို Huawei နဲ႔ LG တို႔လို ကုမၸဏီေတြ စမ္းသပ္ေနတာ ဆိုေပမယ့္ တစ္ခန္းရပ္ျပဇာတ္လို ေပၚလိုက္ေပ်ာက္လိုက္နဲ႔ အခုခ်ိန္ထိ ႐ုပ္လုံးေပၚမလာေသးတာ အမွန္ပါ။ 5G ဆိုတာ ဘာမွန္းမသိေသးတာတစ္ပိုင္း သူတို႔လုပ္လိုက္လို႔ ဘာမ်ား ထူးျခားလာမလဲလို႔ လူေတြ စိတ္ဝင္တစားျဖစ္ေနတဲ့အခ်ိန္ Qualcomm ကေတာ့ ျမန္သထက္ျမန္လွပါတယ္ဆိုတဲ့ 4G ကြန္ယက္စနစ္ကို အဆင့္ေက်ာ္ဖို႔ 5G Antenna ဆိုၿပီး မိတ္ဆက္လိုက္ပါၿပီ။

5G is Here

အဲ့ဒီေတာ့ 5G အေၾကာင္းမေျပာေသးခင္ 5G Antenna ဆိုတာ အရင္ေျပာပါ့မယ္။ အရင္ CRT လို တီဗြီႀကီးေတြ ေခတ္ေကာင္းခဲ့တဲ့အခ်ိန္တုန္းက VHF နဲ႔ UHF ဆိုၿပီး ႐ုပ္သံလိုင္းေတြဖမ္းေပးဖို႔ Antenna တိုင္ေလးေတြ တပ္သုံးခဲ့တာ မွတ္မိၾကဦးမွာပါ။ ဘာလို႔ အဲ့လို Antenna မ်ိဳးပါလာရတာလဲဆိုရင္ VHF (Very High Frequency) Channel နဲ႔ ဖမ္းလို႔ရတဲ့ ႐ုပ္သံလိုင္းေတြက အသံၾကည္ပိုၿပီး၊ ႐ုပ္ထြက္လဲပိုေကာင္းတာမလို႔ပါ။ အဲ့ဒါဘာလို႔လဲဆိုရင္ VHF နဲ႔ UHF တို႔မွာ Millimeter (mm) ေလာက္ပဲရွိတဲ့ Signal ပါဝင္တာေၾကာင့္ Tower တိုင္နဲ႔ နီးေလေလ လိုင္းဆြဲအား အရမ္းေကာင္းေလေလျဖစ္တာမလို႔ပါ။

Qualcomm’s 5G Antenna

ဒီလိုမ်ိဳး TV Signal သေဘာတရားကို Wi-fi လို Hot Spot လႊင့္တဲ့အခါမ်ိဳးမွာ နမူနာယူထားပါေသးတယ္။ ဒါေပမယ့္ VHF နဲ႔ UHF လို Signal ေတြကို အခ်ိန္ကုန္ခံ ထုတ္လႊင့္ေနမယ့္အစား အလုပ္ရႈပ္သက္သာေစမယ့္ mmWave ဆိုၿပီး ေျပာင္းသုံးလိုက္တာပါ။ ဒါဆိုရင္ သတိထားမိတဲ့ အခ်က္တခ်က္ရွိမယ္ထင္ပါတယ္။ အဲ့ဒါက ႐ုပ္ရွင္ၾကည့္လို႔ ပြဲေကာင္းေနတုန္း မိုး႐ြာလာတာပဲျဖစ္ျဖစ္၊ ေလျပင္းက်လာတို႔ပဲျဖစ္ျဖစ္ တီဗြီႀကီး ထထစ္သြားတာ၊ ႐ုတ္တရက္ Screen ႀကီး ျပာသြားတာမ်ိဳး ႀကဳံဖူးၾကမွာပါ။ အဲ့လိုမ်ိဳး ရပ္ကြက္ထဲ မီးမလာလို႔ Tower တိုင္ႀကီး လစ္ေနတဲ့အခ်ိန္မ်ိဳးဆိုရင္ ကိုယ့္တီဗြီနဲ႔ ဘယ္လိုမွ ဖမ္းမမိေတာ့တာမ်ိဳးလည္း ျဖစ္ဖူးၾကမွာပါ။ အဲ့သလိုျဖစ္ေနတာ ဘာေၾကာင့္လဲဆိုရင္ VHF နဲ႔ UHF တို႔လို Signal မ်ိဳးေတြဟာ ႀကိမ္ႏႈန္းႀကဲတဲ့ ေရဒီယိုလႈိင္းေတြေလာက္ အေဝးႀကီးကို မေရာက္ႏိုင္လို႔ပါ။ အဲ့ဒါထက္ VHF လိုလႈိင္းမ်ိဳးဟာ ႀကိမ္ႏႈန္းစိပ္ၿပီး တိုေတာင္းတဲ့အေလ်ာက္ အရည္ေသြးအရမ္းေကာင္းသလို အင္မတန္လည္း ႏုတဲ့ပင္ပ်ိဳ႐ြက္ႏုေလးေတြလိုပါပဲ။ ေလထုထဲေရာက္လို႔ မိုး႐ြာေနမယ္၊ ေလျပင္းက်ေနမယ္ဆိုရင္ အဲ့ဒီ VHF နဲ႔ UHF လို လိုင္းမ်ိဳးဟာ Tower တိုင္က တစ္ထြာေလာက္ထြက္တာနဲ႔ ဂြမ္းသြားတာမလို႔ပါ။

