ဒီကနေ့ ထွက်ပေါ်လာတဲ့ သတင်းတပုဒ်ကတော့ Apple အတွက် Fair မဖြစ်ဘူးလို့ထင်ပါတယ်။ Taiwan Electronic Times စာမျက်နှာ်မှာ တက်လာတာပြောရမယ်ဆိုရင် Apple အတွက် 5G Modem Supplier မရှိသလောက်ကို နည်းသွားပြီဖြစ်ပါတယ်။

Apple iPhone X (Internet)

လက်ရှိ 5G ကွန်ယက်စနစ်ကို Demonstrate လုပ်နိုင်သူက Qualcomm ၊ Samsung ပြီးသွားရင် Huawei ပဲကျန်ပါတယ်။ ဒါပေမယ့် တရုတ် OEM ကြီးက အမေရိကန်နဲ့ ရန်ဖြစ်နေရသလို Apple ဆိုရင် မျက်နှာသာ မပေးချင်တဲ့ အနေထားဖြစ်နေတာဆိုတော့ 5G Modem ထောက်ပံ့မယ်သူ မရှိသလောက် ဖြစ်နေပါပြီ။

Image Qualcomm

Qualcomm အနေနဲ့လည်း မူပိုင်ခွင့်ညှိထားတော့ မရောင်းတာ မဆန်းပါဘူး။ Samsung ရဲ့ Exynos 5100 5G Modem ဟာ အရေတွက် အကန့်သတ်ဖြင့်သာ ထုတ်လုပ်ထားတာဖြစ်လို့ လတ်တလော အခြေနေအရ Apple ကို မထောက်ပံ့နိုင်ဘူးဆိုပါတယ်။ ဒါပေမယ့်လည်း ဖောက်သည်ကြီးဖြစ်နေတာဆိုတော့ Mass Production ထုတ်ပေးမယ်ဆိုရင် အခြေနေတမျိုးပြောင်းသွားနိုင်ပါတယ်။

ဒီလိုဖြစ်လာမယ်လို့ အတည်တကျ မပြောနိုင်သေးသလို 5G Supplier ထဲမှာ လက်ညှိးထိုးပြစရာ MediaTek တော့ရှိပါတယ်။ အရင်တခါ ဆောင်းပါးမှာတုန်းက Helio 5G Modem သုံးလာနိုင်တယ်လို့ ဖော်ပြခဲ့ဖူးပေမယ့် UBS Analyst “Timothy Arcuri” အဆိုရ MediaTek ဟာ Apple Standard မပြည့်မီဘူး၊ ဒီအတိုင်းဆိုရင် Samsung 5G ကို Apple သုံးလာနိုင်ပါတယ်။

Image Samsung

ဒါပေမယ့်လည်း အခုထွက်လာတဲ့သတင်းအရ 5G iPhone Plan ကို ၂၀၂၁ အထိ လျာထားလိုက်ပြီဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေ အဆိုရပြောရရင် Intel Modem နဲ့ပဲ ၂ ပါးသွားရဖွယ်ရှိပြီး Roadmap အတိုင်း Intel 5G ကို ၂၀၂၀ လောက်မှ Demonstrate လုပ်နိုင်မှာဖြစ်ပါတယ်။

Image Apple

အခုလို 5G ဖက် ကူးလူးနေချိန် Apple ကတော့ 4G မော်ဒယ်အသစ်တွေပဲ မိတ်ဆက်လာမှာဖြစ်ပြီး လက်ရှိအနေထားအရ Apple Stock ဟာ ၁၀ ရာခိုင်နှုန်းမြင့်တက်နေတယ်။ ဒါကို ထောက်ချင့်ပြီး US Carrier တွေ 5G ချပြနေပြီထားဦးတော့ ၂၀၁၉ မှာ 4G iPhone အသစ် မိတ်ဆက်လာရင်တောင် ဝယ်လိုအား မပြောင်းလဲပဲ ရှိနေမယ်လို့ သိရပါတယ်။

Apple Product တွေနဲ့ ပတ်သက်လို့ အရည်သွေးကောင်းတာလိုချင်ရင် iSure ကို လေ့လာဖို့လည်း မမေ့နဲ့ဦးနော်၊ iPhone မှန်ကွဲသွားလို့ ပြင်ချင်တယ်ဆိုရင် Yangon နဲ့ Mandalay ရဲ့ ဘယ်နေရာမှာမဆို အိမ်တိုင်ရာရောက် ပြုပြင်ပေးမယ့် Home Service လည်းရှိနေပါပြီ။

Source: GSMArena
2B (Akhayar)