[Zawgyi]

အတာစားတယ္ဆုိတာ ဘယ္လုိဟာ

“မဟာသၾကၤန္” နဲ႔တြဲဖက္ၿပီးေတာ့ “အတာ” ဆုိတဲ့ေ၀ါဟာရနဲ႔“အတာစား “ဆုိတဲ့ ေ၀ါဟာရေတြကုိ ၾကားဖူးၾကပါတယ္။ “အတာ” ဆုိတဲ့အဓိပၸာယ္မွာ ေလာကီအလုိ ဒဏ္သင့္တာျဖစ္ပါတယ္။ ေနာက္တစ္မ်ိဳး “အႏၱ – အဆုံး End” ဆုိတဲ့  ပါဠိပုဒ္ကေန “အတာ” ျဖစ္လာတယ္လုိ႔ ယူဆၾကပါေသးတယ္။ ဒီအတုိင္းဆုိရေသာ္ “အတာ”ဆုိတာ ” ေနာက္ဆုံးကာလ၊ အက်ပုိင္းကာလ”ကုိ ဆုိလုိတဲ့သေဘာျဖစ္ပါတယ္။ “အတာရက္”ဆုိတာကလည္း ႏွစ္တႏွစ္၏ေနာက္ဆုံးရက္ျဖစ္တဲ့ သၾကၤန္အတက္ရက္ကုိ ဆုိလုိတာျဖစ္ပါတယ္။  သၾကၤန္အတက္ရက္နဲ႔ ေမြးေန႔တုိက္ဆုိင္သူေတြကုိ  “အတာသင့္” သင့္တယ္လုိ႔ သတ္မွတ္ၾကပါတယ္။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အေၾကာင္း အေသးစိတ္စုံစမ္းရန္

ဘယ္ေန႔မွာ အတာစား

မဟာသၾကၤန္အတက္ရက္သည္ ၁၃၇၉ခုႏွစ္​ ​ေႏွာင္​းကဆုန္​လဆန္​း၂ရက္​ ၊ ခရစ္​ႏွစ္​၂၀၁၈ခုႏွစ္​ဧၿပီလ ၁၆ရက္​ တနလၤာ​ေန႔ ျမန္​မာစံ​ေတာ္​ခ်ိန္​ မြန္​းလဲြည​ေန(၃)နာရီ (၁၃)မိနစ္​ (၄၇)စကၠန္​႔ျဖစ္ပါတယ္။ အတာသင့္တဲ့ တနလၤာသားသမီးေတြဟာ အတာတက္မယ့္ အခ်ိန္အတိအက်မွာ “အတာစား” ရပါတယ္။ “အတာစား” တယ္ဆုိတာကလည္း အတာတက္ခ်ိန္မွာ သန္႔သန္႔ရွင္းရွင္းဝတ္စားၿပီး အေရွ႕အရပ္ကုိ မ်က္ႏွာမူကာ ပူေဇာ္ရုိေသထုိက္သူေတြကုိ လွဴဖြယ္ပစၥည္းေတြနဲ႔ ဆက္ကပ္ပူေဇာ္ရတာ ျဖစ္ပါတယ္။ “ရတနာသုံးပါးကုိ လွဴဒါန္းပူေဇာ္ၾကသည့္ အတာစားသူမ်ားသည္ ေကာင္းက်ဳိးခ်မ္းသာ မဂၤလာတရား ျပန္႔ပြားတုိးတက္ျပည့္စုံကုန္ရာသည္” လုိ႔ ေဖာ္ျပထားပါတယ္။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အေၾကာင္း အေသးစိတ္စုံစမ္းရန္

ဘယ္လုိအက်ိဳးထူးေတြရ

ဘယ္လုိပဲျဖစ္ပါေစ၊ ဆရာသမားနဲ႔လူႀကီးမိဘေတြကုိ လုပ္ေကြ်းျပဳစုရတဲ့အတြက္ အက်ိဳးထူးတရားေတြ ျပည့္စုံေနမွာ ေသခ်ာပါတယ္။ မဂၤလသုတ္ေတာ္နဲ႔အညီ ရတနာသံုးပါး၊ မိဘဘုိးဘြားဆရာသမား၊ သူေတာ္ေကာင္းေတြကုိ ရုိေသတာေတြ၊ ေပးလွဴတာေတြဟာ ကုသုိလ္နဲ႔တြဲေနတဲ့ မဂၤလာတရားေတာ္ေတြ ျဖစ္တဲ့အတြက္ ျပဳသင့္ျပဳထုိက္ပါေၾကာင္း ေဖာ္ျပလုိက္ပါတယ္။

