
Snapdragon Processor


Snapdragon Processor


Qualcomm X50 Modem


Ref : GSMAreana

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Qualcomm ကနေ ထုတ်လုပ်နေတဲ့ Snapdragon Processor တွေဆိုတာ လက်ရှိ စမတ်ဖုန်းတွေအများအပြားမှာ အသုံးပြုနေပြီး စွမ်းဆောင်ရည်ပိုင်းအရလည်း အကောင်းဆုံးသော Processor တွေလို့တောင် သတ်မှတ်လို့ရပါတယ်။ အခုအချိန်မှာလည်း Qualcomm ကနေ နောက်ထပ်ထွက်ရှိလာမယ့် Snapdragon Processor နဲ့ ပတ်သတ်ပြီး သတင်းတစ်ခုကို အတည်ပြုပေးလိုက်ပါတယ်။

Snapdragon Processor

အခုအတည်ပြုချက်ကတော့ Qualcomm ကနေ နောက်ထပ် ထုတ်လုပ်လာမယ့် Snapdragon Processor ဟာ 7nm Architecture ကို အခြေခံပြီး ထုတ်လုပ်သွားမယ်လို့ ပြောကြားခဲ့တာပဲဖြစ်ပါတယ်။ Qualcomm အနေနဲ့တော့ အဆိုပါ Processor နာမည်ကို အတည်ပြုပေးခဲ့ခြင်းမရှိပေမယ့် လက်ရှိအချိန်မှာ Snapdragon 845 Processor ကို ထုတ်ထားတဲ့အတွက် ယခု 7nm Architecture နဲ့ Snapdragon Processor ကို Snapdragon 855 လို့ ခေါ်ဆိုလာနိုင်ဖွယ်ရှိပါတယ်။

Snapdragon Processor

Qualcomm ရဲ့ အခု 7nm Architecture Processor အသစ်ကို TSMC ကနေပဲ ထုတ်လုပ်သွားမှာဖြစ်ပြီး လက်ရှိအချိန်မှာတောင် အနည်းငယ်ထုတ်လုပ်ထားပြီးဖြစ်ပြီး Qualcomm ရဲ့ အခု Processor အသစ်ကို အသုံးပြုလာမယ့် ကုမ္ပဏီတွေလည်း နမူနာ Processor တွေကို ရရှိပြီးဖြစ်တယ်လို့ သိရပါတယ်။ အခု Qualcomm Snapdragon 855 Processor ဟာ 5G Modem ဖြစ်တဲ့ X50 Modem နဲ့အတူ X24 Modem တွေကိုလည်း အခြေခံပြီးထုတ်လုပ်လာမှာဖြစ်တဲ့အတွက် ပထမဆုံးသော 5G Support ပြုလုပ်တဲ့ Processor တစ်ခုဖြစ်လာနိုင်ဖွယ်ရှိပါတယ်။

Qualcomm X50 Modem

Qualcomm ရဲ့ Snapdragon 855 Processor ဟာ လက်ရှိ 845 Processor ထက် ပိုပြီး စွမ်းဆောင်ရည်ကောင်းမွန်လာမှာဖြစ်တဲ့အပြင် Battery ပိုခံမှာဖြစ်ပြီး AI Processing စနစ်တွေလည်း ပိုမိုပါဝင်လာဖွယ်ရှိနေပါတယ်။ အခု Snapdragon 855 သုံးထားတဲ့စမတ်ဖုန်းတွေကိုတော့ လာမယ့် ၂၀၁၉ ခုနှစ်အစောပိုင်းမှာ တွေ့လာနိုင်ဖွယ်ရှိနေပါတယ်။

Ref : GSMAreana

Zawyè (Akhayar) 

www.akhayar.com