ယခင္ႏွစ္နဲ႔မတူတဲ့ပံုစံေတြျပသသြားမယ့္ ျပင္ဦးလြင္ပန္းပြဲေတာ္ႀကီးနီးလာၿပီ

Flower Festival

[Zawgyi]

ယခင္ႏွစ္နဲ႔မတူတဲ့ပံုစံေတြျပသသြားမယ့္ ျပင္ဦးလြင္ပန္းပြဲေတာ္ႀကီးနီးလာၿပီ

 

ျပင္ဦးလြင္ပန္းပြဲေတာ္ကို ဒီဇင္ဘာလထဲမွာ က်င္းပျပဳလုပ္သြားမွာျဖစ္ၿပီး ခါတိုင္းႏွစ္နဲ႔မတူတဲ့ ထူးထူးျခားျခားအစီအစဥ္ေတြပါဝင္မယ္လို႔ သိရပါတယ္။

Oktoberfest
Oktoberfest

“ဒီဇင္ဘာ၁၅ရက္လုပ္မယ္လို႔ေတာ့ ေလာေလာဆယ္သတ္မွတ္ထားၾကတယ္။ မႏွစ္ကလံုးဝမပါခဲ့တဲ့ ဒီႏွစ္မွာအသစ္ထပ္လုပ္မယ့္ အစီအစဥ္ေလးေတြရွိေနပါတယ္။ ဝင္ေၾကးကေတာ့ ေျပာင္းလဲေကာက္ခံတာေတြ လုပ္မွာမဟုတ္ပါဘူး” လို႔ အမ်ဳိးသားကန္ေတာ္ႀကီးဥယ်ာဥ္ ျပင္ဦးလြင္ရံုးအဖြဲ႕က တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

ပန္းပြဲေတာ္အတြက္ ပန္းအလွဆင္မႈေတြကိုေတာ့ ဒီဇင္ဘာလထဲမွာပဲ လုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။

၂၀၁၆ခုႏွစ္တုန္းကေတာ့ ပန္းပြဲေတာ္ကို ဒီဇင္ဘာလ ၁၅ ရက္က ၂၀၁၇ ဇန္နဝါရီ ၁၅ ရက္အထိ က်င္းပခဲ့ၿပီးေတာ႔ အမ်ဳိးသားကန္ေတာ္ႀကီးဥယ်ာဥ္နဲ႔ ကပ္ရပ္ရွိေနတဲ့ အမ်ဳိးသားအထိမ္းအမွတ္ဥယ်ာဥ္ရဲ႕ ၁၀ ႏွစ္ျပည့္ပြဲေတာ္ႀကီးကိုလည္း က်င္းပခဲ့ပါတယ္။ ဓါတ္ပံုၿပိဳင္ပြဲ၊ နာမည္ႀကီးအဆိုေတာ္ေတြပါဝင္တဲ့ ဂီတေဖ်ာ္ေျဖပြဲကိုလည္း က်င္းပျပဳလုပ္ခဲ့ပါတယ္။

လက္ရွိမွာေတာ့ ပန္းပြဲေတာ္က်င္းပႏိုင္ေရးအတြက္ သစ္ေတာဌာနနဲ႔ညွိႏႈိင္းေနၿပီးေတာ့ ပန္းပြဲေတာ္နဲ႔ ပတ္သက္တဲ့အေၾကာင္းအရာေတြကို ေအာက္တိုဘာလ၁၅ရက္ကစၿပီး ကန္ေတာ္ႀကီးအမ်ဳိးသားဥယ်ာဥ္ရဲ႕ တရားဝင္ေဖ့ဘြတ္စာမ်က္ႏွာမွာ ေဖာ္ျပေပးသြားမယ္လို႔ သိရပါတယ္။

ျပင္ဦးလြင္ပန္းပဲြေတာ္ကေတာ့ ပန္းေရာင္စံုေတြျခယ္မွဳန္းၿပီး လွပေနတဲ့အတြက္ေၾကာင့္ အနယ္နယ္ အရပ္ရပ္ကေန လာေရာက္လည္ပတ္ၾကၿပီးေတာ့ ျပည္တြင္းခရီးသြားေတြသာမက ျပည္ပခရီးသြားဧည့္သည္ေတြပါ စိတ္ဝင္စားၾကတဲ့ ပြဲေတာ္တစ္ခုပဲျဖစ္ပါတယ္။

ျပသထားတဲ့ ပန္းေရာင္စံုေတြကလည္း လွပေနတာမို႕ ဖြင့္ပြဲကိုပဲသတ္မွတ္ထားၿပီး တစ္လေလာက္ထိ ပြဲေတာ္ကာလကုိ သတ္မွတ္ခဲ့ၾကတယ္လို႔ သိရပါတယ္။

