
PUBG



PUBG




Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

လက်ရှိအချိန်မှာ Battle Royale Style Multiplayer ဂိမ်းတွေကို ဆော့ကစားတာတဖြည်းဖြည်းများပြားလာပြီဖြစ်ပါတယ်။ ဒါကလည်း PC နဲ့ Console တွေအပြင် Mobile Device တွေမှာပါ ဆော့ကစားနိုင်လာလို့ဖြစ်ပါတယ်။

PUBG

လက်ရှိအချိန်မှာ Mobile Device တွေမှာ ဆော့ကစားမှုအများဆုံး Battle Royale ဂိမ်းကိုပြောပါဆိုရင်တော့ Player Unknown’s Battle Ground ဒါမှမဟုတ် PUBG ကိုပဲ ပြောရမှာပါ။ ဒါကလည်း လက်ရှိအချိန်မှာ Free ဆော့ကစားလို့ရတာဖြစ်တဲ့အပြင် Android Device တိုင်းမှာ Fortnite လိုဂိမ်းတွေဆော့ကစားလို့မရသေးတာကြောင့်ဖြစ်ပါတယ်။

ဒါပေမယ့် PUBG ဟာ လက်ရှိအချိန်မှာ Graphic မြင့်မားတဲ့ဖုန်းတစ်ခုဖြစ်တဲ့အတွက် စွမ်းဆောင်ရည်ကောင်းမွန်တဲ့ စမတ်ဖုန်းတွေမှာပဲ Graphic Setting အမြင့်နဲ့ ဆော့ကစားနိုင်နေတာဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်ဖုန်းက သာမန် Mid Range ဖုန်းပဲဆိုရင်တော့ Graphic Setting က Medium ဒါမှမဟုတ် Low အထိကို ဆင်းပြီးဆော့ကစားဖို့ လိုအပ်မှာဖြစ်ပါတယ်။

PUBG

အခုအချိန်မှာတော့ PUBG ကို ကောင်းကောင်းဆော့လို့မရတဲ့ Mid Range နဲ့ Budget ဖုန်းတွေအတွက် PUBG Lite Application ထပ်မံထွက်ရှိလာပြီဖြစ်ပါတယ်။ အခု PUBG Lite ဟာဆိုရင် Android Version 4.3 အထက်နဲ့ Storage Space 36MB ပဲ လိုအပ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

အခု PUBG Lite ဟာ Gameplay ၊ Looks နဲ့ အသံထွက်ပိုင်းမှာ ပုံမှန် PUBG Mobile နဲ့ တူညီတယ်ဆိုပေမယ့် ဆော့ကစားတဲ့နေရာမှာ Player အယောက် ၁၀၀ အစား အယောက် ၄၀ ပဲဖြစ်သွားမှာဖြစ်သလို Map ကလည်း ပိုပြီးသေးငယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် တကယ်လို့ PUBG ဂိမ်းကို ကိုယ့်ဖုန်းမှာ ဆော့လို့မနိုင်ဘူးဆိုရင် အခု PUBG Mobile Lite က အဆင်ပြေမှာပါ။ လက်ရှိအချိန်မှာတော့ Philippines မှာ အခု PUBG Mobile Lite ကို စတင်စမ်းသပ်နေတယ်လို့ သိရပါတယ်။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com