Qualcomm ကေန အခုရက္သတၱပတ္ေတြမွာ Processor ေတြအမ်ားအျပားကို ထုတ္လုပ္ေနတယ္လုိ႔ ေျပာလို႔ရပါတယ္။ တေလာကပဲ Entry Level စမတ္ဖုန္းေတြအတြက္ Snapdragon 632 ၊ 439 နဲ႔ 429 Chipset ေတြကို ထုတ္ေပးခဲ့ျပီး Wearable ေတြအတြက္လည္း Snapdragon 2500 Processor ကို ထုတ္ျပခဲ့တာပျဲဖစ္ပါတယ္။

Qualcomm QCC3026

အခုအခ်ိန္မွာလည္း Qualcomm ကေန စမတ္ဖုန္းနဲ႔ Wearables Processor ေတြမဟုတ္ဘဲ Bluetooth Audio Wireless Headsets ေတြအတြက္ QCC3026 လုိ႔နာမည္ေပးထားတဲ့ Bluetooth Audio SoC ကို မိတ္ဆက္ခဲ့ပါတယ္။ အခု SoC ကို လက္ရွိ OPPO ကေန တရုတ္ႏုိင္ငံမွာ Find X စမတ္ဖုန္းနဲ႔အတူ မိတ္ဆက္ခဲ့တဲ့ O-Free Wireless Earphones မွာ စတင္သံုးစြဲလာခဲ့တာပဲျဖစ္ပါတယ္။

OPPO Find X & O-Free Earphones

အခု Qualcomm ရဲ႕ Audio Chip က အလယ္အလတ္တန္းစား Wireless Headsets ေတြအတြက္ ရည္ရြယ္တာျဖစ္ျပီးေတာ့ TrueWireless Stereo ကို Support ျပဳလုပ္မယ့္အျပင္ ပံုမွန္ Headsets ေတြနဲ႔ ယွဥ္ရင္ ပါဝါစားသံုးမႈက ၅၀ ရာခုိင္ႏႈန္းပိုျပီး သက္သာမွာျဖစ္ပါတယ္။ လက္ရွိ OPPO O-Free Wireless Earphones ကလည္း တခါအားသြင္းထားရင္ ၄ နာရီအသံုးျပဳလုိ႔ရတဲ့အတြက္ ဒါက မွန္ကန္တယ္လုိ႔ ေျပာရမွာပါ။

Qualcomm QCC3026

ဘာပဲျဖစ္ျဖစ္ Qualcomm ဟာ အခုလုိမ်ိဳး Bluetooth Audio ပိုင္းအတြက္ Audio SoC ကိုပါ ထုတ္လုပ္ေပးလုိက္တဲ့အတြက္ လာမယ့္ ၂၀၁၈ ဒုတိယႏွစ္ဝက္မွာ အခု SoC ကို အသံုးျပဳထားတဲ့ TrueWireless Bluetooth Earphones ေတြကို ျမင္လာရမယ္လုိ႔ ယူဆရပါတယ္။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Qualcomm ကနေ အခုရက်သတ္တပတ်တွေမှာ Processor တွေအများအပြားကို ထုတ်လုပ်နေတယ်လို့ ပြောလို့ရပါတယ်။ တလောကပဲ Entry Level စမတ်ဖုန်းတွေအတွက် Snapdragon 632 ၊ 439 နဲ့ 429 Chipset တွေကို ထုတ်ပေးခဲ့ပြီး Wearable တွေအတွက်လည်း Snapdragon 2500 Processor ကို ထုတ်ပြခဲ့တာပြဲဖစ်ပါတယ်။

Qualcomm QCC3026

အခုအချိန်မှာလည်း Qualcomm ကနေ စမတ်ဖုန်းနဲ့ Wearables Processor တွေမဟုတ်ဘဲ Bluetooth Audio Wireless Headsets တွေအတွက် QCC3026 လို့နာမည်ပေးထားတဲ့ Bluetooth Audio SoC ကို မိတ်ဆက်ခဲ့ပါတယ်။ အခု SoC ကို လက်ရှိ OPPO ကနေ တရုတ်နိုင်ငံမှာ Find X စမတ်ဖုန်းနဲ့အတူ မိတ်ဆက်ခဲ့တဲ့ O-Free Wireless Earphones မှာ စတင်သုံးစွဲလာခဲ့တာပဲဖြစ်ပါတယ်။

OPPO Find X & O-Free Earphones

အခု Qualcomm ရဲ့ Audio Chip က အလယ်အလတ်တန်းစား Wireless Headsets တွေအတွက် ရည်ရွယ်တာဖြစ်ပြီးတော့ TrueWireless Stereo ကို Support ပြုလုပ်မယ့်အပြင် ပုံမှန် Headsets တွေနဲ့ ယှဉ်ရင် ပါဝါစားသုံးမှုက ၅၀ ရာခိုင်နှုန်းပိုပြီး သက်သာမှာဖြစ်ပါတယ်။ လက်ရှိ OPPO O-Free Wireless Earphones ကလည်း တခါအားသွင်းထားရင် ၄ နာရီအသုံးပြုလို့ရတဲ့အတွက် ဒါက မှန်ကန်တယ်လို့ ပြောရမှာပါ။

Qualcomm QCC3026

ဘာပဲဖြစ်ဖြစ် Qualcomm ဟာ အခုလိုမျိုး Bluetooth Audio ပိုင်းအတွက် Audio SoC ကိုပါ ထုတ်လုပ်ပေးလိုက်တဲ့အတွက် လာမယ့် ၂၀၁၈ ဒုတိယနှစ်ဝက်မှာ အခု SoC ကို အသုံးပြုထားတဲ့ TrueWireless Bluetooth Earphones တွေကို မြင်လာရမယ်လို့ ယူဆရပါတယ်။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com