VHF Signal Presentation

အဲ့ဒီေတာ့ ေျပာခ်င္တာက mmWave ဆိုတာလည္း အခုလိုမ်ိဳး အားနည္းခ်က္ရွိတယ္ဆိုတာကိုပါ။ ဒါေၾကာင့္ Wi-fi လႊင့္ထားတဲ့ေနရာမ်ိဳးမွာ သတ္မွတ္ထားတဲ့ ေနရာကိုေက်ာ္လြန္သြားရင္ ဖမ္းမမိေတာ့သလို ရာသီဥတုဒဏ္ ေရွာင္ရွားဖို႔ Fiber လို ကြန္ယက္စနစ္သုံးလာၾကတာပါ။ ဒီလို mmWave ဆိုတဲ့ နည္းပညာကို Qualcomm တစ္ေယာက္ပဲ သုံးေနတာလားဆိုေတာ့ မဟုတ္ပါဘူး။ သူ႔လိုမ်ိဳး စမ္းသပ္ေနၾကတဲ့ သုေတသီေတြပါဝင္ေနသလို Huawei လို ကုမၸဏီမ်ိဳးက 5G ကြန္ယက္စနစ္ကို အခုလို mmWave နည္းပညာနဲ႔ စမ္းသပ္ေနတာပါ။ အေပၚမွာ ရွင္းျပခဲ့တဲ့အတိုင္း အခက္ခဲေတြရွိေနတာမလို႔ လက္ေတြ႕က်က် မလုပ္ႏိုင္ေသးတာပဲ ရွိတာပါ။ ဒါကို Qualcomm က 5G Antenna ဆိုၿပီး 5G ကြန္ယက္စနစ္ ဘယ္လိုသုံးလို႔ရသလဲဆိုတာ စၿပီးလမ္းခင္းေပးလိုက္တဲ့သေဘာပါ။

Qualcomm 5G Concept

ဒီေနရာမွာ 5G Antenna ဆိုတာကို တီဗြီမွာလိုမ်ိဳး Tower တိုင္ရယ္၊ Antenna ရယ္ ဆိုၿပီးျဖည့္ေတြးၾကည့္လိုက္ပါ။ Qualcomm ဆိုလိုခ်င္တဲ့ သေဘာတရားဘယ္လိုလဲဆိုတာ ရိပ္မိၿပီထင္ပါတယ္။ ဒါဆိုရင္ Qualcomm ခ်ျပလိုက္တဲ့ နည္းပညာဆိုတာက mmWave Signal ဖမ္းဖို႔ X50 ဆိုတဲ့ 5G Modem ကို စမတ္ဖုန္းထဲ ထည့္ေပးလိုက္မွာပါ။ ဒါေတာင္ mmWave လို Signal မ်ိဳးက အရမ္းပဲႏုလြန္းတာမလို႔ Qualcomm က X50 Modem မွာ Antenna Array ၄ ခု ပါဝင္မယ္ေျပာထားလို႔ Antenna ေတြ ၁၆ ခုအထိေတာင္ရွိေနမွာပါ။ ဒါဆိုရင္ေတာ့ လိုင္းဆြဲအား စပယ္ရွယ္ေကာင္းေနမွာျဖစ္ၿပီး ဖုန္းကို ဘယ္လိုပဲ ကိုင္ထားကိုင္ထား Signal ကို သြားပိတ္ထားသလို ျဖစ္မေနေတာ့ပါဘူး။