ေတာင္ေပၚလမ္းအေကြ႕အေကာက္ေပၚမွာရွိတဲ့ ေတာင္ေပၚၿမိဳ႕ေလးနဲ႔ ေအးခ်မ္းတဲ့ရာသီဥတုေၾကာင့္ ေက်ာ္ၾကားလွတဲ့ျပင္ဦးလြင္ရဲ႕ပန္းပြဲေတာ္ကို သြားေရာက္ဆင္ႏႊဲႏိုင္ဖို႔အတြက္ တင္ျပလိုက္ရပါတယ္။

www.akhayar.com

[Unicode]

ယခင်နှစ်နဲ့မတူတဲ့ပုံစံတွေပြသသွားမယ့် ပြင်ဦးလွင်ပန်းပွဲတော်ကြီးနီးလာပြီ

ပြင်ဦးလွင်ပန်းပွဲတော်ကို ဒီဇင်ဘာလထဲမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ခါတိုင်းနှစ်နဲ့မတူတဲ့ ထူးထူးခြားခြားအစီအစဉ်တွေပါဝင်မယ်လို့ သိရပါတယ်။

Oktoberfest
Oktoberfest

“ဒီဇင်ဘာ၁၅ရက်လုပ်မယ်လို့တော့ လောလောဆယ်သတ်မှတ်ထားကြတယ်။ မနှစ်ကလုံးဝမပါခဲ့တဲ့ ဒီနှစ်မှာအသစ်ထပ်လုပ်မယ့် အစီအစဉ်လေးတွေရှိနေပါတယ်။ ဝင်ကြေးကတော့ ပြောင်းလဲကောက်ခံတာတွေ လုပ်မှာမဟုတ်ပါဘူး” လို့ အမျိုးသားကန်တော်ကြီးဥယျာဉ် ပြင်ဦးလွင်ရုံးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပန်းပွဲတော်အတွက် ပန်းအလှဆင်မှုတွေကိုတော့ ဒီဇင်ဘာလထဲမှာပဲ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

၂၀၁၆ခုနှစ်တုန်းကတော့ ပန်းပွဲတော်ကို ဒီဇင်ဘာလ ၁၅ ရက်က ၂၀၁၇ ဇန်နဝါရီ ၁၅ ရက်အထိ ကျင်းပခဲ့ပြီးတော့ အမျိုးသားကန်တော်ကြီးဥယျာဉ်နဲ့ ကပ်ရပ်ရှိနေတဲ့ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်ရဲ့ ၁၀ နှစ်ပြည့်ပွဲတော်ကြီးကိုလည်း ကျင်းပခဲ့ပါတယ်။ ဓါတ်ပုံပြိုင်ပွဲ၊ နာမည်ကြီးအဆိုတော်တွေပါဝင်တဲ့ ဂီတဖျော်ဖြေပွဲကိုလည်း ကျင်းပပြုလုပ်ခဲ့ပါတယ်။

လက်ရှိမှာတော့ ပန်းပွဲတော်ကျင်းပနိုင်ရေးအတွက် သစ်တောဌာနနဲ့ညှိနှိုင်းနေပြီးတော့ ပန်းပွဲတော်နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို အောက်တိုဘာလ၁၅ရက်ကစပြီး ကန်တော်ကြီးအမျိုးသားဥယျာဉ်ရဲ့ တရားဝင်ဖေ့ဘွတ်စာမျက်နှာမှာ ဖော်ပြပေးသွားမယ်လို့ သိရပါတယ်။

ပြင်ဦးလွင်ပန်းပွဲတော်ကတော့ ပန်းရောင်စုံတွေခြယ်မှုန်းပြီး လှပနေတဲ့အတွက်ကြောင့် အနယ်နယ် အရပ်ရပ်ကနေ လာရောက်လည်ပတ်ကြပြီးတော့ ပြည်တွင်းခရီးသွားတွေသာမက ပြည်ပခရီးသွားဧည့်သည်တွေပါ စိတ်ဝင်စားကြတဲ့ ပွဲတော်တစ်ခုပဲဖြစ်ပါတယ်။

ပြသထားတဲ့ ပန်းရောင်စုံတွေကလည်း လှပနေတာမို့ ဖွင့်ပွဲကိုပဲသတ်မှတ်ထားပြီး တစ်လလောက်ထိ ပွဲတော်ကာလကို သတ်မှတ်ခဲ့ကြတယ်လို့ သိရပါတယ်။

တောင်ပေါ်လမ်းအကွေ့အကောက်ပေါ်မှာရှိတဲ့ တောင်ပေါ်မြို့လေးနဲ့ အေးချမ်းတဲ့ရာသီဥတုကြောင့် ကျော်ကြားလှတဲ့ပြင်ဦးလွင်ရဲ့ပန်းပွဲတော်ကို သွားရောက်ဆင်နွှဲနိုင်ဖို့အတွက် တင်ပြလိုက်ရပါတယ်။

www.akhayar.com