PUBG လုိ႔ လူသိမ်ားတဲ့ PlayerUnknown’s Battlegrounds ဂိမ္းဟာ ကြန္ပ်ဴတာဂိမ္းေတြထဲမွာ လူၾကိဳက္မ်ားတဲ့ ဂိမ္းတစ္ခုျဖစ္ခဲ့ျပီးေတာ့ လက္ရွိအခ်ိန္မွာ Android နဲ႔ iOS Devices ေတြမွာပါ ေဆာ့ကစားလုိ႔ရေနျပီပဲျဖစ္ပါတယ္။

PUBG

အခုလုိမ်ိဳး Mobile Devices ေတြမွာပါ PUBG ဂိမ္းကို ေဆာ့ကစားႏုိင္ျပီျဖစ္တဲ့အတြက္ PUBG Corp Studio ကေန ယခင္တုန္းက PUBG ပံုစံမ်ိဳး ထုတ္လုပ္ထားတဲ့ Rules of Survival နဲ႔ Knives Out ဂိမ္းေတြကို ထုတ္လုပ္ခဲ့တဲ့ NetEase Games ကို တရားစြဲလုိက္ျပီပဲျဖစ္ပါတယ္။

အခုလုိမ်ိဳး PUBG က တရားစြဲလုိက္တဲ့ထဲမွာ မေဆာ့ခင္ Pre-play Area ၊ Game Locations ေတြ ၊ ေလထီးခုန္တာေတြ ၊ ေဆာ့ကစားရမယ့္ေနရာ တျဖည္းျဖည္းက်ံဳ႕သြားတာနဲ႔ အႏုိင္ရရွိသူေတြကို ဂုဏ္ျပဳတဲ့စာသားေတြအထိ တူညီေနေတြ ပါဝင္ပါတယ္။

PUBG Vs ROS

ဒါ့အျပင္ NetEase Games က Rules of Survival ဂိမ္းကို ေၾကာ္ျငာတဲ့အခ်ိန္မွာလည္း “PUBG on Mobile – Rules of Survival” လုိ႔ ေၾကာ္ျငာခဲ့ဖူးတဲ့အတြက္ PUBG ဂိမ္းက Mobile အတြက္ မထြက္ရွိခင္မွာ Rules of Survival က ေနရာလုသြားသလုိ ျဖစ္သြားတာပါ။

ဒါေပမယ့္လည္း PUBG ဂိမ္းက အခုအခ်ိန္မွာ ထြက္ရွိတာ တစ္လပဲရွိေသးေပမယ့္ အခုအခ်ိန္မွာ Google Play Store မွာ Download ျပဳလုပ္သူ ၁၀ သန္းေက်ာ္ရွိသြားျပီပဲျဖစ္ပါတယ္။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

PUBG လို့ လူသိများတဲ့ PlayerUnknown’s Battlegrounds ဂိမ်းဟာ ကွန်ပျူတာဂိမ်းတွေထဲမှာ လူကြိုက်များတဲ့ ဂိမ်းတစ်ခုဖြစ်ခဲ့ပြီးတော့ လက်ရှိအချိန်မှာ Android နဲ့ iOS Devices တွေမှာပါ ဆော့ကစားလို့ရနေပြီပဲဖြစ်ပါတယ်။

PUBG

အခုလိုမျိုး Mobile Devices တွေမှာပါ PUBG ဂိမ်းကို ဆော့ကစားနိုင်ပြီဖြစ်တဲ့အတွက် PUBG Corp Studio ကနေ ယခင်တုန်းက PUBG ပုံစံမျိုး ထုတ်လုပ်ထားတဲ့ Rules of Survival နဲ့ Knives Out ဂိမ်းတွေကို ထုတ်လုပ်ခဲ့တဲ့ NetEase Games ကို တရားစွဲလိုက်ပြီပဲဖြစ်ပါတယ်။

အခုလိုမျိုး PUBG က တရားစွဲလိုက်တဲ့ထဲမှာ မဆော့ခင် Pre-play Area ၊ Game Locations တွေ ၊ လေထီးခုန်တာတွေ ၊ ဆော့ကစားရမယ့်နေရာ တဖြည်းဖြည်းကျုံ့သွားတာနဲ့ အနိုင်ရရှိသူတွေကို ဂုဏ်ပြုတဲ့စာသားတွေအထိ တူညီနေတွေ ပါဝင်ပါတယ်။

PUBG Vs ROS

ဒါ့အပြင် NetEase Games က Rules of Survival ဂိမ်းကို ကြော်ငြာတဲ့အချိန်မှာလည်း “PUBG on Mobile – Rules of Survival” လို့ ကြော်ငြာခဲ့ဖူးတဲ့အတွက် PUBG ဂိမ်းက Mobile အတွက် မထွက်ရှိခင်မှာ Rules of Survival က နေရာလုသွားသလို ဖြစ်သွားတာပါ။

ဒါပေမယ့်လည်း PUBG ဂိမ်းက အခုအချိန်မှာ ထွက်ရှိတာ တစ်လပဲရှိသေးပေမယ့် အခုအချိန်မှာ Google Play Store မှာ Download ပြုလုပ်သူ ၁၀ သန်းကျော်ရှိသွားပြီပဲဖြစ်ပါတယ်။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com