Beam Forming Technology

အဲ့ဒီလို 5G Tower ကေနထုတ္လႊတ္လိုက္မယ့္ mmWave ေတြက Reflection ျပန္ႏိုင္ေသးတာေၾကာင့္ 5G Connection ကိုပိုၿပီး Strong ျဖစ္သြားေအာင္ X50 Modem မွာ Beam Forming နည္းပညာပါဝင္ေသးတယ္လို႔ ဆိုထားပါတယ္။ ဒီ Beam Forming ဆိုတာ Tower တိုင္နဲ႔ Antenna ေတြမွာ 5G လိုင္းေပ်ာက္မသြားေအာင္ တစ္ခုနဲ႔တစ္ခု အခ်ိတ္ဆက္မိမိ ႐ိုက္ခတ္ေပးေနမယ္ဆိုတာကို ေျပာခ်င္တာပါ။ အဲ့ဒီလို Signal မျပတ္ ဖမ္းယူထားႏိုင္မယ့္ အားသာခ်က္က 5G ကြန္ယက္မွာ 20Gbps ေရာက္သြားတဲ့အထိ လိုင္းဆြဲအား အရမ္းေကာင္းသြားေစမွာမလို႔ပါ။ ဒါဆိုရင္ ဒဂၤါးျပားေစ့ေလာက္ပဲ အ႐ြယ္စားရွိတဲ့ 5G Modem ေလးဟာ အခုခ်ိန္မွာ မိုဘိုင္းအင္တာနက္စနစ္ရဲ႕ ခြန္အားသစ္ျဖစ္လာခဲ့ၿပီလို႔ ေျပာလို႔ရပါတယ္။

As tiny as the size of penny a piece

Qualcomm က 5G Antenna နည္းပညာခ်ျပလိုက္ၿပီဆိုေတာ့ 5G သုံးလို႔ရမယ့္ Mobile Network ရွိေနဖို႔ပဲ လိုပါေတာ့တယ္။ 5G Modem ကို ၂၀၁၉ အေစာပိုင္းမွာစသုံးမယ္လို႔ ေျပာထားလို႔ ကမာၻတဝွမ္းက Mobile Operator ၁၈ ဦးဟာလည္း Qualcomm ရဲ႕ 5G စနစ္ကို စမ္းသပ္ေပးသြားေတာ့မွာပါ။ ဒီ အစီအစဥ္မွာ စမတ္ဖုန္းထုတ္လုပ္သူေတြ ပါဝင္ေနၿပီျဖစ္သလို 5G ဆိုတဲ့ အနာဂတ္အိမ္မက္က သိပ္မၾကာခင္ ကြၽန္ေတာ္တို႔လက္ထဲေရာက္လာေတာ့မွာလို႔ ေျပာလို႔ရပါတယ္။

2B (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

5G ဆိုတဲ့ ကွန်ယက်စနစ်မှာ ဆရာတစ်ဆူဖြစ်လာခဲ့တဲ့ Qualcomm

5G ဆိုတဲ့ မိုဘိုင်းကွန်ယက်စနစ်ကို Huawei နဲ့ LG တို့လို ကုမ္ပဏီတွေ စမ်းသပ်နေတာ ဆိုပေမယ့် တစ်ခန်းရပ်ပြဇာတ်လို ပေါ်လိုက်ပျောက်လိုက်နဲ့ အခုချိန်ထိ ရုပ်လုံးပေါ်မလာသေးတာ အမှန်ပါ။ 5G ဆိုတာ ဘာမှန်းမသိသေးတာတစ်ပိုင်း သူတို့လုပ်လိုက်လို့ ဘာများ ထူးခြားလာမလဲလို့ လူတွေ စိတ်ဝင်တစားဖြစ်နေတဲ့အချိန် Qualcomm ကတော့ မြန်သထက်မြန်လှပါတယ်ဆိုတဲ့ 4G ကွန်ယက်စနစ်ကို အဆင့်ကျော်ဖို့ 5G Antenna ဆိုပြီး မိတ်ဆက်လိုက်ပါပြီ။

5G is Here

အဲ့ဒီတော့ 5G အကြောင်းမပြောသေးခင် 5G Antenna ဆိုတာ အရင်ပြောပါ့မယ်။ အရင် CRT လို တီဗွီကြီးတွေ ခေတ်ကောင်းခဲ့တဲ့အချိန်တုန်းက VHF နဲ့ UHF ဆိုပြီး ရုပ်သံလိုင်းတွေဖမ်းပေးဖို့ Antenna တိုင်လေးတွေ တပ်သုံးခဲ့တာ မှတ်မိကြဦးမှာပါ။ ဘာလို့ အဲ့လို Antenna မျိုးပါလာရတာလဲဆိုရင် VHF (Very High Frequency) Channel နဲ့ ဖမ်းလို့ရတဲ့ ရုပ်သံလိုင်းတွေက အသံကြည်ပိုပြီး၊ ရုပ်ထွက်လဲပိုကောင်းတာမလို့ပါ။ အဲ့ဒါဘာလို့လဲဆိုရင် VHF နဲ့ UHF တို့မှာ Millimeter (mm) လောက်ပဲရှိတဲ့ Signal ပါဝင်တာကြောင့် Tower တိုင်နဲ့ နီးလေလေ လိုင်းဆွဲအား အရမ်းကောင်းလေလေဖြစ်တာမလို့ပါ။

