[Zawgyi]

သရုပ္ေဆာင္အိျႏၵာေက်ာ္ဇင္ကိုယ္စား ဝမ္းသာပီတိျဖစ္မိပါတယ္ဆိုတဲ့ ေျပတီဦး

သရုပ္ေဆာင္အိျႏၵာေက်ာ္ဇင္ ပါဝင္ထားၿပီး သူ႕ရဲ႕ သုျဒာထုတ္လုပ္ေရးကေနျပသမယ့္ Reflection(ေရာင္ျပန္)ရုပ္ရွင္ဇာတ္ကား ရဲ႕ Press Show ပြဲ မွာ သရုပ္ေဆာင္ေျပတီဦး က သူရဲ႕ အမ်ိဳးသမီးပင္ပင္ပန္းပန္းလုပ္ေဆာင္ထားတာေတြနဲ႕ ပတ္သတ္ၿပီး အခုလို သိုက္သိုက္ျမိဳက္ျမိဳက္ နဲ႕ ဒီေန႕ပြဲ ကို ေတြ႕ရတဲ့ အတြက္ ဝမ္းသာပီတိျဖစ္ရတာေတြကို ေျပာျပခဲ့ပါတယ္။

“ဒီပြဲ အတြက္ကို စီစဥ္ထားတာဆိုရင္ တစ္လေလာက္ရွိပါၿပီ ။ ညဘက္ေတြ ဆိုရင္လည္း (အူဝဲ) သူအိပ္မေပ်ာ္ပါဘူး စီစဥ္ရတာေတြကတအားမ်ားတာေၾကာင့္ ဒီပြဲေလးဒီေလာက္ေအာင္ေအာင္ျမင္ျမင္ျဖစ္တာကို သူ႕အစားအရမ္းဝမ္းသာပါတယ္ လို႕”ေျပတီဦးကေျပာပါတယ္။

Reflection ရုပ္ရွင္ဇာတ္ကားမိတ္ဆက္ျခင္း

Reflection ရုပ္ရွင္ဇာတ္ကားမိတ္ဆက္ျခင္းပြဲ

ေနာက္ထပ္သုျဒာထုတ္လုပ္ေရးကေန ရိုက္ကူးမယ့္ ဇာတ္ကားအေၾကာင္းကို လည္းေျပာျပခဲ့ပါေသးတယ္။

“ကြ်န္ေတာ္တို႕ သုျဒာထုတ္လုပ္ေရးကေန ေနာက္ထပ္ရိုက္မယ့္ကားမွာ သရုပ္ေဆာင္အသစ္ေတြေရာ ၊ သရုပ္ေဆာင္အေဟာင္းေတြေရာပါဝင္ရိုက္ကူးမွာျဖစ္ပါတယ္။ ဇာတ္ညႊန္းအပိုင္းကို ႀကိဳးစားၿပီးလုပ္ေနတာ ၆ လေလာက္ရွိၿပီ အခုအထိလည္း စိ္တ္တိုင္းမက်ေသးပါဘူး။ လုပ္ေနၾကတုန္းပါပဲ။ ပံုစံေလးမတူတာေလး ကြဲျပားတာေလးကို သပ္သပ္ရပ္ရပ္ကေလးနဲ႕ေတြ႕ရေအာင္လို႕ ႀကိဳးစားေနၾကပါတယ္။”

မိန္းမျဖစ္သူအတြက္ဝမ္းသာပီတိျဖစ္ေနတဲ့ သရုပ္ေဆာင္ေျပတီဦး

မိန္းမျဖစ္သူအတြက္ဝမ္းသာပီတိျဖစ္ေနတဲ့ သရုပ္ေဆာင္ေျပတီဦး

Reflection အေၾကာင္း

“အခု Reflection (ေရာင္ျပန္) ကေတာ့ ဖက္ရွင္နဲ႕အက္ရွင္ေပါ့ ။သဘာဝက်တယ္ ျဖစ္ရပ္မွန္ဆိုတာေတြထက္ကို အဓိကကမင္းသမီးေတြရဲ႕ဖက္ရွင္ေတြကို ပရိသတ္ကိုျပခ်င္တယ္ ေနာက္ၿပီးေတာ့ သူတို႕လုပ္မယ့္ အက္ရွင္ေလးေတြေပါ့ ဒါေတြပါဝင္မွာပါ”။

Reflection ဇာတ္ကား Press Show ကို ေတာ့ ဧၿပီလ ၅ ရက္ေန႕က သမၼတ ရုပ္ရွင္ရံု မွာ ျပဳလုပ္က်င္းပခဲ့တာျဖစ္ၿပီး ရုပ္ရွင္ကားကေတာ့ ျမန္မာနွစ္ဆန္းတစ္ရက္ေန႕ျဖစ္တဲ့ ဧၿပီလ ၁၇ ရက္ေန႕မွာ ရံုတင္ျပသသြားမွာပဲ ျဖစ္ပါတယ္။

