အခုချိန်မှာ Apex Legends နဲ့ Call of Duty မိုဘိုင်းဂိမ်း လာတော့မယ်လို့ ဘယ်လိုပဲ သတင်းထွက်နေထွက်နေ ၊ Fortnite မှာ Player တွေ ဘယ်လောက်ပဲ များနေ၊ များနေ ဂုဏ်သတင်းမွှေးပျံ့နေဆဲကတော့ PUBG Mobile ပါပဲ။ ၂၀၁၇ မှာ PC အတွက် ပထမဆုံး ထုတ်ခဲ့တယ်ဆိုမယ့် Tencent Games လက်ထဲရောက်မှာ ပိုအောင်မြင်လာတယ်ဆိုရင် မမှားပါဘူး။

ဒါတောင် Cross-platform မရသလို Version အမျိုးမျိုလျှောက်ထုတ်နေတာ မပါသေးပါဘူး။ The Financial Times အဆိုရ တစ်လ၊ တစ်လကို သန်း ၁၀၀ အထက်ရှိနေတဲ့ ကစားသမားတွေကြောင့် အများကြီးငွေမဝင်ဘူးဆိုရင်တောင် တစ်လကို ဒေါ်လာ သန်း ၁၅၀ ကြားပြေးနေမယ်လို့ သုံးသပ်ရပါတယ်။

Financial Times မှာတော့ အရင်တလတုန်းက ဒေါ်လာ ၁၄၆ သန်း ဝင်ငွေရခဲ့တယ်လို့ ဖော်ပြထားလို့ PUBG Player တွေ ဘယ်လောက် တခနဲအားပေးလဲဆိုတာ မြင်သာပါတယ်။ ဒီဝင်ငွေတွေဟာ Skin နဲ့ Item ဝယိတာတမျိုးထဲကနေ ရလာတာမဟုတ်ဘဲ ဟိုတခါ တရုတ်အစိုးရနဲ့ ငြိနေခဲ့တဲ့ Game for Peace ကနေ ဒေါ်လာ သန်း ၇၀ လောက် ပါနေပါတယ်။

ဒီတော့ Tencent Games ဘယ်လိုပဲ တဦးထဲ မူပိုင်ခွင့်လုပ်မရသလို PUBG ဂိမ်းတွေရဲ့ Parent Company “Blue Hole” ကနေပဲ သိမ်းကြုံးယူနေတာဆိုတော့ စိတ်မကောင်းစရာလို့ပဲ ပြောရမှာပါ။ တရုတ်အာဏာပိုင်တွေအနေနဲ့ Violent Gameplay ကို အားမပေးသလို အစကတည်းက Dooming Title ဖြစ်နေတဲ့ တရုတ် Test Version ကို အစတည်းက လက်လွတ်သင့်တယ်လို့လည်း ထင်ပါတယ် (ဆောင်းပါးအပြည့်စုံကို ဒီ Link မှာ လေ့လာနိုင်ပါတယ်)

နောက်ဆုံး တရုတ်အစိုးရနဲ့ လုံးဝငြိမရတဲ့အဆုံး လက်တွဲဖြုတ်လိုက်ပြီး MOBA ဂိမ်းတမျိုးဖြစ်တဲ့ Honor of Kings ဂိမ်းကို တရုတ် Rules တွေအတိုင်း အသက် ၁၂ အောက် ကလေးငယ်တွေကို တနေ့ ၁ နာရီ ၊ ၁၈ နှစ်နဲ့ ၁၂ နှစ် ကြား ချာတိတ်တွေကို ၂ နာရီ အကန့်သတ်နဲ့ ကြေညာခဲ့ပါတယ်။

ဒီအခြေနေကို ထောက်ကြည့်ရင် Tencent Games ကပဲ ကိုင်တွယ်သွားမယ့် Apex Legends နဲ့ Call of Duty မိုဘိုင်းဂိမ်းတွေလည်း Popular ဖြစ်ဦးမယ်လို့ ခန့်မှန်းရပါတယ်။ တကယ်တမ်း PC Version လောက်ပစ်ရတာ Feel မရှိပေမယ့် ဖုန်းပေါ်မှာ ချက်ချင်း လက်တန်းဆော့နိုင်တဲ့ အားသာချက်၊ Free-to-play ဖြစ်နေတာနဲ့ ဘယ်ဖုန်းမဆို ကစားလို့ရနေတာက PUBG ရဲ့ အကောင်းဆုံးအချက် ဖြစ်နေတာဆိုတော့ အခုလို လွယ်လွယ်ဝင်ငွေ ရနေတာလည်း ဖြစ်ပါတယ်။

Cross-play ရတဲ့ Fortnite ကျပြန်တော့ Graphics Limitation ရှိတဲ့အတွက် ဖုန်းတိုင်း မဆော့နိုင်ပါဘူး။ အသစ်ထွက်မယ့် Title တွေကလည်း Multi-platform ထောက်ပံ့သွားမယ်ဆိုတော့ PUBG စံချိန် ကျော်ဖြတ်ဖို့ မလွယ်လောက်ဘူးလို့ သုံးသပ်မိပါတယ်။

Source: The Verge
2B (Akhayar)
www.akhayar.com