Qualcomm’s 5G Antenna

ဒီလိုမျိုး TV Signal သဘောတရားကို Wi-fi လို Hot Spot လွှင့်တဲ့အခါမျိုးမှာ နမူနာယူထားပါသေးတယ်။ ဒါပေမယ့် VHF နဲ့ UHF လို Signal တွေကို အချိန်ကုန်ခံ ထုတ်လွှင့်နေမယ့်အစား အလုပ်ရှုပ်သက်သာစေမယ့် mmWave ဆိုပြီး ပြောင်းသုံးလိုက်တာပါ။ ဒါဆိုရင် သတိထားမိတဲ့ အချက်တချက်ရှိမယ်ထင်ပါတယ်။ အဲ့ဒါက ရုပ်ရှင်ကြည့်လို့ ပွဲကောင်းနေတုန်း မိုးရွာလာတာပဲဖြစ်ဖြစ်၊ လေပြင်းကျလာတို့ပဲဖြစ်ဖြစ် တီဗွီကြီး ထထစ်သွားတာ၊ ရုတ်တရက် Screen ကြီး ပြာသွားတာမျိုး ကြုံဖူးကြမှာပါ။ အဲ့လိုမျိုး ရပ်ကွက်ထဲ မီးမလာလို့ Tower တိုင်ကြီး လစ်နေတဲ့အချိန်မျိုးဆိုရင် ကိုယ့်တီဗွီနဲ့ ဘယ်လိုမှ ဖမ်းမမိတော့တာမျိုးလည်း ဖြစ်ဖူးကြမှာပါ။ အဲ့သလိုဖြစ်နေတာ ဘာကြောင့်လဲဆိုရင် VHF နဲ့ UHF တို့လို Signal မျိုးတွေဟာ ကြိမ်နှုန်းကြဲတဲ့ ရေဒီယိုလှိုင်းတွေလောက် အဝေးကြီးကို မရောက်နိုင်လို့ပါ။ အဲ့ဒါထက် VHF လိုလှိုင်းမျိုးဟာ ကြိမ်နှုန်းစိပ်ပြီး တိုတောင်းတဲ့အလျောက် အရည်သွေးအရမ်းကောင်းသလို အင်မတန်လည်း နုတဲ့ပင်ပျိုရွက်နုလေးတွေလိုပါပဲ။ လေထုထဲရောက်လို့ မိုးရွာနေမယ်၊ လေပြင်းကျနေမယ်ဆိုရင် အဲ့ဒီ VHF နဲ့ UHF လို လိုင်းမျိုးဟာ Tower တိုင်က တစ်ထွာလောက်ထွက်တာနဲ့ ဂွမ်းသွားတာမလို့ပါ။

VHF Signal Presentation

အဲ့ဒီတော့ ပြောချင်တာက mmWave ဆိုတာလည်း အခုလိုမျိုး အားနည်းချက်ရှိတယ်ဆိုတာကိုပါ။ ဒါကြောင့် Wi-fi လွှင့်ထားတဲ့နေရာမျိုးမှာ သတ်မှတ်ထားတဲ့ နေရာကိုကျော်လွန်သွားရင် ဖမ်းမမိတော့သလို ရာသီဥတုဒဏ် ရှောင်ရှားဖို့ Fiber လို ကွန်ယက်စနစ်သုံးလာကြတာပါ။ ဒီလို mmWave ဆိုတဲ့ နည်းပညာကို Qualcomm တစ်ယောက်ပဲ သုံးနေတာလားဆိုတော့ မဟုတ်ပါဘူး။ သူ့လိုမျိုး စမ်းသပ်နေကြတဲ့ သုတေသီတွေပါဝင်နေသလို Huawei လို ကုမ္ပဏီမျိုးက 5G ကွန်ယက်စနစ်ကို အခုလို mmWave နည်းပညာနဲ့ စမ်းသပ်နေတာပါ။ အပေါ်မှာ ရှင်းပြခဲ့တဲ့အတိုင်း အခက်ခဲတွေရှိနေတာမလို့ လက်တွေ့ကျကျ မလုပ်နိုင်သေးတာပဲ ရှိတာပါ။ ဒါကို Qualcomm က 5G Antenna ဆိုပြီး 5G ကွန်ယက်စနစ် ဘယ်လိုသုံးလို့ရသလဲဆိုတာ စပြီးလမ်းခင်းပေးလိုက်တဲ့သဘောပါ။

