[Zawgyi]
PUBG
Ref;PhoneArena
Phone Hay Ko (Akhayar)
www.akhayar.com
[Unicode]
မြေပုံအသစ် နဲ့အတူ အပြောင်းအလဲတွေများစွာပါဝင်လာတဲ့ PUBG Update
PUBG Mobile Player တွေအနေနဲ့ လက်ရှိ Map မှာဆော့ရတာပျင်းနေပြီလား၊ အခုလာမယ့် Update v0.5.0 မှာတော့ Miramar Map ကိုအသစ်ပြောင်းလဲထည့်သွင်းပေးလိုက်ပြီဖြစ်သလို အခြားသော စိတ်ဝင်စားဖို့ကောင်းတဲ့ Feature သစ်တွေလည်းပါဝင်လာပါတယ်။ ပိုပြီးကျေနပ်စရာကောင်းတာကတော့ Miramar Map ဟာ Mobile Version မှာသာအရင်ဆုံးရရှိတာဖြစ်ပြီး အခကြေးငွေပေးပြီးဝယ်ထားရတဲ့ XBox Platform ထက်စောနေတာပါပဲ။ ၎င်း Update ကို Android ရော iOS မှာပါရရှိမှာဖြစ်ပါတယ်။
အခု Update ပါဝင်လာမယ့် Feature သစ်တွေကို PUBG အနေနဲ့ တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ ဒါပေမယ့် Player တွေအနေနဲ့ ဘာတွေပါဝင်လာမယ်ဆိုတာကိုတော့ ကြိုတင်ခန့်မှန်းနိုင်ကြပါတယ်။ Progress missions၊ Secret Stash၊ Local Quick teams နဲ့ Region System.အစရှိတဲ့ Feature သစ်တွေပါဝင်လာမယ်လို့ခန့်မှန်းထားကြပါတယ်။
PUBG
Version Update ထွက်ပြီလို့ Twitter မှာကြေညာခဲ့ပေမယ့် အားလုံးတစ်ချိန်တည်းမှာ Update ပြုလုပ်နိုင်ဦးမှာမဟုတ်ပဲ နိုင်ငံ Region တွေအလိုက် Update ရရှိချိန် အနည်းငယ်ကွာဟနိုင်ပါတယ်။ ဒါပေမယ့် Xbox One Gamer တွေထက်စာရင်တော့ ပိုပြီးစောစောရမှာလုံးဝသေချာပါတယ်။
Ref;PhoneArena
Phone Hay Ko (Akhayar)
www.akhayar.com