[Zawgyi]

PUBG Mobile Version က သင္ထင္ထားတာထက္ လြယ္ေနသလား ?

PUBG (Player Unknow Battlegrounds) ကို PC Version မွာ Paid Version အျဖစ္ဝယ္ယူကစားရေပမယ့္ Mobile Version မွာေတာ့ Android ေရာ iOS မွာပါ အခမဲ့ Download ရယူေဆာ့ကစားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ PUBG ကို PC Version မွာကတည္းက ေဆာ့ကစားခဲ့သူေတြရွိသလို Mobile Version ထြက္မွ ေဆာ့ကစားလာသူေတြလည္းရွိေနပါတယ္။

ထူးျခားခ်က္တစ္ခုအေနနဲ႔ Mobile Version မွာေဆာ့ကစားသူေတြဟာ Winner ဒါမွမဟုတ္ Top 10 စာရင္းထဲမွာ အျမဲတမ္းနီးပါး ပါေနတာပါ။ အမွန္ေတာ့ PUBG ဟာထင္သေလာက္ မလြယ္ကူပါဘူး။ ဒါေပမယ့္ Mobile Version မွာေတာ့ အေတာ္ေလးကိုလြယ္ကူေနတာဟာ နည္းနည္းေတာ့ ထူးဆန္းေနပါတယ္။

ဟုတ္ပါတယ္။ PUBG Mobile Version ဟာ PvP (Player Vs Player) ဆိုတာထက္ PvB (Player Vs Bot) လို႔ေျပာရမယ့္အဆင့္ကိုေရာက္ေနပါတယ္။ Player ေတြနည္းေနေသးတဲ့အတြက္ ပြဲေတြမွာ Match ျဖစ္ေအာင္ Bot ေတြကို ထည့္သြင္းေပးထားရပါတယ္။ ဒါဟာ PUGB ကိုပထမဦးဆံုးေဆာ့ကစားတဲ့သူေတြအတြက္ ပြဲစၿပီးခဏေလးနဲ႔ေသသြားရင္ စိတ္ဓာတ္က်ၿပီးဆက္မေဆာ့ေတာ့မွာဆိုးလို႔ လုပ္ေပးထားတာလည္းျဖစ္ႏိုင္ပါတယ္တဲ့။ အဆိုပါ Bot ေတြဟာ သင့္ကို ခုခံတိုက္ခိုက္မွာေတာင္မဟုတ္ဘူးလို႔ဆိုပါတယ္။ ေနာက္ပိုင္း Player ရဲ႕ Level ျမင့္လာတဲ့အခါမွာေတာ့ တကယ့္ Real Player ေတြပါဝင္ႏႈန္းပိုမ်ားလာမွာျဖစ္ပါတယ္။ ဒါေၾကာင့္ PUGB မွာေဆာ့တဲ့အစပိုင္းပြဲေတြမွာႏိုင္ေနရင္ သိပ္မေပ်ာ္ေနပါနဲ႔ ေနာက္ပိုင္းပြဲဆက္ေတြမွာ ၃ မိနစ္တစ္ပြဲမျဖစ္ေအာင္လည္း ႀကိဳတင္ျပင္ဆင္ထားဖို႔လိုပါလိမ့္မယ္။

Ref;reddit

Phone Hay Ko (Akhayar)

www.akhayar.com

[Unicode]

PUBG Mobile Version က သင်ထင်ထားတာထက် လွယ်နေသလား ?

PUBG (Player Unknow Battlegrounds) ကို PC Version မှာ Paid Version အဖြစ်ဝယ်ယူကစားရပေမယ့် Mobile Version မှာတော့ Android ရော iOS မှာပါ အခမဲ့ Download ရယူဆော့ကစားနိုင်ခဲ့ပြီဖြစ်ပါတယ်။ PUBG ကို PC Version မှာကတည်းက ဆော့ကစားခဲ့သူတွေရှိသလို Mobile Version ထွက်မှ ဆော့ကစားလာသူတွေလည်းရှိနေပါတယ်။

ထူးခြားချက်တစ်ခုအနေနဲ့ Mobile Version မှာဆော့ကစားသူတွေဟာ Winner ဒါမှမဟုတ် Top 10 စာရင်းထဲမှာ အမြဲတမ်းနီးပါး ပါနေတာပါ။ အမှန်တော့ PUBG ဟာထင်သလောက် မလွယ်ကူပါဘူး။ ဒါပေမယ့် Mobile Version မှာတော့ အတော်လေးကိုလွယ်ကူနေတာဟာ နည်းနည်းတော့ ထူးဆန်းနေပါတယ်။

ဟုတ်ပါတယ်။ PUBG Mobile Version ဟာ PvP (Player Vs Player) ဆိုတာထက် PvB (Player Vs Bot) လို့ပြောရမယ့်အဆင့်ကိုရောက်နေပါတယ်။ Player တွေနည်းနေသေးတဲ့အတွက် ပွဲတွေမှာ Match ဖြစ်အောင် Bot တွေကို ထည့်သွင်းပေးထားရပါတယ်။ ဒါဟာ PUGB ကိုပထမဦးဆုံးဆော့ကစားတဲ့သူတွေအတွက် ပွဲစပြီးခဏလေးနဲ့သေသွားရင် စိတ်ဓာတ်ကျပြီးဆက်မဆော့တော့မှာဆိုးလို့ လုပ်ပေးထားတာလည်းဖြစ်နိုင်ပါတယ်တဲ့။ အဆိုပါ Bot တွေဟာ သင့်ကို ခုခံတိုက်ခိုက်မှာတောင်မဟုတ်ဘူးလို့ဆိုပါတယ်။ နောက်ပိုင်း Player ရဲ့ Level မြင့်လာတဲ့အခါမှာတော့ တကယ့် Real Player တွေပါဝင်နှုန်းပိုများလာမှာဖြစ်ပါတယ်။ ဒါကြောင့် PUGB မှာဆော့တဲ့အစပိုင်းပွဲတွေမှာနိုင်နေရင် သိပ်မပျော်နေပါနဲ့ နောက်ပိုင်းပွဲဆက်တွေမှာ ၃ မိနစ်တစ်ပွဲမဖြစ်အောင်လည်း ကြိုတင်ပြင်ဆင်ထားဖို့လိုပါလိမ့်မယ်။

Ref;reddit

Phone Hay Ko (Akhayar)

www.akhayar.com