Qualcomm 5G Concept

ဒီနေရာမှာ 5G Antenna ဆိုတာကို တီဗွီမှာလိုမျိုး Tower တိုင်ရယ်၊ Antenna ရယ် ဆိုပြီးဖြည့်တွေးကြည့်လိုက်ပါ။ Qualcomm ဆိုလိုချင်တဲ့ သဘောတရားဘယ်လိုလဲဆိုတာ ရိပ်မိပြီထင်ပါတယ်။ ဒါဆိုရင် Qualcomm ချပြလိုက်တဲ့ နည်းပညာဆိုတာက mmWave Signal ဖမ်းဖို့ X50 ဆိုတဲ့ 5G Modem ကို စမတ်ဖုန်းထဲ ထည့်ပေးလိုက်မှာပါ။ ဒါတောင် mmWave လို Signal မျိုးက အရမ်းပဲနုလွန်းတာမလို့ Qualcomm က X50 Modem မှာ Antenna Array ၄ ခု ပါဝင်မယ်ပြောထားလို့ Antenna တွေ ၁၆ ခုအထိတောင်ရှိနေမှာပါ။ ဒါဆိုရင်တော့ လိုင်းဆွဲအား စပယ်ရှယ်ကောင်းနေမှာဖြစ်ပြီး ဖုန်းကို ဘယ်လိုပဲ ကိုင်ထားကိုင်ထား Signal ကို သွားပိတ်ထားသလို ဖြစ်မနေတော့ပါဘူး။

Beam Forming Technology

အဲ့ဒီလို 5G Tower ကနေထုတ်လွှတ်လိုက်မယ့် mmWave တွေက Reflection ပြန်နိုင်သေးတာကြောင့် 5G Connection ကိုပိုပြီး Strong ဖြစ်သွားအောင် X50 Modem မှာ Beam Forming နည်းပညာပါဝင်သေးတယ်လို့ ဆိုထားပါတယ်။ ဒီ Beam Forming ဆိုတာ Tower တိုင်နဲ့ Antenna တွေမှာ 5G လိုင်းပျောက်မသွားအောင် တစ်ခုနဲ့တစ်ခု အချိတ်ဆက်မိမိ ရိုက်ခတ်ပေးနေမယ်ဆိုတာကို ပြောချင်တာပါ။ အဲ့ဒီလို Signal မပြတ် ဖမ်းယူထားနိုင်မယ့် အားသာချက်က 5G ကွန်ယက်မှာ 20Gbps ရောက်သွားတဲ့အထိ လိုင်းဆွဲအား အရမ်းကောင်းသွားစေမှာမလို့ပါ။ ဒါဆိုရင် ဒင်္ဂါးပြားစေ့လောက်ပဲ အရွယ်စားရှိတဲ့ 5G Modem လေးဟာ အခုချိန်မှာ မိုဘိုင်းအင်တာနက်စနစ်ရဲ့ ခွန်အားသစ်ဖြစ်လာခဲ့ပြီလို့ ပြောလို့ရပါတယ်။

As tiny as the size of penny a piece

Qualcomm က 5G Antenna နည်းပညာချပြလိုက်ပြီဆိုတော့ 5G သုံးလို့ရမယ့် Mobile Network ရှိနေဖို့ပဲ လိုပါတော့တယ်။ 5G Modem ကို ၂၀၁၉ အစောပိုင်းမှာစသုံးမယ်လို့ ပြောထားလို့ ကမ္ဘာတဝှမ်းက Mobile Operator ၁၈ ဦးဟာလည်း Qualcomm ရဲ့ 5G စနစ်ကို စမ်းသပ်ပေးသွားတော့မှာပါ။ ဒီ အစီအစဥ်မှာ စမတ်ဖုန်းထုတ်လုပ်သူတွေ ပါဝင်နေပြီဖြစ်သလို 5G ဆိုတဲ့ အနာဂတ်အိမ်မက်က သိပ်မကြာခင် ကျွန်တော်တို့လက်ထဲရောက်လာတော့မှာလို့ ပြောလို့ရပါတယ်။

2B (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။