အကုိးအကား ။ အရွင္နႏၵ၀ံသ (ေဇယ်သုခ ဓမၼရိပ္သာ)

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

အတာစားတယ်ဆိုတာ ဘယ်လိုဟာ

“မဟာသင်္ကြန်” နဲ့တွဲဖက်ပြီးတော့ “အတာ” ဆိုတဲ့ဝေါဟာရနဲ့“အတာစား “ဆိုတဲ့ ဝေါဟာရတွေကို ကြားဖူးကြပါတယ်။ “အတာ” ဆိုတဲ့အဓိပ္ပာယ်မှာ လောကီအလို ဒဏ်သင့်တာဖြစ်ပါတယ်။ နောက်တစ်မျိုး “အန္တ – အဆုံး End” ဆိုတဲ့  ပါဠိပုဒ်ကနေ “အတာ” ဖြစ်လာတယ်လို့ ယူဆကြပါသေးတယ်။ ဒီအတိုင်းဆိုရသော် “အတာ”ဆိုတာ ” နောက်ဆုံးကာလ၊ အကျပိုင်းကာလ”ကို ဆိုလိုတဲ့သဘောဖြစ်ပါတယ်။ “အတာရက်”ဆိုတာကလည်း နှစ်တနှစ်၏နောက်ဆုံးရက်ဖြစ်တဲ့ သင်္ကြန်အတက်ရက်ကို ဆိုလိုတာဖြစ်ပါတယ်။  သင်္ကြန်အတက်ရက်နဲ့ မွေးနေ့တိုက်ဆိုင်သူတွေကို  “အတာသင့်” သင့်တယ်လို့ သတ်မှတ်ကြပါတယ်။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

ဘယ်နေ့မှာ အတာစား

မဟာသင်္ကြန်အတက်ရက်သည် ၁၃၇၉ခုနှစ် နှောင်းကဆုန်လဆန်း၂ရက် ၊ ခရစ်နှစ်၂၀၁၈ခုနှစ်ဧပြီလ ၁၆ရက် တနင်္လာနေ့ မြန်မာစံတော်ချိန် မွန်းလွဲညနေ(၃)နာရီ (၁၃)မိနစ် (၄၇)စက္ကန့်ဖြစ်ပါတယ်။ အတာသင့်တဲ့ တနင်္လာသားသမီးတွေဟာ အတာတက်မယ့် အချိန်အတိအကျမှာ “အတာစား” ရပါတယ်။ “အတာစား” တယ်ဆိုတာကလည်း အတာတက်ချိန်မှာ သန့်သန့်ရှင်းရှင်းဝတ်စားပြီး အရှေ့အရပ်ကို မျက်နှာမူကာ ပူဇော်ရိုသေထိုက်သူတွေကို လှူဖွယ်ပစ္စည်းတွေနဲ့ ဆက်ကပ်ပူဇော်ရတာ ဖြစ်ပါတယ်။ “ရတနာသုံးပါးကို လှူဒါန်းပူဇော်ကြသည့် အတာစားသူများသည် ကောင်းကျိုးချမ်းသာ မင်္ဂလာတရား ပြန့်ပွားတိုးတက်ပြည့်စုံကုန်ရာသည်” လို့ ဖော်ပြထားပါတယ်။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

ဘယ်လိုအကျိုးထူးတွေရ

ဘယ်လိုပဲဖြစ်ပါစေ၊ ဆရာသမားနဲ့လူကြီးမိဘတွေကို လုပ်ကျွေးပြုစုရတဲ့အတွက် အကျိုးထူးတရားတွေ ပြည့်စုံနေမှာ သေချာပါတယ်။ မင်္ဂလသုတ်တော်နဲ့အညီ ရတနာသုံးပါး၊ မိဘဘိုးဘွားဆရာသမား၊ သူတော်ကောင်းတွေကို ရိုသေတာတွေ၊ ပေးလှူတာတွေဟာ ကုသိုလ်နဲ့တွဲနေတဲ့ မင်္ဂလာတရားတော်တွေ ဖြစ်တဲ့အတွက် ပြုသင့်ပြုထိုက်ပါကြောင်း ဖော်ပြလိုက်ပါတယ်။

အကိုးအကား ။ အရှင်နန္ဒဝံသ (ဇေယျသုခ ဓမ္မရိပ်သာ)

ကျော်စိုးအောင် (အခရာ)

www.akhayar.com