[Zawgyi]






စိန်ထက် ၊ သုသု ၊ ဖိုးဓီ”







ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

ဖေဖေပြေတီဦးဆီကို အလည်လိုက်သွားကြတဲ့ သုသု နဲ့ ဖိုးဓီ

တောင်ကြီးမှာ ရုပ်ရှင်ကားကြီးရိုက်ကူးနေတဲ့ ဖေဖေပြေတီဦးဆီကို အလည်သွားတဲ့ သားသားနဲ့ မီးမီးလေး ရဲ့ပုံတွေကို အခုလိုတွေ့ရပါတယ်။ ဇာတ်ကားထဲမှာပါဝင်တဲ့ မင်းသမီးလေး ထက်ထက်ထွန်းနဲ့ အတူတူ တွဲပြီးရိုက်ထားတဲ့ သားသားနဲ့ မီးမီး တို့ ကလည်း အရမ်းကို ချစ်ဖို့ကောင်းနေကြပါတယ်။ အခုလိုသားသားနဲ့ မီးမီး တို့ ဓါတ်ပုံတွေကိုတော့ ထက်ထက်ထွန်း က အခုလိုတင်ထားတာဖြစ်ပါတယ်။

“တောင်ကြီးမြို့မှနောက်ဆုံး မနက်ခင်းလေးမှာ

ကမ္ဘာကျော် ဆယ်လီ နှစ်ယောက်နဲ့

တစ်ယောက်တစ်မျိုးစီလေးနဲ့ အသည်းတွေဖမ်းစားသွားရော

စိန်ထက် ၊ သုသု ၊ ဖိုးဓီ”

ဖေဖေပြေတီရှိတဲ့ တောင်ကြီးကို မေမေအူဝဲနဲ့အတူတူ လိုက်သွားကြတဲ့ ချစ်စရာသားသားနဲ့ မီးမီးပါ။

ချစ်စရာကောင်းတဲ့ ပြေတီဦးတို့ မိသားစု

မအူဝဲ ကတော့ ရောက်ရှိနေပေမယ့်လည်း ရိုက်ကွင်းကို လိုက်မလာသေးတဲ့ အတွက် နောက်ပိုင်းရက်တွေ မှာလည်း မိသားစု တွေနဲ့ Live လွှင့်သွားပေးဦးမယ်လို့ ပြေတီဦးကသူ့ရဲ့ Live မှာပြောခဲ့တာဖြစ်ပါတယ်။

ဇာတ်ကားထဲ က ချစ်စရာကောင်းတဲ့မင်းသမီးလေး နှစ်ယောက်

ဒီ ဇာတ်ကားမှာတော့ ပြေတီဦး ၊ ခန့်စည်သူ ၊ ထက်ထက်ထွန်း ၊ အိချောပို တို့ပါဝင်တာဖြစ်ပါတယ်။အခုရိုက်ကူးနေတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ကတော့ “သမက်ချဲလင်း” အမည်ရတယ်လို့လည်း သိရပါတယ်။

Photo Credit: Htet Htet Tun Facebook ၊ Pyay Ti Oo Facebook

ကြည်သာ (Akhayar)

www.akhayar.com