ၾကည္သာ (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

သရုပ်ဆောင်အိန္ဒြာကျော်ဇင်ကိုယ်စား ဝမ်းသာပီတိဖြစ်မိပါတယ်ဆိုတဲ့ ပြေတီဦး

သရုပ်ဆောင်အိန္ဒြာကျော်ဇင် ပါဝင်ထားပြီး သူ့ရဲ့ သုဒြာထုတ်လုပ်ရေးကနေပြသမယ့် Reflection(ရောင်ပြန်)ရုပ်ရှင်ဇာတ်ကား ရဲ့ Press Show ပွဲ မှာ သရုပ်ဆောင်ပြေတီဦး က သူရဲ့ အမျိုးသမီးပင်ပင်ပန်းပန်းလုပ်ဆောင်ထားတာတွေနဲ့ ပတ်သတ်ပြီး အခုလို သိုက်သိုက်မြိုက်မြိုက် နဲ့ ဒီနေ့ပွဲ ကို တွေ့ရတဲ့ အတွက် ဝမ်းသာပီတိဖြစ်ရတာတွေကို ပြောပြခဲ့ပါတယ်။

“ဒီပွဲ အတွက်ကို စီစဉ်ထားတာဆိုရင် တစ်လလောက်ရှိပါပြီ ။ ညဘက်တွေ ဆိုရင်လည်း (အူဝဲ) သူအိပ်မပျော်ပါဘူး စီစဉ်ရတာတွေကတအားများတာကြောင့် ဒီပွဲလေးဒီလောက်အောင်အောင်မြင်မြင်ဖြစ်တာကို သူ့အစားအရမ်းဝမ်းသာပါတယ် လို့”ပြေတီဦးကပြောပါတယ်။

Reflection ရုပ်ရှင်ဇာတ်ကားမိတ်ဆက်ခြင်း

Reflection ရုပ်ရှင်ဇာတ်ကားမိတ်ဆက်ခြင်းပွဲ

နောက်ထပ်သုဒြာထုတ်လုပ်ရေးကနေ ရိုက်ကူးမယ့် ဇာတ်ကားအကြောင်းကို လည်းပြောပြခဲ့ပါသေးတယ်။

“ကျွန်တော်တို့ သုဒြာထုတ်လုပ်ရေးကနေ နောက်ထပ်ရိုက်မယ့်ကားမှာ သရုပ်ဆောင်အသစ်တွေရော ၊ သရုပ်ဆောင်အဟောင်းတွေရောပါဝင်ရိုက်ကူးမှာဖြစ်ပါတယ်။ ဇာတ်ညွှန်းအပိုင်းကို ကြိုးစားပြီးလုပ်နေတာ ၆ လလောက်ရှိပြီ အခုအထိလည်း စိတ်တိုင်းမကျသေးပါဘူး။ လုပ်နေကြတုန်းပါပဲ။ ပုံစံလေးမတူတာလေး ကွဲပြားတာလေးကို သပ်သပ်ရပ်ရပ်ကလေးနဲ့တွေ့ရအောင်လို့ ကြိုးစားနေကြပါတယ်။”

မိန်းမဖြစ်သူအတွက်ဝမ်းသာပီတိဖြစ်နေတဲ့ သရုပ်ဆောင်ပြေတီဦး

မိန်းမဖြစ်သူအတွက်ဝမ်းသာပီတိဖြစ်နေတဲ့ သရုပ်ဆောင်ပြေတီဦး

Reflection အကြောင်း

“အခု Reflection (ရောင်ပြန်) ကတော့ ဖက်ရှင်နဲ့အက်ရှင်ပေါ့ ။သဘာဝကျတယ် ဖြစ်ရပ်မှန်ဆိုတာတွေထက်ကို အဓိကကမင်းသမီးတွေရဲ့ဖက်ရှင်တွေကို ပရိသတ်ကိုပြချင်တယ် နောက်ပြီးတော့ သူတို့လုပ်မယ့် အက်ရှင်လေးတွေပေါ့ ဒါတွေပါဝင်မှာပါ”။

Reflection ဇာတ်ကား Press Show ကို တော့ ဧပြီလ ၅ ရက်နေ့က သမ္မတ ရုပ်ရှင်ရုံ မှာ ပြုလုပ်ကျင်းပခဲ့တာဖြစ်ပြီး ရုပ်ရှင်ကားကတော့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်တဲ့ ဧပြီလ ၁၇ ရက်နေ့မှာ ရုံတင်ပြသသွားမှာပဲ ဖြစ်ပါတယ်။

ကြည်သာ (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။